New Artical

အသဲကင်ဆာအတွက် သဘာဝကုထုံး

 "သဘာဝကုထုံး"....ရှယ်တဲ့သူကတဆင့်အကုန်သိပါစေ



အသဲကင်ဆာပျောက်ဆေး

တလောက အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်က သူငယ်ချင်း စာချဘုန်းကြီးတစ်ပါး အသဲကင်ဆာဖြစ်လို့ ရန်ကုန်ဆေးရုံတက်တဲ့အကြောင်း သူ့တပည့်ရဲ့ 

FB မှာတွေ့ရတယ်။


ဒီဆေးနည်းလေးပြောပြလိုက်ပါလို့တော့ ပြောမိရဲ့ ပြောသလားတော့ မသိ။


ယနေ့တော့ ပဋ္ဌာန်းသင်တန်းသူတစ်ဦးရဲ့ဆွေမျိုးတစ်ဦး အသဲကင်ဆာဖြစ်နေတယ်လို့သိရပြန်တယ်

သူ့ဆွေမျိုးက မြန်မာပြည်မှာပါ။


အသဲကင်ဆာဆိုရင်-ဆေးနည်းရှိတယ်လို့

ပြောလိုက်မိတယ်-သူက အပူတပြင်း

တောင်းတယ်လေ ခုလာယူရမလားတဲ့


ဆေးမရှိပါ - ဆေးနည်းသာ သိထားတာပါ - ဆေးကုတတ်တဲ့ဘုန်းကြီးလည်း မဟုတ်ပါ -

ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကူညီချင်တယ်ပေါ့


ဒါကြောင့် ဒီဆေးနည်းကို မရေးမဖြစ်တော့ အမြန်ရေးလိုက်ရတယ် -  ရေးဖြစ်အောင် တိုက်တွန်းပေးလို့လဲ ကျေးဇူးတင်ရပါတယ်။


ဆေးနည်းတို(ဆေးမြီးတို)ဆိုတော့ လူတွေက သိပ်လည်းတန်ဖိုးမထားတတ်ကြဘူးလေ - ဆေးရဲ့ကုန်ကျစရိတ်တန်ဖိုးက သိပ်မရှိတော့  တန်ဖိုးမရှိသလိုထင်ပြီး တန်ဖိုးမထားတတ်တာ ထင်ပါရဲ့။


ဒါ့ကြောင့် ဒီဆေးရဲ့ သမိုင်းအကျဉ်းလေးပြောပြပါရစေ။


မြစ်ကြီးနားမြို့၊ ၀န်းသိုစာသင်တိုက်က ဆရာတော်ကြီးက သက်တော် ၉၀ ရှိပါပြီ- နိုင်ငံတော် သံဃမဟာနကအဖွဲ့မှ အနားယူနေတဲ့ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးပါ အဘိဓဇမဟာရဋ္ဌဂုရု စတဲ့ ဘွဲ့တံဆိတ်များကိုလည်း ရရှိထားတဲ့ဆရာတော်ကြီးပါ။ ဘွဲ့တော်က ဘဒ္ဒန္တ သီလဝံသ လို့ထင်ပါတယ်။


ဆရာတော်ကြီးမှာ ၂၀၁၃ ခုနှစ်က အသဲကင်ဆာဖြစ်ပါတယ် နိုင်ငံတော်ရဲ့ဆရာတော်ကြီးဖြစ်လို့မို့

နိုင်ငံတော် အစိုးရက ရန်ကုန်ပင့်ပြီး ကုသပါတယ် ဆေးရုံက သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။


မြန်မာပြည်မှာ မရရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆေးရုံတွေမှာ ရနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံတော်အစိုးရက ဘန်ကောက်ကို

ပို့ပြီး ကုသပေးခဲ့ပါတယ်- ဘန်ကောက်ဆေးရုံကလည်း ရောဂါလွန်နေပြီးမို့ သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။


အားလုံးက လက်လျှော့ပြီး ဆရာတော်ကြီးကို ပြန်ပင့်လာကြတယ် - ရန်ကုန်ဆေးရုံတောင်မှ မထားတော့ပါဘူး - မြစ်ကြီးနားဝန်းသို

ကျောင်းတိုက်အထိ ပြန်ပို့ပေးကြပါတယ်။


အသက်ရှိနေတုန်းပြန်ပို့တဲ့သဘောပေါ့လေ သယ်ယူတဲ့ဒုက္ခတွေမများပဲ စျာပနကိစ္စတွေ စီစဉ်နိုင်အောင်လို့ မူလကျောင်းအထိပြန်ပို့

လိုက်တယ်လို့ ဆိုရမလိုပါပဲ။


သက်တော်ကလည်း ( ၉၀ )ရောဂါကလည်း ကျွမ်းနေပြန်၊ ဖြစ်တာကလဲ သိပ်နုတဲ့ အသဲ(အသည်း)-

မျှော်လင့်ချက်က သိပ်နည်းလွန်းနေပြီလေ။


တနည်းတော့လည်း သုံလအတွင်းမှာ စီစဉ်သင့်တာတွေစီစဉ်၊တပည့်ဒါယကာ ဒါယိကာမတွေလည်းအားရအောင် ဖူးမျှော်ရအောင်ပေါ့။


ခုလို့ မူလကျောင်းပြန်ပို့လိုက်တာလဲ သိပ်မှန်တယ်လို့ဆိုရမှာပါ-

ဆေးရုံမှာထားရင် ဆေးရုံများကပြောသလို 

သုံးလပြည့်ရင် ပျံလွန်တော်မူမှာ သေခြာသလောက်ပါ။


ကျောင်းပြန်ရောက်တဲ့အခါမှာ သစ်သီး သစ်ရွက် ဆေးနည်းကိုမှီဝဲ သုံးဆောင်တော်မူပါတယ်

တစ်လလောက်သောက်ပြီးတဲ့အခါ အတော်လေးကျန်းမာလာတယ် အစားအသောက်တွေလည်း ပြန်ကောင်းလာတယ် အသားအရေတွေလည်း ပြန်ပြီး စိုပြေလာတယ်။


မြန်မာဆေးလေးကိုသောက်ပြီး သုံးလဆိုတဲ့ 

နေ့လေးကို ရင်တမမနဲ့ စောင့်နေခဲ့ကြတယ်

သုံလပြည့်တော့လည်း လန်လန်းဆန်ဆန်း

ပိုလို့တောင် ကျန်းမာလာပါတယ်။ 


သုံးလကျော် လေးလစွန်းတော့ အခြေအနေသိရအောင်လို့ ရန်ကုန်ဆေးရုံကို ပြန်ပြီး စစ်ဆေးပါတယ်။


အဖြေက- အသဲကင်ဆာ မရှိတော့ပါ တဲ့။


သုံးလဆရာတော်ကြီးဟာ ယခုဆို ၂-နှစ်ကျော်လို့ သုံးနှစ်တောင်ပြည့်ပါတော့မယ်

ကျန်းကျန်းမာမာနဲ့ မြစ်ကြီးနားမြို့-ဝန်းသို

ကျောင်းတိုက်မှာ သီတင်းသုံးတော်မူလျှက်ပါ။


(လွန်ခဲ့တဲ့ ၇-နှစ်လောက်က စာရေးသူ မြတ်ပဋ္ဌာန်း မြစ်ကြီးနားရောက်စဉ်က ဖူးမြှော်ခွင့်ရခဲ့ပါတယ်။ အလွန်ကြည်ညိုစရာကောင်းတဲ့အပြင် ခင်မင်စရာ ချစ်ခင်စရာကောင်းလှပါတယ်။)


ဆရာတော်ကြီးကျန်းမာနေပုံကို ဖူးမြင်ရအောင်လို့ ဒီနှစ် နှစ်ဦးပိုင်းက တိပိဋကဆရာတော် ငါးပါး ဆရာတော်ကြီးကို  ဖူမြှော်နေသည့် ဓါတ်ပုံပါ ပူးတွဲပြလိုက်ပါတယ်။ (မြင်းခြံတိပိဋက ဆရာတော် ဦးဂန္ဓမာလာ၏ FB မှ ကူးယူထားတာပါ။)


ဆရာတော်ကြီး သုံးစွဲတဲ့ ဆေးမှာ -


(၁} နံနက်ပိုင်းမှာ ကညွတ်ပင် သတ္ထုရည် (အပင်ကိုထုထောင်းပြီးအရည်ညှစ်တယ်)

 ၄င်းအရည် မတ်ခွက် တစ်ခွက် တိုက်ပါတယ်။


(၂) နေ့လည်မှာ မြေရှောက်ဆီးဖြူ (တောဆီးဖြူ လို့လည်း

ခေါ်တယ်) ၄င်းအပင် ပဉ္စငါးပါး (တပင်လုံး)ကို သုံးခွက် တစ်ခွက် ကြို ပြီး  မတ်ခွက် တစ်ခွက် တိုက်ပါတယ်။


(၃) ညနေမှာ မင်းကွတ်သီးကို အညှာမှတပါး အားလုံးကို ကြိတ်ခြေပြီး ဟင်းစားဇွန်းကြီး တစ်ဇွန်းတိုက်ပါတယ်။ (မင်းကွတ်သီးကို ကြိတ်ပြီးထန်းလျက်အနည်းငယ်နှင့်ကြို ရေခဲသေတ္တာမှာသိမ်းပါက အဆင်ပြေတယ်- 

မကြိုက မှိုတက်တယ်။)


ဒီ ဆေးသုံးမျိုးကို နေ့စဉ်တိုက်ပါတယ်။


ဆရာတော်ကြီး၏ အနီးနေ တပည့်ကြီး ဦးကေတုမာလာ(မြစ်ကြီးနားဆရာတော်) 

ပြောပြ၍ သိရခြင်းပါ။


လက်တွေ့ဆေးနည်းပါ။

(ဆေးပစ္စည်း အပင် အသီးများကိုလည်း ပူးတွဲဖေါ်ပြလိုက်ပါတယ်။)


အသဲ ကင်ဆာ ဝေဒနာရှင်များ အတွက် အသုံးဝင်နိုင်ပါစေ

ကုသိုလ်ပြုပြန်လည်မျှဝေလိုက်သည်။

No comments