New Artical

မိန်းမကောင်းအင်္ဂါရပ် (၆၄) ရပ်

 


မိန်းမကောင်းအင်္ဂါရပ် (၆၄) ရပ်
 
(၁)ခြေလက္ခဏာ (၁၃) ရပ်
(၂)ကိုယ်လက္ခဏာ (၁၆) ရပ်
(၃)စိတ်လက္ခဏာ (၆) ရပ်
(၄)လက်ဖဝါးလက္ခဏာ (၉) ရပ်
(၅)လည်ပင်းလက္ခဏာ (၁) ရပ်
(၆)အသံလက္ခဏာ (၃) ရပ်
(၇)မျက်နှာလက္ခဏာ (၈) ရပ်
(၈)သွားလက္ခဏာ (၁) ရပ်
(၉)မျက်စေ့လက္ခဏာ (၄) ရပ်
(၁၀)ဆံပင်လက္ခဏာ (၃) ရပ်
◼️ကိုယ်လက္ခဏာ (၁၆) ရပ်
၁။ တက်သစ်စ လရောင်နှင့်တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၄။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ဖွံ့သောပေါင်ရှိခြင်း
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို့သွားခြင်း
၁၀။သေးသွယ်သော ခါးရှိခြင်း
၁၁။သိမ်မွေ့သော အင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ့ဖြိုးသော တင်သားရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို့အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို့မွှေးသောကိုယ်နံ့ရှိခြင်း
◼️စိတ်လက္ခဏာ (၆) ရပ်
၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၄။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း
◼️လည်ပင်းလက္ခဏာ (၁) ရပ်
၁။လည်ရေး ၃ ဆင့်ရှိခြင်း
◼️အသံလက္ခဏာ (၃) ရပ်
၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။အဆိုအမိန့်နှင့်သာယာသောအသံရှိခြင်း
၃။ဥဩသံနှင့်တူသောအသံရှိခြင်း
◼️မျက်နှာလက္ခဏာ (၈) ရပ်
၁။လပြည့်ဝန်းနှင့်တူစွာရှိခြင်း
၂။ရှည်သောမျက်နှာရှိခြင်း
၃။နီသောနှုတ်ခမ်းရှိခြင်း
၄။ဖြိုးမောက်သောနှာတံရှိခြင်း
၅။ပြည့်ဖြိုးသောပါးရှိခြင်း
၆။မှဲ့ ဝက်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။သံတ္တိမည်သောအရေးကဲ့သို့ နဖူးပြင်၌ အရေးရှိခြင်း
၈။ချွန်သောနှာခေါင်းရှိခြင်း
◼️သွားလက္ခဏာ (၁) ရပ်
၁။ ခရုသင်းပွင့်သစ်စကို လွှနှင့်ဖြတ်သည့်အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း
◼️မျက်စေ့လက္ခဏာ (၄) ရပ်
၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ရှိခြင်း
၂။ကြာညိုပန်းနှင့်တူသောမျက်စေ့ (အချို့မှာ ပြာညိုသော မျက်စေ့ရှိခြင်း) ၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၄။ပဒုမ္မာကြာကဲ့သို့ အချို့မှာ စိမ်းသောမျက်စေ့ ရှိခြင်း
◼️ဆံပင်လက္ခဏာ (၃) ရပ်
၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း
၃။သိမ်မွေ့သော ဆံပင်ရှိခြင်းတို့ဖြစ်သည်။
📜မှတ်ချက်။ ။ ဖော်ပြပါ မိန်းမကောင်းအင်္ဂါရပ် (၆၄) ရပ်လုံးပြည့်စုံမှ မိန်းမကောင်းအင်္ဂါရပ်နဲ့ ပြည့်စုံတယ်လို့မဆိုလိုပါ။ ဥပမာအနေဖြင့်_
◼️လည်ပင်းလက္ခဏာ (၁) ရပ်
၁။လည်ရေး ၃ ဆင့်ရှိခြင်းသည်လည်း မိန်းမကောင်းအင်္ဂါရပ်ထဲအကျုံးဝင်ပါတယ်။ (၆၄) ရပ်လုံးနဲ့ပြည့်စုံတဲ့ အမျိုးသမီးကတော့ အမြင့်မြတ်ဆုံးလို့ ဆိုလိုပါတယ်။

No comments