New Artical

နနွင်းအကြောင်းသိကောင်းစရာ(၂)

 နနွင်းအကြောင်းသိကောင်းစရာ(၂)



ချင်းမျိုးနွယ်၀င်ဖြစ်တဲ့ နနွင်းကို အိန္ဒယနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် စတင် သုံးစွဲခဲ့ပါတယ်။ ရွှေရောင်အဆင်းရှိတဲ့ နနွင်းမှုန့်ဟာ သာမန်ဟင်းခတ် အမွှေးအကြိုင် မဟုတ်ပါဘူး။ ယင်းကို ကျန်းမာရေး အတွက်ရော အလှအပ​​ရေးရာ  အတွက်ပါ အကျိုးကျေးဇူးရှိတဲ့ ဟင်းခတ်ပစ္စည်း အဖြစ် တစ်ကမ္ဘာလုံးက လက်ခံ ယုံကြည်ထားကြပါတယ်။


ဟင်းခတ်အရောင်တင်ရုံတင်မကပဲ များစွာသော ဆေးဖက်၀င်အကျိုးကျေးဇူးတွေ အလှပရေးရာအကျိုးကျေးဇူးတွေရှိတယ်ဆိုတာ ကိုသိပြီးတဲ့သူတွေလည်းသိပြီးမှာ ဖြစ်သလို မသိသေးတဲ့သူတွေအတွက်နဲ့စေတနာနဲ့ပြန်လည်ေ၀မျှပေးချင်ပါတယ်။ 


#နနွင်းမှုန့်ဟာ


• ကင်ဆာရောဂါဖြစ်ခြင်းမှကာကွယ်ပေးနိုင်ခြင်း

• အသားရည် ကို ၀င်းဝါစိုပြေစေခြင်း

• ခန္ဓာကိုယ်တွင်းကလီစာများအား ပိုးသေစေခြင်း

• မီးနေသည်များအတွက် ကောင်းမွန်သောဆေးတစ်ခွက်ဖြစ်ခြင်း

• အရည်ပြားပေါ်မှာဖြစ်တတ်တဲ့ ယားနာေ၀ဒနာမျိုးကို သက်သာပျောက်ကင်းစေနိုင်ခြင်း

• ဆနွင်းနံ့ကို ရှူရှိုက်ပေးပါက သက်လုံကောင်းပြီးအဆုတ်သန့်လာနိုင်ခြင်း တို့ဖြစ်ပါတယ်။ 

တစ်ချို့သောသူတွေကနနွင်းကို အဝါကြီးနဲ့ မွှန်တယ်ဆိုပြီး မုန်းတတ်ကြပင်မဲ့ဒီကောင်းကျိုးလေးတွေက သင့်အတွက် အကျိုးရှိစေတာကို သိသွားရင်တော့ ကောင်းကောင်းအသုံးချနိုင်မယ်လို့ထင်ပါတယ်။


 ▫  သွားများကို  ပုလဲလုံးများအလား ဖြူဖွေးစေပါတယ်။ အမေရိကန် အလှမယ်ဟောင်း Susie Castillo က သူ့ရဲ့သွားများ ဖြူဖွေးလှပခြင်းရဲ့ လျှို့၀ှက်ချက် ကေတာ့ နနွင်းမှုန့် ပါ၀င်တဲ့ အိမ်လုပ် သွားတိုက်ဆေးနဲ့ နေ့တိုင်း တိုက်လို့ပါတဲ့။ နနွင်းမှုန့်ဟာ စွန်းထင်းစေတတ်ပေမယ့် သွားကိုတော့ အံ့အားသင့်ဖွယ် ဖြူဖွေးစေပါတယ်။ နနွင်းမှုန့်ကို သုံးနေကျ သွားတိုက်ဆေးမှာ အနည်းငယ်ဖြူးပြီး တိုက်နိုင်ပါတယ်။



 ▫ အသက်ရှည် ရေနွေးကြမ်း ပြုလုပ်နိုင်ပါတယ်။ ကမ္ဘာ့ အသက်ရှည်ဆုံး လူအများစု နေထိုင်ကြတဲ့ ဂျပန်နိုင်ငံက အိုကီနာဝါကျွန်းမှာ နနွင်းရေနွေးကြမ်းကို သောက်သုံးလေ့ ရှိကြကြောင်း ပညာရှင်တချို့က လေ့လာ တွေ့ရှိခဲ့ပါတယ်။ နည်းလမ်းကတော့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေလေးခွက်ထဲ ထည့်ပြုတ်ပါ။ (၁၀) မိနစ်ခန့် ဆူစေပြီး စစ်ပါ

ထို့နောက် ချင်း၊ ပျားရည် နှစ်သက်ရာ ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။


 ▫ ဗိုက်အောင့် ​ရောဂါသက်သာစေပါတယ်။ နနွင်းဟာ ၀မ်းဗိုက်နဲ့ ပတ်သက်တဲ့ သာမန် ေ၀ဒနာမှန်သမျှကို ကုသနိုင်ပါတယ်။ The National Institutes of Health (NIH) က ဗိုက်အောင့် ေ၀ဒနာကို ပျောက်ကင်းရန် တစ်နေ့လျှင် နနွင်း (၅၀၀) မီလီဂရမ်ကို လေးကြိမ်စားသင့်ကြောင်း အကြံပြုထားပါတယ်။


  ▫ နားထဲရေ၀င်ခြင်းကို ကူညီ ကုသပေးပါတယ်။ ရေကူးလျှင် ဖြစ်တတ်တဲ့ နားထဲရေ၀င်ခြင်းကို ကြက်သွန်ဖြူဆီ ခပ်နွေးနွေးကို နနွင်းမှုန့်နဲ့ရောပြီး နားထဲ ထည့်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်။


  ▫ အကြောအဆစ် လွဲခြင်းများကို ပျောက်ကင်းစေပါတယ်။ ရိုးရာကုသနည်း တစ်ခုကတော့ ဆားတစ နနွင်းမှုန့် နှစ်စကို

ရေသင့်တော်တဲ့ ပမာဏနဲ့ ရောစပ်ပါ။ ထိုအေရာကို အဆစ်လွဲနေတဲ့ နေရာမှာ လိမ်းပြီး အ၀တ်ဟောင်းနဲ့ မိနစ်(၂၀)မှ တစ်နာရီ အထိ ထားထားပါ။


 ▫ ဦးရေပြား အတွက် ကောင်းမွန်စေပါတယ်။ သံလွင်ဆီနဲ့ နနွင်းမှုန့်ကို ရောစပ်ပြီး လိမ်းပေးရင် ဗောက်ပျောက်စေရုံ သာမက ဦးရေပြား ပြဿနာ တခိျု့ကိုပါ ပျောက်ကင်းစေပါတယ်။ နနွင်းမှုန့်ကို သင်နှစ်သက်ရာ ဆီတစ်မျိုးနှင့် ရောစပ်ပြီး ဦးရေပြားမှာ လိမ်းပြီး နှိပ်နယ်ပေးပါ။ (၁၅) မိနစ်ခန့် ထားပြီး ခေါင်းလျှော်လိုက်ပါ။



 ▫ နနွင်းရဲ့ အခြားသော အကျိုးကျေးဇူးများ ကတော့


- အယ်လ်ဇိုင်းမား ရောဂါကို လျှော့ချပေးပါတယ်။

- ကင်ဆာရောဂါ ဖြစ်ပွားမှု အခြေအနေများကို တိုက်ဖျက်ပါတယ်။

- ရင်သားကင်ဆာ၊ အေရျပား ကင်ဆာများကိုလည်း ကာကွယ်ပေးပါတယ်။

- အသည်း ပျက်စီးမှုကို ကာကွယ်ပါတယ်။

- အဆစ်အမြစ် ကိုက်ခဲမှုများကို သက်သာစေပါတယ်။


Source: Internet

No comments