New Artical

ဆုတောင်းအလွန်ပြည့်တဲ့ ဘုရားနှင့်ရဟန္တာ ဆွမ်းကပ်နည်း


 ဇန်နဝါရီလတလတည်းသာပြုလုပ်လိုရတဲ့ ဆုတောင်းအလွန်ပြည့်တဲ့ဘုရားနှင့် ရဟန္တာဆွမ်းကပ်နည်း


ဆုတောင်းအလွန်ပြည့်တဲ့ ဘုရားနှင့်ရဟန္တာ ဆွမ်းကပ်နည်း


လွန်ခဲ့သော ၁၃ နှစ်.လသာ တရုတ်တန်းမှာစာသင်စဉ်ကပေါ့တပည့်တစ်ယောက်ရဲ့အမေ ဆီက ဆွမ်းကပ်နည်းရခဲ့တာပါ.

မနက် ၆ နာရီ စာသင်ဖို့ ခလေးအိမ်ကိုရောက်တော့ အမေလုပ်သူက ပြုံးပျော်ရွှင်လန်းနေလို့။ဘာဖြစ်လို့လဲ

အစ်မရေ.ဆိုတော့ကျမအိမ်ကို ရဟန္တာကြွလို့ပါ.ခြေရာချထားခဲ့တယ်ဘယ်မှာလဲ ခြေရာကျမကိုလည်း ဖူးခွင့်ပေးပါဆိုတော့အခုမရှိတော့ဘူး

ဆရာမ ထိုင်မယ့်နေရာမှဆွမ်းကပ်တာအနေကထိုင် မှာခြေရာချခဲ့တာဆရာမ စာသင်ရမယ်ဆိုတော့ အနေကထိုင်ဖယ်လိုက်ရပြီလေ အဲ့ဆွမ်း ကပ်နည်းကို ကျမကိုလည်းပေးပါနော်

အစ်မရော ဘယ်ကရတာလဲဟင်လို့ ကိုယ်ကမေးတော့အထက် အညာမှာနေတဲ့ အမျိုးတစ်ယောက်ဆီကရတာပါအထက်အညာဘက် မှာ ရွာလုံးကျွတ်ကပ်ကြတာတဲ့

ယုံကြည်မှုနဲ့ကပ်ကြပေမယ့် လက်တွေ့ဆန်မှ ယုံချင်သူများလည်းရှိကြလို့ ရဟန်းများထိုင်မယ့် အနေကထိုင်တွေကို ပိတ်ဖြူအခင်းများခင်းကြပါတယ်.ထောင့်လေးထောင့်ကိုလည်း တင်းနေအောင် ဆွဲဆန့်ထားကြပါတယ်

ကင်မရာတွေလည်းချိန်ထားပါတယ်ဆွမ်းကပ်တဲ့အခါမှာ တန်ခိုးပြတာကို မျက်ဝါးထင်ထင် ဖူးတွေ့ရပါတော့တယ်.

တောရဆောက်တည်တဲ့ရဟန်းများဖြစ်ကြတော့အခင်းပိတ်မှာ ရွှံ ခြေရာတွေ အထင်းသားချထားခဲ့ပါတယ်ဆွမ်းပွဲတွေ

တော်တော်များများ လျော့သွားပါတယ်.ဆိုတဲ့အကြောင်းဗီဒီယိုမှတ်တမ်းတွေကြည့်ရတော့မှ မယုံသူများလည်း ယုံသွားကြပါတယ်

ထူးခြားတာက တစ်နှစ်လုံးမှာ ဇန်နဝါရီလ တစ်လ တည်းသာ ဆွမ်းကပ်ရခြင်းပါ.ကိုယ်ဆွမ်းကပ်နည်း သိခဲ့ရတာက ဇန်နဝါရီလ၃ဝရက်နေ့.အဲ့ဒီ့နေ့မှာပဲ စျေးဝယ်ပြီး နောက်တစ်နေ့အရုဏ် ဆွမ်းကပ်ဖို့ ပြင်ဆင်ပါတယ်

ဆွမ်းကပ်ပြီးနောက် ပီတိဖြစ်ခဲ့ရပါတယ် အနေကထိုင်မှာ ခြေရာချထားခဲ့လို့ပါ ဆွမ်းကပ်တုန်းက ကိုယ်လေ တရားနဲ့ယှဉ်သော ဆု တောင်း ၁၀ ခုတောင်းခဲ့ပါတယ်

အဲ့လိုဆွမ်းကပ်ပြီးနောက် လူမှုကိစ္စတွေရှုပ်နေတာနဲ့နောက်နှစ်ဆွမ်းကပ်ဖို့ သတိပြန်မရလိုက်တာ ၁ဝနှစ်ကြာသွားပါတယ်

၁၀ နှစ်ကြာပြီးမှ ဆွမ်းကပ်ခဲ့တဲ့ မှတ်တမ်းဒိုင်ယာရီပြန်တွေ့လိုက်ရတော့ ကိုယ့်မျက်စိ ကိုယ်မယုံနိုင်အောင်ဖြစ်သွားပါတယ်

ဆုတောင်း ၁ဝခုမှာ ၉ခုပြည့်ခဲ့ပြီး ဗုဒ္ဓဂါယာ သွားဖို့ ဆုတစ်ခုပဲပြည့်ဖို့ကျန်ပါတော့တယ် ဒါကလည်း မကြာခင်ပြည့်မှာပါ

Single mother ဘဝ အစ ကိုယ့်အသက် ၃၁နှစ်အထိ မြန်မာပြည်အနှံ့ဘုရားဖူးဆိုလို့ ပဲခူးဘုရား မော်လမြိုင်ဘုရားလောက်သာဖူးခဲ့ရပါ

တယ်.အစ်မမိသားစုနဲ့အတူနေရတော့ သူတို့မိသားစုတွေ ဘုရားဖူးထွက်ရင် ကိုယ်က နို့စို့သားလေးနဲ့အိမ်စောင့်ကျန်ခဲ့ရပါတယ် အိမ်မှာက ကြောင် ၁၅ကောင်အစာကျွေးဖို့ရှိတော့ ကိုယ်တို့သားအမိက မလိုက်ရပါဘူး.

ဒါကြောင့်ဆွမ်းကပ်တော့ မြန်မာပြည်အနှံ့ဘုရားဖူးခရီးကို စိတ်ကူးရတိုင်းထွက်ရပါလို၏ နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုဆရာကောင်း၏လမ်း ညွှန်မှုဖြင့် မဂ်ဆိုက်ဖိုလ်ဆိုက်ရောက်အောင်ကျင့်နိုင်ရပါလို၏

အရှင်ဘုရားတို့ရရှိထားသော တရားထူးတရားမြတ်ကို တပည့်တော်လည်း ဤရုပ်ဤခန္ဓါဖြင့် ကျင့်ကြံကြိုးစားအားထုတ်နိုင်ရပါလို၏

ဗုဒ္ဓဂါယာ ဘုရားဖူးသှားရပါလို၏လို့အထူး ဆုတောင်းခဲ့ပါတယ်သည့်နောက်ပိုင်း ဆုတောင်းပြည့်လိုက်တာများက

မင်္ဂလာဒါနပရဟိတအဖွဲ့ရဲ့ အကျိုးတော်ဆောင်လုပ်ခဲ့ပြီးနောက် ၂လတစ်ခါ ၃လတစ်ခါ မြန်မာပြည်အနှံ့ ဘုရားဖူး

ဝါဆိုသင်္ကန်းကပ် ကထိန်သင်္ကန်းကပ် ခရီးများကို ကားရှေ့ခန်းကနေ စ ရိတ်ငြိမ်းလိုက်ပါခွင့်ရခဲ့သည်မှာ တရုတ်ပြည်

အထိပင်ရောက်ခဲ့ပါတယ်ထို့နောက်တပည့် တွေနဲ့ဆက်စပ်မိပြီး အောင်သုခရိပ်သာကို ရက်ရှည်တရားစခန်းဝင် တရားအားထုတ်ခွင့်ရခဲ့ပါတယ်.

သည်လို ဆုတောင်းပြည့်တဲ့ဆွမ်းကပ်နည်းကို တပည့်မိသားစုတွေကို ဆက်လက်ဖြန့်ဝေတာ သူတို့လည်းဆုတောင်းတွေပြည့်ကြောင်းပြန်ကြားခဲ့ရပါတယ် ထင်မှတ်တဲ့နေရာတွေက

ငွေတွေဝင်လာကြောင်းတပည့်တစ်ယောက်ရဲ့မိဘက ကမ်းရိုးသွားကုန်တင် င်္သဘောတစ်စီးဝယ်ဖို့ လုပ်တာ သိန်း၅၀၀၀ ဆိုတော့ မဝယ်နိုင်ဖြစ်နေတယ်ဆွမ်းကပ်

ပြီးဆုတောင်းတော့. လူတစ်ယောက်က င်္သဘောဟောင်းတစ်စီးကို သံအရည်ကြိုစျေးသိန်း ၁၅ဝဝလောက်နဲ့လာရောင်းလို့ရလိုက်တယ် အဲ့ဒါကို ပြန်ပြင်ရင်သိန်း၂၅ဝဝနဲ့ င်္သဘောအသစ်တစ်စီးရလိုက်သလိုဖြစ်သွားပါတယ်

ကိုယ်လည်းဆုတောင်းတွေပြည့်လွန်းတဲ့ ဆွမ်းကပ်နည်းကို ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ နှစ်ဦးဓမ္မသဘင် တရားပွဲမှာ မိတ္တူကူးပြီးလိုက်ဝေပါတယ် တရားပွဲ ၃ ညမှာ အရွက်ရေ ၁၀၀၀ လှူဖြစ်ပါတယ်

မကြာခင်မှာပဲ ဆွမ်းကပ်သူများက ဆုတောင်းပြည့်ကြောင်း ဖုန်းဆက်ပြောကြားလာတော့ ပီတိအလွန်ဖြစ်ခဲ့ရပါတယ်.အဲ့ဆွမ်းကပ်နည်းပြောခဲ့တဲ့ တပည့်မိသားစုတွေ

ဟာ ဆုတောင်းတွေပြည့်ခဲ့ပြီး အခုဆိုလျှင် switzerland နိုင်ငံတွင် မိသားစုလိုက်ပြောင်းရွှေ့နေထိုင်နေကြပါပြီ ကဲ ဆုတောင်းပြည့်တဲ့ ဆွမ်းကပ်နည်းကို ပြောပါတော့မယ်နော်

🙏နှစ်တစ်နှစ်၏ ဇန်နဝါရီလ တစ်လလုံး သဒ္ဓါသလိုကပ်နိုင် သည် အရုဏ်ဆွမ်း နေ့ဆွမ်း ကြိုက်သလိုကပ်နိုင်သည်ဆွမ်းကို သက်သတ် လွတ် ဟင်းပွဲပြင်ပြီး ကပ်ရပါမည်မိမိအိမ်မှာ ဘုန်းကြီးဆွမ်းကပ်သလိုကပ်ရပါမည်။

သက်သတ်လွတ်ဟင်းပွဲ ၊လက်ဖက်ပွဲ ၊မုန့်အချိုပွဲ၊ သစ်သီးပွဲ၊လက်ဖက် ရည်အချို ၊ကော်ဖီအဖျော် ၊ရေနွေး၊ သောက်တော်ရေ၊ လက်သုတ်ပဝါ၊ အစုံအလင် ပါဝင်အောင်ကပ်ရမည် လှုဖွယ်ပစ္စည်းအားလုံးသက်သတ် လွတ်ပြင်ဆင်ရပါမည်

မနက်ဖြန် ဆွမ်းကပ်မည်ဆိုပါကယနေ့လိုည ၉ နာရီ မှာမိမိအိမ်၏အရှေ့ဘက်တွင် ဆီမီးတစ်တိုင်ထွန်းပြီးလက်အုပ်ချီကာ ရဟန္တာအရှင်မြတ်များကို ဆွမ်းစားကြွဖို့ပင့်ဖိတ်ရပါမည်.

ပင့်ဖိတ်ရန်မှာ

” ဤအိမ် ဂေဟာ၏ အရပ် ၈ မျက်နှာတွင်သီတင်းသုံး စံမြန်းလျှက်ရှိကုန်သော ဤရုပ်ဤခန္ဓါဖြင့် နိဗ္ဗာန်သို့စံဝင်ကြမည့် ရဟန္တာ အရှင်မြတ်ကြီးတို့ဘုရား…

မနက်ဖြန်(နေ့စွဲအတိအကျဖော်ပြပါ) နံနက် ၅ နာရီတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို အမှူးထားလျှက် ရဟန္တာ ကိုယ်တော်မြတ်ကြီး ၁ပါး.. ၂ ပါး(မိမိနိုင်သလောက်ပင့်နိုင်ပါသည်)ကို

အရုဏ်ဆွမ်း ကပ်လိုပါသည်.(နေ့ဆွမ်းကပ်လိုပါက နေ့လည် ၁၁နာရီ တွင်ကပ်ပါ) သို့ပါ၍ တပည့်တော်( ဆွမ်းကပ်မည့်သူနာမည်အပြည့်အစုံဖော်ပြပါ)နှင့် ကံစပ်မည့် ရဟန္တာ ၁ပါး ၂ပါး စသည်

တို့သည် တပည့်တော်တို့၏ အိမ်ဂေဟာ ဖြစ်သည့် ( အိမ်လိပ်စာ အပြည့်အစုံ ဖော်ပြပါ)သို့ မနက်ဖြန် ၅နာရီတွင် အရုဏ်ဆွမ်း စားကြွရောက်တော်မူပါရန် ရိုသေစွာပင့်ဖိတ်အပ်ပါသည်ဘုရား

ဆက်လက်၍ – 🙏အိမ်ရှေ့တွင်အမွှေးတိုင်တစ်တိုင်ထွန်းညှိပူဇော်ပြီး ဤအိမ်ကိုစောင့်ရှောက်တော်မူကြသည့် အိမ်စောင့်နတ်နှင့်တကွ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်များ

ဆွမ်းကပ်မည့်သူ(ဦး/ဒေါ်)တို့နှင့်ဆက်စပ် ပတ်သက်ကြသော သိုက်ပိုင်းဆိုင်ရာပုဂ္ဂိုလ်များ၊ နတ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်များ၊ဓါတ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်များ၊ဝိဇ္ဇာပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များ နှင့်တကွ

ဤအိမ်တည်ရှိရာနယ်မြေကို အပိုင်စားရတော်မူသော မြို့တော်ရှင် ရွာတော်ရှင် မြို့ပိုင် နယ်ပိုင် ကွင်းပိုင် ရုက္ခစိုး ဘုမ္မာစိုး အာကာသစိုး မြေစောင့်နတ် ရေစောင့်နတ် သာသနာတော်စောင့်နတ် အရပ် ၄ မျက်နှာကို စောင့်ရှောက်တော်မူကုန်သော

စတုလောကပါလနတ်မင်းကြီးများ သမာဒေဝနတ်ကောင်း နတ်မြတ်များ တာဝတိံသာနတ်ပြည်ရှိ အဘ ဘိုးတော်သိကြားမင်းနှင့် ဗြဟ္မာမင်းကြီးများ ပါမကျန် .ဤ(နေ့သား ဦး/ဒေါ်)တို့က ရိုသေစွာ ဖိတ်ကြားအပ်ပါသည်.

မနက်ဖြန်ခါ နံနက် ၅ နာရီတွင် ဤရုပ်ဤခန္ဓါဖြင့် နိဗ္ဗာန်သို့စံဝင်ကြမည့် ရဟန္တာကြီး ( ကိုယ်ကပ်မည့်အပါး အရေအတွက်ဖော်ပြပါ)ကို အရုဏ်ဆွမ်းကပ်ပါမည်

ထို့ကြောင့် ဤအိမ်၏ မိသားစုတို့နှင့်အတူ တကွ ဆွမ်းအတူကပ်လှုရန် သာဓု ခေါ်ဆိုရန် ကြွရောက်ကြဖို့အမွှေးတိုင်ထွန်းကာ ဖိတ်ကြားအပ်ပါသည်

အရုဏ်ဆွမ်းကပ်မည့်နံနက်စောစောတွင် -ဘုရားကျောင်းဆောင်မှာ ဘုရားအတွက် ဆွမ်း အချိုပွဲ ရေတော် ပန်းတော် ဆီမီးအပြည့်အစုံပြင်ရသလို ဘုရားခန်းဆောင်တွင်

စားပွဲခင်းပြီးရဟန်း ဆွမ်းစားဖို့ထပ်ပြီးပြင်ဆင်ရပါမည် အိမ်မှာ ဘုန်းကြီးဆွမ်းကပ်သလို အပြည့်အစုံ ပါဝင်ရပါမည်.ကပ်မည့် လှူဖွယ်ပစ္စည်းအား လုံး သက်သတ်လွတ်ဖြစ်ဖို့အရေးကြီးပါသည်

ဆွမ်းပွဲပြင်ဆင်ခြင်းကို ၄ နာရီ ၄၅ မိနစ်လောက်မှာ အပြီးပြင်ဆင်ထားပါ အားလုံးပြီးစီးသွားပြီဆိုပါကဆွမ်းကပ်ဖို့ စိတ်ရောကိုယ်ပါ

သက်တောင့်သက်သာဖြစ်ဖို့ ၅မိနစ် ၁ဝမိနစ် ကြိုပြီးအမောဖြေထားပါတ ရားမှတ်ပြီးစောင့်နေနိုင်လျှင်အကောင်းဆုံးဖြစ်သည် ကိုယ်ဆိုလျှင်တစ် ယောက်တည်းနံနက် ၃နာရီကတည်းက စပြီး ပြင်ဆင်ချက်ပြုတ်နေလိုက်တာ ၅နာရီအတိမှာ ပြီးပါတယ် အမောဖြေချိန်တောင်မရပါဘူး ဆွမ်းကပ်တော့ ဟောဟဲဆိုက်နေပါတော့တယ် ဒါကြောင့်အမောဖြေချိန်ထားပါ

နံနက် ၅နာရီ အတိတွင် နတ်တွေကို ထပ်ပင့်ပါ နတ်များနှင့်တကွ ၅ ပါးသီလခံယူပါ.ခင်ပွန်းကြီး ၁၀ ပါးကန်တော့ပါ.ဘုရားကို ဆွမ်းကပ်ပါ.ပြီးလျှင် ရဟန္တာကို ဆွမ်းစားပွဲ မ,ပြီးကပ်လှူပါ

ရဟန်းဆွမ်းစားနေစဉ် တရား၁၅မိနစ် မှတ်နေတာမျိုးမေတ္တာသုတ်ရွတ် ပဌာန်းပူဇော်တာမျိုး.ဂုဏ်တော်ပုတီး ၉ပတ်စိပ်တာမျိုးပရိတ်ကြီး ၁၁သုတ်ရွတ်တာမျိုး လုပ်နေလို့ရပါတယ်.

မေတ္တာအထူးပို့ပါ၅မိနစ် ၂၀..နာရီဝက် ကြာပြီးနောက်ပြုသမျှ ကုသိုလ်တွေ သစ္စာဆိုပြီး လေးလေးနက်နက် ဆုတောင်းပါ.အဖြစ်သင့်ဆုံးနှင့်..အဖြစ်နိုင်ဆုံးဆုဆိုပါက အမြန်ပြည့်တတ်ပါသည်.အားလုံးပြီးပါက အမျှဝေပါ. နတ်တွေပြန်ပို့ပါ..(တပည့် တစ်ယောက်ရဲ့

မိခင်ပြန်ပြောပြတာလေးတင်ပြချင်လို့ပါ ဆရာမရယ် ဆွမ်းကပ်ချိန်မှာ ဘုရားခန်းအဝင် ဝမှာ ချိတ်ထားတဲ့ ခေါင်းလောင်းဆည်းလည်းလေးဟာ လူတစ်ရပ်အမြင့်လောက်မှာ

ရှိတာ လူဝင်တဲ့အချိန်တိုင်းမှာတိုက်မိပြီး အသံမြည်နေကြတပည့်အိမ်က အဲကွန်းအမြဲဖွင့်ထားလို့တံခါးပိတ်ထားပါတယ်.လေမတိုက်ပါဘူး

သို့သော်.ဆွမ်းကပ်ချိန်မှာ ရဟန္တာကြွ လာလို့ ဆည်းလည်း အသံတစ်ခါမြည်ပါတယ်.အမျှဝေပြီး ရဟန္တာပြန်ကြွတော့တစ်ခါ

ဆည်လည်းမြည်ပါတယ် ဆရာမရယ် ရဟန္တာက ကျမ ကပ်တဲ့ဆွမ်းကို တကယ်ကြွပြီး အလှူခံခဲ့တာပဲ.ရဟန္တာက ကျမတို့အိမ်ကို တကယ်ကြွလာတယ်လို့ တွေးလိုက်တိုင်း ပီတိဖြစ်ရပါတယ်ရှင်..တဲ့)

ကဲ..fri တို့လည်း ကိုယ့်လို ဆုတောင်းပြည့်ချင်ရင်အခု ဇန်နဝါရီ လမှာ ဆွမ်းကပ်နိုင်စေရန် စေတနာ ရှေ့ထား လို့ တင်ပြပေးလိုက်ပါတယ်နော်

🌺ထူးခြားတဲ့ တန်ခိုးပြမှုတွေ ရှိရင်လည်း ဖော်ပြပေးကြပါနော် fri တို့ရေ….

🌺တစ်ယောက်နဲ့တစ်ယောက် တန်ခိုးပြပုံခြင်းမတူတတ်ကြပါဘူး….

🌺တစ်ချို့ဆို ဘုရားခန်းထဲကို စူးရှတဲ့အလင်းတန်းတွေဝင်လာတာမျိုး တွေ့ရတတ်ပါတယ်…

🌺သမာဓိအားကောင်းသူတွေက ဆွမ်းကပ်နေတုန်း တရားထိုင်နေစဉ်မှာ ရဟန္တာသီတင်းသုံးနေတာကို ဖူးမြင်ကြရပါတယ်…

🌺မိတ်ဆွေတစ်ယောက်ကတော့ လှော်ကားဥယျာဉ် လောက်ကျယ်တဲ့ သူ့ခြံထဲမှာ ဆွမ်းကပ်တာ ကြေးစည်တီးသံ သာဓုခေါ်သံတွေ ပဲ့တင်ထပ် နေလို့ ပီတိများစွာ ဖြစ်ခဲ့ရကြောင်း ပြန်ပြောလာပါတယ်

Daw Moet Moet Myint. Crd

No comments