New Artical

အမျိုးသားများ ပြီးမြောက်ခြင်း အပိုင်း (၁)

 

အမျိုးသားများ ပြီးမြောက်ခြင်း အပိုင်း (၁)


တုတ်နဲ့ရိုက်ရိုက်၊ ဓားနဲ့ခုတ် ခုတ် ဘာမျှမဖြစ်ဘူး။ တုတ်ပြီး ဓား ပြီးတယ်ဆိုတဲ့ ပီယဆေးအကြောင်း ပြောဖို့ မဟုတ်ပါဘူး။ လိင်ဆန္ဒပြီး မြောက်ခြင်းအကြောင်းနှင့်ပတ်သက် ပြီး ပြောပြချင်တာလေးတွေ ရှိနေ လို့ပါ။
သာမန်အားဖြင့်တော့ ပုရိသ ယောကျာ်းတွေ လိင်တူ လိင်ကွဲ လိင်ဆက်ဆံတဲ့အခါပဲ ဖြစ်ဖြစ်၊ မိမိဘာသာ ဆန္ဒဖြေဖျောက်မှု (Masturbation) လုပ်လိုက်လို့ပဲဖြစ် ဖြစ် အပြီးသတ်မှာ ယောကျာ်း လိင်တံထိပ်ကနေ သုက်ရည်များ ပန်းထွက်သွားပြီဆိုရင် လိင်ဆန္ဒ ပြီးမြောက်တာပါပဲလို့ ရိုးရိုးလေး ပြောလို့တော့ ရပါတယ်။ ငယ်တုန်း ရွယ်တုန်း၊ သန်တုန်းမြန်တုန်းမှာ တော့ ကိုယ့်လူတို့ လိင်ဆန္ဒ ပြီးမြောက်အောင် စွမ်းဆောင်ခြင်း ဟာ ငှက်ပျောသီး အခွံနွှာစားရ သလို လွယ်လွယ်ကူကူနဲ့ ဖြစ်နိုင် ပြီး မိနစ်ပိုင်းအတွင်း ဟော-နောက် တစ်ကြိမ်အတွက် အဆင်သင့် ပြန် ဖြစ်လာနိုင်ကြတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ ကိုယ့်လူ အသက်ကြီးရင့် လာရင်တော့ ဇာတ်လမ်းက သမား ရိုးကျမဟုတ်တော့ဘူး။ “ထင်သာ ထင် မဝင်ဘူး၊ ကျောင်းအစ်မရေ” လို့ဆိုသလိုပဲ။ အသွင်းအထုတ် အကြိမ်ရေတွေ အမြောက်အမြား ဆောင်ရွက်ပြီးပါလျက်နဲ့ မပြီးနိုင်၊ မစီးနိုင်၊ မထွက်နိုင်၊ ကျေနပ် အားရ ခံစားမှုမဖြစ်နိုင်တဲ့ ပြဿနာလေး တွေ ကြုံလာရတတ်သဗျ။ ဒါ ကြောင့် အဲဒီအကြောင်းအရာ တွေနဲ့ ပတ်သက်ပြီး ပြောပြချင်တာ လေးတွေရှိလို့ ရေးသားလိုက်တာ ပါ။
လိင်တံကြွက်သားများရုန်းပြန်မှု (Masturbation) နဲ့အတူ သုက်ရည်နှင့် သုက်ကောင်များ ထွက်ရှိလာခြင်း (Ejaculation of Sperm) ဖြစ်စဉ်က အမှန်တကယ် တော့ ရှုပ်ထွေးသော လုပ်ငန်း ဖြစ်စဉ်တစ်ရပ် (Complex Process) ဖြစ်တယ်ဗျ။
ယောကျာ်းများ လိင်ဆန္ဒပြီး မြောက်ခြင်းဖြစ်စဉ်မှာ အဆင့်တွေ အများကြီး ကျော်ဖြတ်ရပြီး ပါဝင် ဆင်နွှဲတဲ့ အင်္ဂါပစ္စည်းတွေလည်း အများကြီးလို့ ဆိုရမှာပါ။ ဟော်မုန်း တွေ၊ သွေးကြောတွေ၊ အာရုံခံ နာဗ် ကြောတွေ အားလုံး အတူတကွ အလုပ်လုပ်ကြရတာ ဖြစ်ပါတယ်။
အမျိုးသားများ လိင်ဆန္ဒပြီး မြောက်ခြင်း (Male Climax) ရဲ့ နောက်ကွယ်က မြင်ကွင်းကို ကြည့်ရှုကြရအောင်

(က) ဟော်မုန်း
ပထမဦးဆုံး ပြောရမှာကတော့ ဒီလုပ်ငန်းစဉ်တစ်ခုလုံးအတွက် လောင်စာ (Fuel) ကတော့ တက် စတိုစတီရုန်း (Testosterone) လို့ ခေါ်တဲ့ ကျားဟော်မုန်းပါပဲ။ တက် စတိုစတီရုန်း ဟော်မုန်းတွေဟာ အမျိုးသားတစ်ဦးရဲ့ သွေးထဲ၊ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေပြီး စိတ်ပိုင်း ဆိုင်ရာလှုံ့ဆော်မှုအခြေအနေများ (Psychological Factors) နှင့် အတူ လိင်ဆက်ဆံလိုသော စိတ် ဆန္ဒ (Sex Desire) ကို ဆုံးဖြတ်ပေး တာဖြစ်တယ်။ နမူနာအားဖြင့် ဝတ်လစ်စားလစ် အမျိုးသမီး တစ်ဦးရဲ့ ပုံကို မြင်တွေ့လိုက်ရလို့ လိင်ဆန္ဒ နိုးကြားလာခြင်းမျိုးပေါ့။
ဒီဟော်မုန်းကို ယောကျာ်းရဲ့ ဝှေးစေ့များမှ ထုတ်လုပ်ပေးတာ ဖြစ်တယ်။ ဝှေးစေ့ထဲမှာ နေ့စဉ် သန်းပေါင်းများစွာသော သုက်ပိုး ကောင် (Sperm) တွေကို ထုတ်လုပ် ပေးလျက်ရှိပါတယ်။ သုက်ပိုးတွေ က တဖြည်းဖြည်း ရင့်ကျက်ကြီးထွား လာကြပြီး အသားဓာတ် (ပရိုတင်း) ကြွယ်ဝသော အဖြူရောင်အရည် (သုက်ရည်) တွေနဲ့ ရောနှောသွား ကြတယ်။ ဒီအရည်က သုက်ကောင် အတွက် အာဟာရဓာတ် ထောက်ပံ့ ပေးတယ်။ ဒါမှသာ လိင်တံထိပ်မှ နေ ထွက်ခွာသွားပြီးနောက် သုက် ကောင်ကို သတ်မှတ်ထားတဲ့ အချိန် အတန်ကြာမျှ အသက်ရှင်သန်နေ စေမှာ ဖြစ်ပါတယ်။ ဒီသုက်ရည် သို့မဟုတ် Semen အရည်တွေဟာ ဆီးလမ်းကြောင်းမှတစ်ဆင့် လိင်တံ ရဲ့ ထိပ် (ဆီးထွက်တဲ့ အပေါက်) ကနေ ထွက်လာမှာဖြစ်တယ်။
ဒါကြောင့် တက်စတိုစတီရုန်း ဟော်မုန်းသည် ထိုအမျိုးသားအား လိင်ဆန္ဒ (Sexual Desire သို့မဟုတ် Libido) ဟူသော စိတ် ဆန္ဒ ဖြစ်ပေါ်လာအောင် စေ့ဆော် ပေးသော သော့ချက်ကျတဲ့ အရာ ဖြစ်တယ်။ တကယ်လို့ အဲဒီအမျိုး သားဟာ ဆေးဘက်ဆိုင်ရာအရ သတ်မှတ်ထားတဲ့ တက်စတိုစတီ ရုန်း ဟော်မုန်းပမာဏ သွေးထဲမှာ နည်းနေမယ်ဆိုရင် (တစ်နည်းအား ဖြင့်) စိတ်ဓာတ်ကျနေခြင်း (Depression) ဖြစ်ပေါ်ခံ စားနေရ မယ်ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ကြီးက လိင်ဆန္ဒစေ့ဆော်မှု (Sexual Stimuli) ကို တုံ့ပြန်နိုင်မှာ မဟုတ် တော့ဘူး။ ပြီးတော့ သူ့မှာ လိင် ဆန္ဒပြီးမြောက်ခြင်း (Orgasm) လည်း မဖြစ်နိုင်တော့ပါဘူး။
ဆက်ရန်==>>

ဒေါက်တာဇီဝတင်

No comments