New Artical

အမျိုးသားများပြီးမြောက်ခြင်း အပိုင်း (၂)

 

အမျိုးသားများပြီးမြောက်ခြင်း အပိုင်း (၂)


(ခ) သုက်လွှတ်ခြင်းအဆင့်များ
အောင်မြင်တဲ့ လိင်ဆန္ဒပြီးမြောက်မှုတစ်ခု ဖြစ်လာစေနိုင်ရန် အတွက် အဆင့်တွေကို ဖြတ်သန်းရတယ်။

(၁) နိုးကြားကြွရွခြင်းအဆင့် (Arousal)
အမျိုးသားတစ်ယောက်က လိင်ဆန္ဒစိတ်ဝင်စားမှုကို ဖြစ်စေ သော အရာတစ်ခုခု လူပုဂ္ဂိုလ်ဖြစ်စေ၊ ဝတ္ထုပစ္စည်းတစ်ခုခုဖြစ်စေ လက်ခံရရှိလိုက်တယ်ဆိုပါတော့။ အဲဒီလိုလက်ခံရရှိလိုက် တဲ့အကြောင်း သူ့ရဲ့ ဦးနှောက်ဆီသို့ သတင်းပို့ လိုက်တယ်။ အဲဒီအခါ ဦးနှောက်က တစ်ဖန် ကျောရိုးအာရုံကြောမကြီးကနေတစ်ဆင့် လိင်အင်္ဂါပစ္စည်းတွေထံ အမိန့်ပေးလိုက် တဲ့အခါ ကိုယ့်လူရဲ့ လိင်တံမာတောင့်မှု (Erection) ဖြစ်လာတယ်။ အဲဒီ အချိန်မှာ လိင်တံထဲကို သွေးတွေ များ စွာ စီးဝင်ရောက်ရှိလာပြီး၊ လိင်တံ အချောင်းထဲမှာရှိသောရေမြှုပ်လို တစ် သျှူးအခန်းလေးတွေ (Spongy Tissue) ထဲသို့ ဝင်ရောက်လာတယ်။ ဘယ် လောက်တောင် အရှိန်မြန်သလဲဆိုရင်ပုံမှန် စီးဆင်းနေကျသွေးတွေက သွေးလွှတ်ကြောများ မှတစ်ဆင့် ပြိုင်ပွဲဝင်သလို အပြေးအလွှားဝင်ရောက် လာလိုက်ကြတာ ပုံမှန်နှုန်းရဲ့ အဆ ၅၀ လောက်အထိတောင် မြန်တယ်ဆိုပဲ။ လိင်တံအတွင်းမှာရှိသော သွေးပြန်ကြောတွေက ပုံမှန်အားဖြင့်တော့ လိင်တံထဲရောက်နေတဲ့ သွေးတွေကို အပြင် ပြန်ထုတ်ပေးရတာဖြစ်ပေမဲ့ ဝင်ရောက်လာသော သွေးများ၏ ဖိအား ကြောင့် သွေးပြန်ကြောလေးတွေ ပိတ်ကုန်ပြီး လိင်တံကြီးတစ်ချောင်း လုံးထဲမှာ သွေးတွေ ဘယ်မှမထွက်တော့ဘဲ ကျန်ရစ်နေတော့တယ်။ ဒီလို သွေးတွေအများကြီးပြည့်နေတဲ့အတွက် လိင်တံမာတောင့်မှုကို ဖြစ်ပေါ်စေခြင်းဖြစ်တယ်။ အဲဒီအချိန်မှာ ကိုယ့်လူရဲ့ ဖွားဘက်တော် ဝှေးစေ့လေးနှစ်လုံးကလည်း ခန္ဓာကိုယ်အတွင်းဘက်သို့ ဆွဲယူ မယတင် ခြင်း ခံလိုက်ရတယ်။ ဒီလိုနဲ့ပဲ ကိုယ့်လူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိသော ြွကက်သားတွေဟာ တင်းမာမှုတွေ Tension တွေ ဖြစ်ပြီး၊ Fight ရန် အဆင်သင့် အသင့်အနေအထား ဖြစ်သွားပါပြီ။

(၂) ပလက်တူ (Plateau) တန်းနေ သောအဆင့်
အမျိုးသားရဲ့ ခန္ဓာကိုယ်က ဒီအဆင့်မှာ လိင်ဆန္ဒပြီးမြောက်မှုအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါပြီ။ အနည်းဆုံးစက္ကန့် ၃၀ ကနေ ၂ မိနစ်လောက်အထိ အချိန်ယူတယ်။ ြွကက်သားတွေတင်းမာမှု ဖြစ်လာတဲ့အတွက် စိတ်ဖြင့်ထိန်း၍ လှုပ်ရှားနိုင်သော ကြွက်သား တွေရော၊ စိတ်အထိန်းအကွပ်မဲ့ အလိုအလျောက် လှုပ်ရှားလေ့ရှိသော ကြွက်သားများ တင်းမာမှုတွေ မြင့်တက်လာတယ်။ အထူးသဖြင့် တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားတွေ အားလုံးက အနေအထားအသင့် ဖြစ်နေကြပါပြီ။ ဆက်လုပ်ဖို့ပဲလိုတော့တယ်။ အဲဒီအချိန်မှာ အဲဒီအမျိုးသားရဲ့ နှလုံးခုန်နှုန်းတွေကလည်း မြန်လာလိုက်တာမှ တစ်မိနစ်လျှင် ၁၅၀ မှ ၁၇၅ ကြိမ်အထိ ခုန်လာသတဲ့။ တစ်ဆက်တည်းမှာပဲ ဆီးထွက်တဲ့ အပေါက်ကနေ အရည်ကြည်လေးတွေ ထွက်စပြုလာတယ်။ ဒီအရည်က အကြိုအဆင့် အရည်တွေဖြစ် ပြီး၊ ဆီးလမ်းကြောင်းထဲမှာ ရှိသော pH မျှခြေကို ပြောင်းပစ်လိုက်တယ်။ အကြောင်းကတော့ လမ်းကြောင်းရှင်းပေးထားခြင်းဖြစ်တယ်။ သုက်ပိုးတွေ ဝင်ရောက်လာတဲ့အခါ သူတို့ရဲ့ ရှင်သန်နိုင်စွမ်း အခွင့်အလမ်း ပိုကောင်းအောင် pH ကို ပြောင်းပေးလိုက်ခြင်း ဖြစ်ပါတယ်။

(၃) ပြီးမြောက်ခြင်း (Orgasm)
ပြီးမြောက်ခြင်းကတော့ အဆင့်နှစ်ဆင့်နဲ့သွားတယ်။ ပထမအဆင့်က သုက်ရည်တွေ ထုတ်လွှတ် ခြင်း (Emssion) နဲ့ ဒုတိယအဆင့်က ပန်းထွက်ခြင်း (Ejaculation) ဖြစ်တယ်။
ထုတ်လွှတ်ခြင်းပြီးတာနဲ့ မလွှဲသာ မရှောင်သာ ပန်းထွက်ခြင်းကလည်း ဆက်တိုက်ဖြစ်ပေါ်လာတာ ပါပဲ။ နောက်ပြန်လှည့်လို့မရတော့တဲ့ အခြေအနေ (Point of no return) ပါပဲ။ သုက်ရည် (Semen) တွေက ဆီးထွက်တဲ့ အပေါက်ထိပ်မှာ စုပြုံလာပြီး ပန်းထုတ်ဖို့အတွက် အဆင်သင့်ဖြစ်လာတယ်။ ပန်းထွက်ခြင်းအဆင့်ကတော့ လိင်တံကြွက်သားတွေနဲ့ စအိုတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေ အလွန်လျင်မြန်စွာ ရုန်းပြန်တွန်းကန်မှုတွေပါပဲ။ စိတ်ဖြင့် ထိန်းကွပ်လို့မရသော တင်ပါးဆုံရိုးကွင်း လှုပ်ရှားမှုတွေလည်း ဖြစ်ပေါ်လာတယ်။ အာရုံကြောတွေက ကြွက်သားများကို ရုန်းပြန်မှုဖြစ်အောင်လှုံ့ဆော်ပေးပြီး သာယာကြည်နူးတဲ့ ခံစားမှု သတင်းအချက်အလက်တွေကို ဦးနှောက်ထံ ပို့ပေးကြပါတယ်။



(၄)ပျော့ခွေသွားတဲ့အဆင့် (Resolution and Refraction)
သုက်ရည်တွေ ပန်းထုတ်ပြီးတဲ့အခါ လိင်တံက မာတောင့်မှု လျော့ ကျစ ပြုလာပါတယ်။ မာတောင့်မှုတစ်ဝက်လောက်က ချက်ချင်းကိုပဲ ပျောက်ဆုံး သွားတယ်။ ပြီးတော့ ကျန်တဲ့ မာတောင့်နေမှုတွေကလည်း တဖြည်းဖြည်းနဲ့ မှေးမှိန်လျော့ကျသွားမှာဖြစ်ပါတယ်။ ြွကက်သားတင်းမာမှုတွေ တဖြည်းဖြည်း လျော့သွားတယ်။ လူက ပြေလျော့တဲ့ ခံစားမှု ရရှိသွားပြီး၊ ရီဝေဝေ (Drowsy) ဖြစ်လာမယ်၊ အမျိုးသားများအတွက် ဒီအဆင့်ကို ပြန်လည်နာလန်ထူခြင်း (Recovery Phase) လို့လည်း ခေါ်တယ်။ ဒီကာလထဲမှာတော့ သူတို့ နောက်တစ်ကြိမ် ပြန်လည် လိင်တံမာတောင့်မှု မဖြစ်နိုင်သေးဘူး။ ဘယ်လောက်ထိကြာသလဲဆိုတာကတော့ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက် ကွာခြားတယ်။ ၁၈ နှစ်သား အမျိုးသားလေးတစ်ဦ အတွက် ဒီကာလက ၁၅ မိနစ် အောက်မှာပဲရှိသတဲ့ဗျ။ ကိုယ့်လူတို့လို သက်ကြီး ရွယ်အိုတွေဆိုရင်တော့ အနည်းဆုံး ၁၀ နာရီကနေ နာရီ ၂၀ လောက်အထိ ကြာတတ်ပါတယ်။ နုပျိုသူတွေကိုတော့မယှဉ်နိုင်ဘူးပေါ့ဗျာ။
ပုံမှန်အရွယ်ကောင်း အမျိုးသားတစ်ယောက်အတွက်တော့ ပျမ်းမျှခြင်း အားဖြင့် နာရီဝက်လောက်ပဲ ကြာတယ်လို့ဆိုပါတယ်။
အမျိုးသားများက အမျိုးသမီးများနဲ့ မတူတဲ့အချက်က လိင်ဆန္ဒ ပြီး မြောက်မှုတစ်ကြိမ်(သုက်လွှတ်ခြင်းတစ်ကြိမ်) ပြီးသွားရင် စိတ်ဆန္ဒတွေ ကျေနပ် အားရသွားလေ့ရှိတယ်။ အမျိုးသမီးတွေမှာတော့ တစ်ကြိမ်မကဘူးဗျ။ လိင်ဆန္ဒ နိုးကြားြွကရွမှုတစ်ကြိမ်အတွင်းမှာ ကာမဆန္ဒပြီးမြောက်မှု တစ်ကြိမ်မက ဖြစ်နိုင်ကြပါတယ်။ ပြီးတော့ သူတို့မှာ Refractory Period ဆိုတာလည်း မရှိဘူး။

(ဂ) ဘယ်အချိန်မှာ အမျိုးသားတွေ လိင်ဆန္ဒပြီးမြောက်မှု မဖြစ်နိုင်သလဲ
ဒီခေါင်းစဉ်ကတော့ ကိုယ့် လူတို့အတွက် အရေးကြီးဆုံး ပါပဲ။ အများစုသော အကြောင်းရင်းကတော့ စိတ်ပိုင်းဆိုင်ရာ အကြောင်း အချက်များမှာ မြစ်ဖျားခံပါတယ်။
နမူနာအားဖြင့်ပြရလျှင် အမျိုးသားတစ်ဦးအား ထိခိုက် ဒဏ်ရာရခြင်း တစ်ခုခုဖြစ်ခဲ့လျှင် သို့တည်းမဟုတ် စိတ်ချုပ် တည်း တင်းကျပ်မှုဖြစ်နေသော အခြေအနေဆိုရင် လိင်ဆန္ဒ မပြီးမြောက်တော့ပါဘူး။ ဒါမှမဟုတ် အဲဒီအမျိုးသားက သူ့ရဲ့အလေ့အထက မကြာခဏ မိမိဘာသာ လိင်ဖြေဖျောက်မှု (Masturbation) ပြုလုပ်တဲ့ ပုံသဏ္ဌာန်မျိုးတွေကိုသာ နှစ်သက်စွဲလမ်းနေခဲ့မယ်ဆိုရင် တကယ်လိင်ဆက်ဆံတဲ့အခါ ပြီးမြောက်ဖို့အတွက် အချိန်ပိုပြီး ကြာတတ်ပါတယ်။
အခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ နှလုံးသွေး ကြောရောဂါများ (နမူနာအားဖြင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ) အတွက် ဆေးဝါးများသောက်နေရလျှင် သို့မဟုတ် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဆေးဝါးတွေ သောက်နေရလျှင် လိင်ဆန္ဒပြီး မြောက်မှု မရှိဘဲ ဖြစ်တတ်ပါတယ်။
အချို့သော ခွဲစိတ်ကုသမှု ခံယူရတဲ့ ယောကျာ်းများမှာ လိင်အင်္ဂါများနှင့် သက် ဆိုင်သော အာရုံကြောများ မတော်တဆ ဖြတ် တောက်မိခဲ့လျှင် လည်း လိင်ဆန္ဒမပြီးမြောက် တော့ပါဘူး။ အဲဒီလို ပြဿနာအကြောင်း ရင်းအမျိုးမျိုးအတွက် သက်ဆိုင်ရာ ဆရာဝန် နဲ့ စစ်ဆေး အကြံဉာဏ်ယူ နိုင်ပါတယ်။ ရေတိုနည်းဖြင့် အသုံးပြုလေ့ ရှိတဲ့ နည်းလမ်းလေးတွေက တော့ အမျိုးသားများ၏ လိင်တံ အား (Vibrator) ခေါ် နှိုးဆွပေး
သော စက် သို့မဟုတ် အချို့ သော လိင်နှိုးဆွကစားစရာ (Sex
Toy) များနှင့် လိင်ဆန္ဒပြီးမြောက်အောင် လုပ်နိုင်လျှင်ရပါတယ်။
အချို့ပုဂ္ဂိုလ်များကျတော့လည်း ကာမသျှတ္တရကုထုံး (Sex Therapy) ခံယူဖို့ လိုတတ်ပါတယ်။ အဲဒီကုထုံးတွေထဲမှာ လင် မယားစုံတွဲအား အိမ်စာတွေ (Homework) လေ့ကျင့်ရပါတယ်။ အဲဒါကတော့ သူတို့စုံတွဲကို အခြားသော စွမ်းဆောင်မှုကို ဖိ အားပေးနိုင်သောကိစ္စတွေလျှော့ချခိုင်းပြီး လိင်သာယာမှုအပေါ် မှာပဲ အာရုံစူးစိုက်ကာ တစ်ဦးနှင့်တစ်ဦး နှိုးဆွပေးရတဲ့ လေ့ကျင့် ခန်းတွေပါပဲ။ ဒါနဲ့မှ မရရင်တော့ ထုံးစံအတိုင်း သက်ဆိုင်ရာ သမားတော်နဲ့ ပြသပြီး ဆေးဘက်ဆိုင်ရာအကြောင်းရင်းများ ရှာဖွေဖော်ထုတ် ကုသဖို့ပါပဲ။

 

ဒေါက်တာဇီဝတင်

No comments