New Artical

ကမ္ဘောဇသာဒီနန်းတော်

 ကမ္ဘောဇသာဒီ နန်းတော်




ဘုရင့်နောင် မင်းတရားကြီး ဇင်းမယ်သို့ချီစဉ် ဟံသာဝတီနေပြည်တော်တွင် ကျန်ရစ်နေခဲ့သည့် ရှမ်းတို့သည် ဇင်းမယ်သားတစ်ဦးကို အကြီးအမှူးတင်ကာ "ဗညားကျန်းထော"ဘွဲ့ပေးပြီး သူပုန်ထကြသည်။အင်အား ၃၀ဝဝဝ ကျော်သည်ဟုဆိုသည်။သို့သော် အင်းဝမှ ဖမ်းဆီးခေါ်ဆောင်လာသည့် နန်းကျဘုရင် နရပတိစည်သူက သစ္စာခံသည့်အနေဖြင့် လက်ကျန်အမှူးအမတ်များတို့ကို ဦးဆောင်ပြီးတိုက်သည့်အတွက် ရှမ်းတို့ပျက်လေသည်။ ဘုရင့်နောင်မင်းတရားကြီး ထိုကိစ္စကိုသိလျှင်သိချင်း ဟံသာဝတီသို့ပြန်လာပြီးလျှင် ပုန္ကန္သူတို့ကို အလျှင်အမြန်နှိမ်နှင်းသည်။ရှိရှိသမျှသော ပုန္ကန္သူတို့ကို မီးတိုက်သတ်ရန်မိန့်သော်လည်း ဆရာတော်၊သံဃာတော်များ အသနားခံသည့်အတွက် အကြီးအမှူးဖြစ်သူ ၇၀ ကျော်ကိုသာသတ်စေသည်။ထိုအရေးအခင်းပြီးလျှင် မင်းတရားကြီးသည် လက်ရှိစိုးစံနေသည့် မွန်မင်းများအစဉ်အဆက်စိုးစံလာသည့် ဟံသာဝတီနန်းထက် ဧကရာဇ်တစ်ပါးနှင့် အညီ ကြီးကျယ်ခြင်း၊ခမ်းနားခြင်း၊လုံခြုံခြင်း ဂုဏ်တို့နှင့် ပြည့်စုံစေရန်အတွက် နန်းသစ်တည်ရန် အစီအစဉ်ချလေသည်။

မာတိကာ


၁ နန်းသစ်တည်အစီအစဉ်များ

၁.၁ မြို့တံခါး ၂၀

၂ နန်းသစ်တက်ခြင်း

၃ နန်းတော်ပျက်စီးခြင်း

၄ ယနေ့ ကမေ်ဘာဇသာဒီ


နန်းသစ်တည်အစီအစဉ်များ


သက္ကရာဇ် ၉၂၈၊တန်ဆောင်မုန်း လဆန်း ၁၀ ရက်နေ့တွင် နန်းသစ်တည်ရန် စတင်မြေတူးစေသည်။တပေါင်းလဆန်း ၅ ရက်တွင် ကျုံးကိုစတင်တူးဖော်သည်။ နန်းသစ်၏ ဧရိယာမွာ စတုရန်းအတာ ၃၄၀ဝ ရှိသည်။ သက္ကရာဇ် ၉၂၉၊တပေါင်းလပြည့်ကျော် ၃ ရက်၊သောကြာနေ့ တွင် ရွှေနန်းတော် ၆ ဆောင်အပါအဝင် ကျန်အဆောင်အခန်းတို့ကို တည်စေသည်။ထိုသို့ဆောက်လုပ်ရာတွင် မြန်မာ၊မွန်၊ရှမ်း၊ယိုးဒယား အစရှိသည်တို့မှ ဗိသုကာ၊လက်သမား၊ပန်းရံ အတတ္တတ္သူမ်ားကို ခေါ်ဆောင်ကာ ဆောက်လုပ်စေသည်။

မြို့တံခါး ၂၀


မြို့တံခါးများကို အနောက်မြောက်ဖက်မှ စတင်ရေတွက်သည်။မြို့တံခါးတစ်ခုအတွက် လက်အောက်ခံ ပဒေသရာဇ်တစ်ဦးကျစီ တာဝန်ပေးပြီး တည်သူတို့၏ ပြည်ရွာအမည်အတိုင်း ခေါ်တွင်စေသည်။ထို တံခါးနှစ်ဆယ်မှာ


ယိုးဒယားတံခါး

တနင်္သာရီတံခါး

မုတ္တမတံခါး

ပုခန်းတံခါး

ပုသိမ္တံခါး

ပြည်တံခါး

အင်းဝတံခါး

တောင်ငူတံခါး

ဒလတံခါး

လင်းဇင်းတံခါး (လာအိုတံခါး)

ဇင်းမယ်တံခါး (ချင်းမိုင်တံခါး)

မိုးမိတ္တံခါး

မိုးညှင်းတံခါး

မိုးကောင်းတံခါး

ထားဝယ္တံခါး

ကေလးတံခါး

မိုးနဲတံခါး

ညောင်ရွှေတံခါး

သာယာဝတီတံခါး

သိန္နီတံခါး - တို့ဖြစ်ကြသည်။


နန်းသစ်တက်ခြင်း


သို့ဖြင့် ၉၂၉ ခု၊တန်ခူးလပြည့်ကျော် ၄ ရက်၊တနင်္လာနေ့တွင် ရထားပြသာဒ်ကိုစီးကာ ထွက်တော်မူပြီးတောင်တံခါးမှဝင်ကာ နန်းသိမ်းလေသည်။အမည်ကိုလည်း ကမေ်ဘာဇသာဒီ ဟုသမုတ်သည်။

နန်းတော်ပျက်စီးခြင်း


ဘုရင့်နောင်မင်းတရားကြီး တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံသည် အချိန်တိုတိုအတွင်း ထီးနန်းဆက်ခံသည့် သားတော် နန္ဒဘုရင်လက်ထက်တွင် ပျက်စီးခြင်းသို့ရောက်လေသည်။အုပ်ချုပ်မှုမနိုင်နှင်းပဲ အောင်မြင်မှုမရှိသည့် စစ္မ်ားကို မကြာခဏဆင်နွဲသည့်အတွက် လက်အောက်ခံ များပုန်ကန်ကြသည်။ သည်။ တောင်ငူဘုရင်ခံ မင်းရဲသီဟသူက ရခိုင်ဘုရင်မင်းရာဇာကြီးနှင့်ပူးပေါင်းကာ ပုန်ကန်သည်။တားဆီးနိုင်ခြင်းမရှိတော့ပဲ အိမ်ရှေ့မင်း မင်းရဲကျော်စွာ ပါတောင်ငူ အိမ်ရှေ့မင်းနတ်သျှင်နောင်ထံ လက်နက်ချသဖြင့် နန္ဒဘုရင်မှာ လွယ်လွယ်ဖြင့် အရှုံးပေးပြီး တောင်ငူသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ထိုနောက် တောင်ငူတပ်နှင့် ရခိုင်တပ်တို့ ကမေ်ဘာဇသာဒီနန်းတော်နှင့် တကြ ဟံသာဝတီကို မီးတိုက်ဖျက်ဆီးလေသည်။သို့ဖြင့် အရှေ့တောင်အာရှတခွင်တွင် ကျော်ဇောလှသည့် ကမေ်ဘာဇသာဒီနန်းတော်မှာ ပျက်စီးခြင်းတို့ရောက်ရလေသည်။

ယနေ့ ကမေ်ဘာဇသာဒီ

စစ်အစိုးရလက်ထက်တွင် အတွင်းရေးမှူး(၁)အဖြစ်တာဝန်ယူသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဦးဆောင်မှုဖြင့် သမိုင်းပညာရှင်များ၊ဗိသုကာပညာရှင်များက ယခင်ကျန်ရစ်သည့် မီးသင့်နန်းတော်ရာနေရာမှ အကြွင်းအကျန်များ နှင့် သမိုင်းအထောက်အထား များကိုတိုက်ဆိုင်စစ်ဆေးပြီး အသစ်ပြန်လည်တည်ဆောက်စေခဲ့သည်။ထို့ကြောင့် ယနေ့တွေ့ရှိရသည့် ကမေ်ဘာဇသာဒီနန်းတော်မှာ မူရင်းမဟုတ်ပဲ အတတ်နိုင်ဆုံးတူညီအောင် တည်ဆောက်ထားသည့် နန်းတော်သစ်သာဖြစ်သည်။

Credit to original post

No comments