New Artical

ယောကျာ်းတွေကိုစိတ်နာ ဒီနေရာကို အတွဲလာ ကွဲစေ ဆိုတဲ့ကျိန်စာ (သို့မဟုတ်) မိန်းမရဲ တောင်တော် သခင်မ သမိုင်းအကြောင်း

 ယောကျာ်းတွေကိုစိတ်နာ ဒီနေရာကို အတွဲလာ ကွဲစေ ဆိုတဲ့ကျိန်စာ (သို့မဟုတ်) မိန်းမရဲ  တောင်တော် သခင်မ သမိုင်း - MDY Newsယောကျာ်းတွေကိုစိတ်နာ ဒီနေရာကို အတွဲလာ ကွဲစေ ဆိုတဲ့ကျိန်စာ (သို့မဟုတ်) မိန်းမရဲ တောင်တော် သခင်မ သမိုင်းအကြောင်း

 

မိန်းမရဲတောင်ရဲ့ အလှ အပကို စိတ်ဝင်စားလို့ သွားကြ ဘုရားဖူးကြ Facebookမှာ ပုံတွေ ခဏခဏတွေ့ နေရပေမယ့်.. အဲဒီတောင်ရဲ့သမိုင်းကို သေချာရေရာအောင် သိတဲ့သူက ခပ်ရှားရှား . ကျနော်စပ်စု စုံစမ်း မေးမြန်းထားသလောက်က ဒီလိုဗျို့……

ရွာငံမိန်းမရဲ သခင် မ တောင် တော် ..သမိုင... - Phay Zaw Gyi Group Car Rental  Service | Facebook

နာမည်က နန်းဧကရီမွှေး ဘုရင့် သမီးတော် တစ်ပါးပေါ့ … အချစ်ဆိုတာက ဆန်းကျယ်တယ်လေ သူချစ်မိတာက ကျေးတောသား …

ကုမ္မာရ တဲ့ သူတို့ နှစ်ဦး ချစ်ကြည်နူးနေတာကို ဘုရင့် ရွေနားတော် ပေါက်ကြား အမျက်ပွားစေခဲ့တာမဟုတ်လား ….

မဲရိုးက ဟင်းအိုးကိုမှ အားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့် …

ဒီသတင်း နန်းဧကရီမွှေးကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ထင်ပါရဲ့ ချစ်သူမောင်ကို စိတ်ပူ နန်းတော်က ခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ် ဆိုပါတော့ …

ကုမ္မာရကျေးတောသားကို လက်ဆွဲ ဘုရင်ကြီးနဲ့ ဝေးရာ ထွက်ပြေးရှာတယ်လေ …

အခု မိန်းမရဲတောင်ရဲ အရှေ့ ဘက် ရွာအခွန်တွေကို ကောက်တဲ့ ကင်းတောင်ဆိုတဲ့ နေရာအဖြတ် … ဒီနေရာက ဖြတ်သန်းဖို့ အဖိုးခ ငွေတွေ တောင်းတော့ ပေးစရာငွေက နတ္ထိ ကုမ္မာရကျေးတော့သားလေး သွေးပျက်ပြီထင်ပါရဲ့ ….

အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့ ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကိုမှ မထောက် ကင်းခွန်တော် မဆောင်နိုင်လို့ ရာဇဝတ်ဘေးကြောက်ပြီး မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့တယ်လေ …

ဘုရင့်သမီးတော် နန်းဧကရိမွှေးအတွက် အားကိုးစရာ မရှိ ဘုရင့်အမျက်တော် ထိမှာကိုသိပြီး မြင့်မားတဲ့ တောင်ကို ကုတ်တက် တောင်ရဲ့ အနောက်ဘက် ပေ၆၀ခန့်နက်တဲ့ ရေဝဲကြီးထဲ စိတ်ကို ဒုန်းဒုန်းချ အချစ်ကို စိတ်နာ ခုန်ချလေရှာရဲ့ …

အချစ်ကို ဦးစားပေး ငါက မောင်တော်ကို ရွေးခဲ့တာတောင် ငါ့အချစ်ကို မထောက် ကင်းခွန်ကြောက်လို့ သစ္စာဖောက်ရက်တယ်တဲ့ …

အစိမ်းသေလို့ မကျွတ်တဲ့ဘဝ အချစ်ကို စိတ်နာ သူပေးတဲ့ ကျိန်စာက ဒီနေရာကို အတွဲလာ ကွဲစေတဲ့ဗျာ ….

အဲဒီတောင်ကို အရင်က မိန်းမဝဲ တောင်လို့ ခေါ်ဝေါ်ရာကနေ ကာလရွေ့လျား မိန်းမရဲတောင်အဖြစ် ထင်ရှားခဲ့တာလေ ….

ယောကျာ်းတွေကိုစိတ်နာ ဒီနေရာကို အတွဲလာ ကွဲစေ ဆိုတဲ့ကျိန်စာ (သို့မဟုတ်) မိန်းမရဲ  တောင်တော် သခင်မ သမိုင်း ..!. – MM FB News Collections

ထူးဆန်းတာက ရှိသေးတယ် ယောက်ကော် ဘရသေ့ကြီးပေါ့ သူ့အိပ်မက်ပေးတဲ့ နန်းဧကရီမွှေးဆိုတဲ့ ရှမ်းမင်းသမီးလေက မိန်းမရဲတောင်ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာ သာသနာပြုပေးပါတဲ့ …

ယောက်ကော် ဘရသေ့ကြီးလည်း အိပ်မက်အရ တောင်တော်ကို လိုက်ရှာရင်း တောင်တော်ရဲ့ အရှေ့ဘက် ရွာငံ အောင်ပန်းကားလမ်းမကြီးမှာ ကားက သူ့အလိုလို စက်ရပ်လို့ ကားပျက်သွားခဲ့တယ်ဆိုပဲ …

ကားဆရာက ကြိုးစားပြုပြင်ပေမဲ့ မရ ညနေညိုစောင်း ကားလမ်းဘေးချုံတောထဲမှ အစိမ်းရောင်ဝတ် ရှမ်းမလေးတစ်ယောက် ထွက်လာတယ် …

ဘရသေ့ ရှာနေတဲ့ မိန်းမရဲတောင်ဆိုတာ ဟောအခုမြင်နေရတဲ့ မြင့်မားတဲ့တောင်ပေါ့ ဒဲ့ စကားပြောပြီး ချုံတောထဲပြန်ဝင် ပျောက်ကွယ်သွားလေရဲ့ ဆန်းကျယ်လှပါဘိ.

ဒီစာကို ရေးနေရင်းတောင် ကျနော်ကြက်သီးမွှေးတွေ တဖြန်းဖြန်းထ ကြောက်စိတ်တွေ ဝင်နေမိတယ်ဆိုတာ

သမိုင်းအကျဉ်း ပြောပြပေးသော မိန်းမရဲတောင်တော် ဂေါပက အဖွဲ့မှ ဘကြီးမှုံအားကျေးဇူးတင်ရှိပါတယ်


 Sai Naung

No comments