New Artical

နောင်ချို တိမ်ပင်လယ်

 


ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် နောင်ချိုကြီးကျေးရွာအနီးရှိ နောင်ချိုတိမ်ပင်လယ်ဆိုတာ အရင်ကတည်းက ဖြစ်ပေါ်နေပေမယ့် လူသိနည်းတဲ့အတွက် လာရောက်ကြည့်ရှုသူ မရှိခဲ့ပါဘူး။ အခုနောက်ပိုင်းမှာတော့ နိုင်ငံခြားသားခရီးသွားဧည့်သည်များအပြင် အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်ကြတဲ့ တိမ်ပင်လယ်အလှကို ကြည့်ရှုခံစားသူပိုမို များပြားလာတာပါ။

တိမ်ပင်လယ်ဟာ နောင်ချို ကြီးရွာအောက်မှာရှိနေတဲ့ ဒုတ္ထဝတီမြစ်တစ်လျှောက် ရေငွေ့ပျံခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ တိမ်အစုအဝေးကြီးဖြစ်ပြီး အမြင့်ပေ ၂၈၀၀ ကျော်ခန့်မှာရှိပါတယ်။ ဆောင်းရာသီ နိုဝင်ဘာမှ ဖေဖော်ဝါရီလများအတွင်းမှာသာ တိမ်ပင်လယ်ကိုတွေ့ရပီး နှင်းမရှိယင်တိမ်မတက်သလို မိုးအုံ့ယင်လည်းတိမ်မရှိပါဘူး။ ဒီဇင်ဘာမှာ မနက် ၆နာရီခွဲလောက်မှစပီး ၈နာရီခွဲလောက်အတွင်းအချိန်က တိမ်ပင်လယ်ရဲ့အလှကိုရှုစား ဓာတ်ပုံရိုက်လို့အကောင်းဆုံးအချိန်ပါ။



တိမ်ပင်လယ်အလှကို တောင်စောင်း နေရာမှကြည့်ရှုနိုင်ပြီး ဆောင်းတွင်းကာလတွင် နံနက် ၅ နာရီမှ ၉ နာရီခန့်အထိ တိမ်ပင်လယ်အလှကို မြင်တွေ့ရမည်ဖြစ်သည်။ ညပိုင်းအချိန်များတွင်လည်း သဘာဝအလင်းရောင်နှင့် ထိစပ်နေသည့် ကောင်းကင်၌ လင်းလက်နေသော ကြယ်စင်အလှကို အံ့ဩဖွယ်ရာ မြင်တွေ့ရမည် ဖြစ်သည်။

၂၀၁၉ ခု နှစ်စပိုင်းမှစတင်ပြီး နောင်ချိုမြို့၌ တိမ်ပင်လယ်ရှုမျှော်ခင်း အလှခံစားနိုင်ကြောင်း လူသိများလာ၍ ယခုနှစ်တွင် တိမ်ပင်လယ်အလှ ရှုမျှော်ခင်း ကြည့်ရှုခံစားနိုင်သည့် အနားယူအပန်းဖြေစခန်း များရှိလာကာ အပန်းဖြေ တဲစခန်းများ ဆောင်ရွက်ပေးထားခြင်းကြောင့် ပြည်သူများ စည်ကားလျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။



ထို့အပြင် Cloudy Villa မှ တိမ်ပင်လယ်ရှုမျှော်ခင်းအလှကို ကြည့်ရှုခံစားနိုင်စေရန်အတွက် မြင်ကွင်းအလှဓာတ်ပုံအဖြစ် တောင်ဒရမ်းထိပ်ဝရန်တာ၊ ကြိုးဒန်း၊ ချိတ်ဒန်း၊ အလှရိုက်ကြိမ်ထိုင်ခုံနှင့် ငှက်သိုက်များအပြင် see view အဖြစ် ဝရန်တာတစ်ခုပါ ပြုလုပ်ပေးထားကြောင်း သိရသည်။ နယ်မြေဒေသ လုံခြုံအေးချမ်းသောကြောင့် တိမ်ပင်လယ်အလှရှိရာနေရာသို့ လာရောက်လည်ပတ် အပန်းဖြေအနားယူသင့်ကြောင်း သိရသည်။

ခရီးစဉ်ရဲ့အဓိကဖြစ်တဲ့ တောင်ကြောနှစ်ခုကြားတိမ်တွေပင်လယ်ပြ င်ကြီးလိုဖြစ်နေတာကို ကြည့်ရှုခွင့် ရတဲ့ဒီခရီးစဉ်ဟာ ဆောင်းကာလ​ေတွမှာ သာ ခရီး သွားရာသီအဖြစ် လည်ပတ်ကြည့်ရှုလို့ရတာ စ်ပြီး ပုံမှန် ရာသီတွေမှာတော့ ခရီးသွားသူတွေမရှိကြပါဘူး။ တိမ်ပင် လယ်ခရီးစဉ်ဟာ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်ချိုကြီး

ကျေးရွာအနီးတည်ရှိတာဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင် ပိုင်း ကြားက လျှိုမြောင်ကြီး ထဲ တိမ်တွေပင်လယ်လိုဖြစ်ထွန်းပေါ်နေတာပါ"လမ်းအနေနဲ့က အကောင်းကြီးမဟုတ်ပေမယ့် သက်တောင့်သက်သာသွားလာနိုင်ပါတယ်၊ 



ခရီးသွား တွေကတော့ ကိုယ့်အစုအဖွဲ့နဲ့ကိုယ် ကြို တင်ချိတ်ဆက်ထားတဲ့ စခန်းတွေဆီညအိပ်သွား ရောက်လည်ပတ် ကြ သလို တစ်ချို့လည်းမနက် ၅ နာရီခန့်မှ နောင်ချိုမြို့တွင်းကနေ သွားရောက်လည်ပတ်တတ်ကြတယ် လို့သိရပါတယ်။


နောင်ချိုတိမ်ပင်လယ်မှာ ရှမ်းပြည် နယ် နောင်ချိုမြို့မှ နောင်ချို-ရပ်စောက် ကားလမ်းအတိုင်း သရက်ကုန်း ရွာအထိ ခြောက်မိုင်ခန့်သွားရောက်၍ သရက် ကုန်းရွာ ပြင်ကြီးကျောင်းအနီး လမ်းခွဲမှ ဉာဏ်တော၊ ရွှေသွန်း မှ နောင်ချိုကြီး ကျေးရွာအရောက် မြေလမ်းအတိုင်း ၄၅ မိနစ်ခန့်သွားရကြောင်းသိရသည်။



နောင်ချိုမြို့နယ် နောင်ချိုကြီး တိမ်ပင်လယ်နေရာ၌နှစ်စဉ် ဒီဇင်ဘာမှ မတ်လအထိ မြင်တွေ့နိုင်သော တိမ် ပင်လယ်မှာ အခြားဒေသရှိ တိမ်မြင် ကွင်းများနှင့်မတူ ဘဲ မြင်ကွင်းနေရာ ဖြစ်သည့် ဂုတ်တွင်းချိုင့်နေရာ အထက် တစ်ခုလုံးပေါ်မှာ ကြီးမားသည့် မြေပြင် ညီ ပေါ်ထွန်းသဖြင့် လာရောက်ကြည့်ရှု သူများ မြင်ကွင်း တစ်ခုလုံးရှိ တိမ်များ အားလုံးကို မျက်နှာပြင်ညီ ကြ ည့်ရှုခွင့် ရကြသည်။ 

ပြင်ဦးလွင်မြို့ကနေ နောင်ချိုကို မန္တလေး-လာရှိုးလမ်းမကြီးအတိုင်း တစ်နာရီလောက်မောင်းရပါတယ်။ နောင်ချို မြို့ရောက်ယင် နောင်ချိုစျေးမီးပွိုင့်မှ ညာဘက်ချိုးပီး ရပ်စောက်-တောင်ကြီးလမ်းအတိုင်းတည့်တည့် ၁၅မိနစ်လောက်မောင်းလာယင် လမ်းရဲ့ဘယ်ဖက်မှာ သရက်ကုန်းကျေးရွာ​ "ပြင်ကြီးကျောင်းတိုက်" ဟုရေးထားသော လမ်းညွှန်ဆိုင်းဘုတ်ကိုတွေ့ရပါမယ်။ 

ဘယ်ဖက်ချိုး၍ ထိုလမ်းအတိုင်း ဆက်​မောင်းလာပီး လမ်းထိပ်မှာ"ပြင်ကြီးကျောင်းတိုက်"ကိုတွေ့ယင် ဘယ်ဖက်ထပ်ချိုးပီး ကျောက်ချောလမ်းအတိုင်း ၁၀မိနစ်လောက် မောင်းလာယင် ဥာဏ်တောရွာကိုရောက်ပါမယ်။ 



ဥာဏ်တောရွာ မူလတန်းလွန်စာသင်ကျောင်းကိုကျော်လာပီးတည့်တည့်ဆက်သွားပါ။ ရွာ၂ရွာလောက်ကျော်လာပီး "ရွှေသွန်းရွာ" ဆိုင်းဘုတ်ကိုကျော်လာယင် ဘယ်လမ်းချိုးအတိုင်းဆက်သွားပါက နောင်ချိုကြီးရွာ​ကိုရောက်ပါတယ်။ 

နောင်ချိုကြီးရွာရောက်ယင်လမ်းရဲ့ဘယ်ဖက်မှာ တိမ်ပင်လယ်စခန်းလမ်းညွှန်ဆိုင်းဘုတ်လေးတွေတွေ့ရပါမယ်။ မိမိသွားချင်တဲ့စခန်းရဲ့လမ်းညွှန်အတိုင်း ဆက်သွားရုံပါပဲ.. 

တိမ်ပင်လယ်ကိုကြည့်နိုင်မဲ့ တိမ်ပင်လယ်စခန်း ၆ခု ရှိပါတယ်။ 

၁.Cotton Hill

၂.Cloudy Villa (1)

၃.Cloudy Villa (2)

၄.Sea Cloud Resort

၅.ဦးထွန်းရွှေ တိမ်ပင်လယ်

၆.စော်ဘွားတောင် တိမ်ပင်လယ် တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ သဘာဝအလှအပတွေကို တန်ဖိုးထား မြတ်နိးသူများအတွက်ရော အပန်းဖြေရင်း တိမ်းပင်လယ်တွေရဲ့အလှကို တဝကြီးခံစားလို့ကောင်းတဲ့နေရာလေးတခုအဖြစ် ဖော်ပြလိုက်ရပါသည်။

Crd:





No comments