New Artical

ပန်ဝါမြို့

 #ပန်ဝါမြို့



ပန်ဝါမြို့သည် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ပါဝင်သော တရုတ်မြန်မာနယ်စပ်မြို့ ဖြစ်သည်။ မေခမြစ်ကမ်းပေါ်ရှိ ချီဖွေမြို့မှ ၄၀ မိုင်ခန့်ကွာဝေးသည်။



ပန်ဝါမြို့သည် ဧရိယာစတုရန်းမိုင် ၁၃၅၅ မိုင်ကျယ်ဝန်းပြီး အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် ဝိုင်းမော်မြို့နယ်နှင့် တရုတ်နိုင်ငံ၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် ချီဖွေမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြင့်မားမတ်စောက်သည့် တောင်တန်းနှင့်တောင်စောင်းများ ဝန်းရံထားသောကြောင့် မြေပြန့်လွင်ပြင်နည်းပါးသည့် မြို့လေးဖြစ်သည်။


ဒီမြို့လေးရဲ့တည်နေရာကိုတော့ google map မှာခေါက် ကြည့်ရင်တော့ လတ္တီကျု (၂၅)ဒီဂရီ၊ (၅၉)မိနစ်၊ လောင်ဂျီကျု (၉၈)ဒီဂရီ၊ (၂၀)မိနစ်,မှာတည်ရှိပီး၊မြန်မာနိုင်ငံ မြေပုံအရတော့ ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၊ ပန်ဝါမြို့လေးဘဲ ဖြစ်ပါတယ်နော်။



ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်မှာတည်ရှိတဲ့ ပန်ဝါမြို့လေးက ဒီဇင်ဘာ၊ ဇန်နဝါရီလိုကာလတွေမှာတော့ ဥေရာပ နိုင်ငံတွေလို ဆီးနှင်းတွေဖုံးလွှမ်းလေ့ရှိပါတယ်။ ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ဆီးနှင်းတွေဆော့ကစားရင်း ဓာတ်ပုံရိုက်လို့ရတဲ့အတွက် အခုနောက်ပိုင်းနှစ်တွေမှာ သွားရောက်လည်ပတ်သူတွေက အွန်လိုင်းမှာတင်ရာကနေ လူသိ ထင်ရှားလာပြီး ခရီးသွားလုပ်ငန်းတွေကလည်း ပန်ဝါမြို့ကိုသွား ရောက်လည်ပတ်တဲ့ခရီးစဉ်တွေစီစဉ်လာကြတဲ့အတွက် အလွယ်တကူသွားရောက်လည်ပတ်လို့ရပါပြီ။



ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ချစ်သူနှစ်ဦး လက်တွဲပြီး နှင်းတောထဲမှာ လမ်းလျှောက်ရင်း ဆီးနှင်းတွေပစ်ပေါက် ဆော့ကစားချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံ မြောက်ပိုင်းက နယ်စပ်မြို့လေးဖြစ်တဲ့ ပန်ဝါမြို့လေးကိုသွားရောက်လည်ပတ် လို့ရပါတယ်။ ပန်ဝါမြို့လေးက မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် အရှေ့မြောက်မှာရှိတဲ့ ချီဖွေချောင်းဖျားနဲ့တရုတ်နိုင် ငံ ထိန်ချုံးခရိုင် တိန့်ထန်းဆိုတဲ့နယ်စပ်မြို့လေးနဲ့ ထိစပ်လျက်ရှိတဲ့ တောင်ကြားမြို့လေးဖြစ်ပါတယ်။ ဆောင်းတွင်းကာလ ဖြစ်တဲ့  ဒီဇင်ဘာကနေ ဖေဖော်ဝါရီလ လောက်ထိ ဆီးနှင်းတွေဖုံးလွှမ်းတဲ့မြို့လေးဖြစ်တဲ့အတွက်သွားရောက်လည်ပတ်သင့် တဲ့အချိန်အခါကတော့ ဆောင်းတွင်းကာလဖြစ်ပါတယ်။


ဒီမြို့လေးရဲ့တည်နေရာကိုတော့ google map မှာခေါက် ကြည့်ရင်တော့ လတ္တီကျု (၂၅)ဒီဂရီ၊ (၅၉)မိနစ်၊ လောင်ဂျီကျု (၉၈)ဒီဂရီ၊ (၂၀)မိနစ်,မှာတည်ရှိပီး၊မြန်မာနိုင်ငံ မြေပုံအရတော့ ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၊ ပန်ဝါမြို့လေးဘဲ ဖြစ်ပါတယ်နော်။ဒီပန်ဝါ မြို့လေးဟာ ဧရိယာစတုရန်းမိုင် ၁၃၅၅ လောက် မိုင်ကျယ်ဝန်းပြီး အရှေ့မှာ တရုတ်နိုင်ငံ၊ တောင်ဘက်မှာ ဝိုင်းမော်မြို့နယ် နဲ့တရုတ်နိုင်ငံ၊ အနောက်ဘက် နဲ့ မြောက်ဘက်မှာတော့ ချီဖွေမြို့နယ် နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။မြင့်မားမတ်စောက်တဲ့ တောင်တန်းနှင့်တောင်စောင်းများ ဝန်းရံထားတာမို့ မြေပြန့်လွင်က မရှိသလောက် နည်းပါး လွန်းပါတယ်နော်။



ကချင်ပြည်နယ် မြစ်ကြီးနားမြို့က တစ်ဆင့် ကားနဲ့ သွားလို့ရတဲ့ ပန်ဝါမြို့ပါ ။ပန်ဝါကို သွားတဲ့ လမ်းနစ်လမ်း ရှိပါတယ်နော်။ပထမက အလွယ်ကူဆုံးတစ်လမ်းက မြစ်ကြီးနား ကန်ပိုက်တီ တရုတ်ပြည်လမ်းကနေ မြန်မာပြည် ပြန်ဝင်တဲ့ လမ်းပါ။ပထမ လမ်းအသုံးပြုမယ်ဆိုရင် တရုတ်ပြည် လမ်းက မြန်မာပြည်ပြန်ဝင်ရတဲ့ အတွက် တရုတ်ပတ်စပို့ လိုပါတယ်။ ဒုတိယ- လမ်းက မြန်မာပြည်လမ်းပါ မြစ်ကြီးနား ချီဖွေ လမ်းကို အသုံးပြုမယ်ဆိုရင် လမ်းမှာ တစ်ညအိပ်နစ်ရက်ကြာပါမယ်နော်။လမ်းက မြေနီလမ်းများပါတယ် ။ပတ်စပို့ လုပ်စရာမလိုပါဘူး။ပထမလမ်း ရန်ကုန် မန်းလေးကလာမယ်ဆိုရင် လေယာဉ်နဲ့ မြစ်ကြီးနားကို ဆင်းရပါတယ် ၊ မြစ်ကြီးနားကနေ ကားငှားပြီး ဆက်သွားရပါတယ် ၊ ကန်ပိုက်တီ လမ်းကနေတရုတ်ပြည် လမ်းသွားရင် ကားစီးချိန် ၅ နာရီပဲကြာပါတယ်နော်။ ကိုယ်လမ်းသိစရာမလိုဘူး ။ကားသမားတွေ သိပါတယ်။ ကားစင်းလုံးငှားလို့ရသလို လိုင်းကားတွေလည်းရှိပါတယ်။ကန်ပိုက်တီ ဂိတ်မှာ ပတ်စ်ပို့ ဝင်လုပ်ရပါမယ် ၊ မှတ်ပုံတင် မိတ္တူတစ်ခု လှိင်စင်ပုံ နစ်ပုံ ပေးလိုက်ရင် ပတ်စပို့ လုပ်ပေးပါတယ် ။အများဆုံး ၁၅ မိနစ်ပဲကြာပါတယ်။လူများရင်တော့ တန်းစီစနစ်နဲ့ လုပ်ရပါမယ်နော်။ ပတ်စ်ပို့က တရုတ်ပြည်မှာ ၁၄ ရက် သွားလာခွင့်ရှိပါတယ်။ပန်ဝါ

အဝင်ဂိတ်မှာ မှတ်ပုံတင် ပတ်စပို့ ပြန်ပြ ရပါတယ် ၊ပန်ဝါမှာ တည်းဖို့ဟိုတယ် တွေမသိရင် လဝက ဝန်ထမ်းတွေ ရဲတွေရှိပါတယ် အကူညီတောင်းရင် ကူညီကြပါတယ်နော်။



တည်းခိုခန်း ဟိုတယ်တွေက ၃ သောင်း အထက်တွေရှိပါတယ်။ ပန်ဝါမှာ တရုတ် နဲ့ ကချင်များပါတယ်။ အားလုံးက ရိုးသားကြပါတယ် ။အကူညီတောင်းပြီးမြို့ကို လည်ပတ်လို့ရပါတယ် ဒါက အလွယ်ကူဆုံး လမ်းပါ။ဒုတိယလမ်း မြစ်ကြီးနားကနေ ချီဖွေမြို့လမ်းပါ မြစ်ကြီးနား ချီဖွေ ကားတစ်ရက် စီးရပါတယ်။ ချီဖွေမှာ တစ်ည အိပ်ရပါလိမ့်မယ်နော်။ တည်းခိုခန်းတွေ အများကြီးရှိပါတယ်။ လမ်းခရီး မြေနီလမ်းဖြစ်ပြီးတော့ တောတောင် သဘာဝတွေအများကြီးရှိပါတယ်နော်။ မေခမြစ်အတိုင်း တက်သွားရတာပါ၊နောက်နေ့မနက် ကားနဲ့ ထွက်လာရင် ညနေ ၂ နာရီလောက် ပန်ဝါ ရောက်ပါတယ်။ ပန်ဝါမြို့ ၁ ရက်လောက်လည်ပြီးရင် ကန်ပိုက်တီလမ်းလည်း ပြန်လို့ရပါတယ်နော်။ဆိုင်ကယ်စီးဝါသနာရှင်တွေကတော့ မြစ်ကြီးနား ချီဖွေ ပန်ဝါလမ်း ကို ဆိုင်ကယ် သွားလို့ရပါတယ်။မှတ်ချက်။ မြစ်ကြီးနားမှာ မိုးတွေအုံ့ပြီးမြူတွေ ကျနေရင်တော့ ပန်ဝါမှာ နှင်းကျတတ်ပါတယ်နော်။ မြစ်ကြီးမြို့ရောက်ရင်ခန့်မှန်းနိင်ဖို့ပါ။


#Credit Photo

Source: wikipedia, Letpan,MyanmarLive

No comments