New Artical

သွေးအားနည်းရောဂါ ဘယ်လိုအခြေအနေတွေမှာ အဖြစ်များသလဲ

 


  • သံဓါတ်၊ ဗီတာမင် ဘီ-၁၂ (Vitamin B-12) ဒါမှမဟုတ် ဖောလိတ်ဓါတ် (Folate) ချို့တဲ့ခြင်း
  • သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါ
  • ရိုးတွင်းခြင်ဆီရောဂါ ဥပမာ – လူကီးမီးယား (Leukemia)-သွေးကင်ဆာ စတာတွေ ဖြစ်ပါတယ်။
  • မတော်တဆ ထိခိုက်ဒဏ်ရာရပြီး သွေးထွက်လွန်ခြင်း
  • အစာအိမ်အူလမ်းကြောင်းကနေ သွေးယိုခြင်း
  • အမျိုးသမီးလစဉ်ဓမ္မတာသွေးအဆင်းများခြင်း
  • ကလေးမွေးချိန် သားအိမ်မှ သွေးဆင်းများခြင်း စတာတွေပဲ ဖြစ်ပါတယ်။
  • ဘေလုံးကြီးခြင်း
  • သာလာဆီးမီးယား သွေးအားနည်းရောဂါ (Thalassemia)
  • Sickle cell သွေးအားနည်းရောဂါ
  • သွေးကင်ဆာ
  • အချို့သောဆေးဝါးများ စတာတွေပဲ ဖြစ်ပါတယ်။
  • သံဓါတ်ပါဝင်တဲ့ အစားအစာတွေ (အနီရောင်အသား၊ အသည်း၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်) ပုံမှန်စားသုံးပါ။
  • ဗီတာမင်မျိုးစုံကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီဝလံ ပုံမှန်စားသုံးပါ။
  • ဗီတာမင် ဘီ-၁၂ ပါဝင်တဲ့ အသား၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး စားသုံးပါ။

သွေးအားနည်းရောဂါဆိုတာ သွေးထဲမှာ သွေးနီဥဆဲလ် အလုံအလောက်မရှိတဲ့ရောဂါပဲ ဖြစ်ပါတယ်။ သွေးနီဥ နည်းတာကြောင့် ခန္ဓာကိုယ်အနှံ့အပြားကို အောက်ဆီဂျင် သယ်ယူပို့ဆောင်မှု ကျဆင်းလာပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တဲ့ အခြေအနေအထိ ဖြစ်စေနိုင်ပါတယ်။ သွေးအားနည်းရောဂါရှိသူ အများစုဟာ ပင်ပန်းပြီး အားနည်းနုံးချိနေတာကို ခံစားနေရတတ်ပါတယ်။

သွေးအားနည်းရောဂါက အမျိုးကွဲပေါင်း များစွာရှိပါတယ်။ အဲဒီထဲမှာမှ ခဏတာဖြစ်တဲ့ သွေးအားနည်းရောဂါ ဒါမှမဟုတ် နာတာရှည်သွေးအားနည်းရောဂါဆိုပြီး ဖြစ်နိုင်သလို ပြင်းထန်တာနဲ့ မပြင်းထန်တဲ့ သွေးအားနည်းရောဂါဆိုပြီးလည်း ရှိပါတယ်။

 

သွေးအားနည်းရောဂါရဲ့ လက္ခဏာများ

            သွေးအားနည်းရောဂါရဲ့ လက္ခဏာက ဖြစ်စေတဲ့ ရောဂါအကြောင်းရင်းပေါ် မူတည်ပါတယ်။ အများအားဖြင့် ရောဂါလက္ခဏာ မပြတတ်တာလည်း ရှိသလို အောက်ပါလက္ခဏာတွေကိုလည်း ခံစားရတတ်ပါတယ်။

(၁) ပင်ပန်းခြင်း

(၂) အားနည်းခြင်း

(၃) ဖြူဖပ်ဖြူရော် ဖြစ်လာခြင်း

(၄) နှလုံးခုန်သံ မမှန်ခြင်း

(၅) အသက်ရှူ မဝခြင်း

(၆) မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း

(၇) ခြေဖျားလက်ဖျား အေးစက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

 

ဘယ်လိုအခြေအနေတွေက သွေးအားနည်းရောဂါဖြစ်စေတာလဲ

            သွေးအားနည်းရောဂါကို ဖြစ်စေတဲ့ ရောဂါအရင်းခံမျိုးကွဲ များစွာရှိပါတယ်။ အဲဒီထဲကမှ အဓိက အကြောင်းအရင်း (၃) ရပ် ရှိပါတယ်။

(၁) သွေးနီဥ ထုတ်လုပ်မှုကို လျော့ကျစေတဲ့ ရောဂါအခြေအနေများ

ခန္ဓာကိုယ်ကနေ သွေးနီဥကို လုံလောက်တဲ့ပမာဏအထိ မထုတ်လုပ်နိုင်ရင် သွေးအားနည်းရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါကို ဖြစ်စေတဲ့ ရောဂါအခြေအနေတွေကတော့

(၂) သွေးထွက်မှုကြောင့် သွေးနီဥပမာဏ ကျဆင်းလာခြင်း

            သွေးထွက်သံယိုကိစ္စတွေကြောင့် ခန္ဓာကိုယ်ထဲက သွေးကနေတဆင့် သွေးနီဥတွေ ဆုံးရှုံးလာတဲ့အခါမှာလည်း သွေးအားနည်းရောဂါ ခံစားရတတ်ပါတယ်။ ဒီလိုအခြေအနေတွေကတော့

 

(၃) ခန္ဓာကိုယ်တွင်း ရောဂါအခြေအနေများကြောင့် သွေးနီဥများ အဖျက်ဆီးခံရခြင်း

ခန္ဓာကိုယ်ရောဂါအခြေအနေတချို့က သွေးနီဥကို ဖျက်ဆီးလိုက်တာကြောင့် သွေးအားနည်းရောဂါကို ခံစားရတတ်ပါတယ်။ ဒီလိုရောဂါတွေကတော့

သွေးအားနည်းရောဂါမျိုးကွဲ အများကြီးထဲကမှ သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါက အဖြစ်အများဆုံးပဲ ဖြစ်ပါတယ်။

 

သွေးအားနည်းရောဂါကို ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ

ရောဂါရာဇဝင် မေးမြန်းခြင်း၊ မိသားစုရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းအပြင် သွေးစစ်ခြင်းနဲ့ သိရှိနိုင်ပါတယ်။

Complete Blood Count လို့ခေါ်တဲ့ သွေးစစ်ခြင်း သွေးနီဥပမာဏကို သိရှိစေနိုင်ပါတယ်။ ဒါ့အပြင် တခြားသွေးစစ်ခြင်း နည်းလမ်းတွေကတဆင့် သွေးနီဥရဲ့ ပုံစံမှန် မမှန်ကိုလည်း သိရှိနိုင်ပါတယ်။ ဆရာဝန်က ရောဂါအရင်းခံပေါ်မူတည်ပြီး တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေလည်း ဆက်လက်လုပ်ဆောင်ပေးနိုင်ပါတယ်။

 

သွေးအားနည်းရောဂါကို ဘယ်လိုကုသနိုင်မလဲ

            သွေးအားနည်းရောဂါကုသမှုက ဖြစ်စေတဲ့ အကြောင်းအရင်းခံတွေပေါ် မူတည်ပါတယ်။

သွေးအားနည်းရောဂါက သံဓါတ်ချို့တဲ့တာကြောင့် ဖြစ်မယ်ဆိုရင် ဆရာဝန်က သံဓါတ်အားဖြည့်ဆေး ပေးပါလိမ့်မယ်။ ဗီတာမင် ချို့တဲ့မှုကြောင့် သွေးအားနည်းရင် ဗီတာမင်အားဖြည့်ဆေးတွေကို သောက်ရပါလိမ့်မယ်။ Thalassemia သွေးရောဂါကြောင့် သွေးအားနည်းရင် သွေးသွင်းခြင်း၊ ဘေလုံးကို ခွဲစိတ်ပြီး ထုတ်ခြင်း စတဲ့ ကုသမှုတွေနဲ့ ကုသနိုင်ပါတယ်။

သွေးအားနည်းရောဂါဟာ အကြောင်းအရင်းပေါ်မူတည်ပြီး ရေတိုကုသမှုနဲ့ ပျောက်ကင်းနိုင်သလို ရေရှည်ကုသမှုလိုအပ်တဲ့ အခြေအနေတွေလည်း ရှိနိုင်ပါတယ်။

 

အိမ်တွင်းကုထုံး

            ရောဂါအရင်းခံတွေမရှိသူတွေမှာ သွေးအားနည်းရောဂါမဖြစ်စေဖို့ အောက်ပါအတိုင်း နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

Author : ဒေါက်တာကောင်း (ဆေး – ၂)

Credit: OnDoctor

No comments