New Artical

ဓမ္မ အမြင်နဲ့ နှစ်သစ်ကူး

 

ဓမ္မ အမြင်နဲ့ နှစ်သစ်ကူး
<><><><><><><><>

နှစ်သစ် ကူးတိုင်းကူးတိုင်း 
လူတွေဟာ နှစ်ဟောင်းထက် လာမယ့်နှစ်က 
ပိုကောင်းလာလိမ့်မယ်လို့စိတ်ထဲ 
မျှော်လင့်ကြတယ် 
သို့သော် 
သဒ်ဓါ , သီလ , သုတ , စာဂ , ပညာတို့ ဆိုတဲ့
အရေးပါတဲ့ အခြေအနေကောင်းတွေ 
မဖန်တီးနိုင်ဘူး ဆိုရင် 
လူတွေရဲ့မျှော်လင့်ချက်ဟာ ဖြစ်လာမှာ မဟုတ်ဘူး 
ပိုကောင်းလာဖို့ ဆိုတာ မဖြစ်နိုင်ဘူ 
နှစ်သစ်အခါ သမယမှာ 
ပိုပြီး ကောင်းလာစေချင်လို့ ရှိရင် -
-  ပိုပြီး သဒ်ဓါတရားတှေ ကောင်းလာအောင်
-  ပိုပြီး ကိုယ်ကျင့်တရားတွေ လုံခြုံလာအောင်
-  ပိုပြီး စွန့်လွတ်မှုတွေ ခိုင်မာလာအောင်
-  ပိုပြီး အသိဉာဏ်တွေ ကြွယ်ဝလာအောင်
   လုပ်ဖို့ လိုတယ် 
အဲဒီ အကြောင်းတရားတွေ ပြည့်စုံမှသာလျှင်
မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ ချမ်းသာသုခတွေ 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ဆိုတဲ့ 
ဆုတောင်းတွေ , တောင်းဆိုမှု တွေဟာ 
တစ်လုံး တစ်ဝကြီး ဖြစ်လာမှာပါ 
အေး - နှစ်သစ်ကူးတာ သက်သက်နဲ့တော့ 
ကောင်းကျိုး ချမ်းသာတွေ ရလာမှာ မဟုတ်ဘူး တဲ့ 
လောကမှာ 
" အသစ်အသစ် " ဆိုတာ
ရှည်တဲ့ကာလ အပိုင်းကလေးတစ်ခုကို 
ကြည့်ပြီးတော့ အဟောင်းကုန် ပြီးရင် 
အသစ်ကူးတယ်လို့ ဒီလို ပြောကြတာ 
ဓမ္မအမြင်နဲ့ ကြည့်မယ် ဆိုလို့ရှိရင် 
စက္ကန့်ပိုင်းအတိုင်း အသစ်ကူးနေတာပါ 
အဟောင်းကုန်ပြီးရင် အသစ်ကို ပြောင်းနေတာပါ
ဒီလကုန်ရင် နောက်လရောက်တာလည်း 
လ အသစ် ကူးနေတာပါပဲ 
ဒီနေ့ကုန်လို့ နောက်တစ်ရက် ရောက်လာတာဟာ
ရက် အသစ် ကူးနေတာပါ 
ဒီ နာရီကုန်လို့ နောက် နာရီ ဆိုတာလည်း 
အသစ် ကူးနေတာပါ 
နောက်ဆုံး ဒီစက္ကန့်လေးကုန်သွားလို့ 
နောက်စက္ကန့်လေး ဆိုတာလည်း ကူးနေတာပါ 
နေ့စဉ်နဲ့ အမျှ 
" အသစ် ၊ အသစ် " တွေချည်းပါပဲ 
အဲသလို 
အဟောင်း , အဟောင်းတွေ ချုပ်သွားပြီး
အသစ် , အသစ်တွေ ပေါ်လာနေတယ် ဆိုတာ 
လောကရဲ့ မတည်မြဲတဲ့ ၊ ရပ်တည်မနေတဲ့
အစဉ်ထာဝရ ရွှေ့ပြောင်းနေတဲ့ 
သဘာဝတရားကြီးမျှသာ ဖြစ်ပါတယ် 
တကယ် စဉ်းစားကြည့်မယ် ဆိုလို့ရှိရင် 
အသစ်ကို မျှော်တာဟာ တဏှာ လောဘရဲ့ 
သွေးဆောင်မှုတစ်ခုသာ ဖြစ်တယ် 
အသစ်ကို မျှော်ခြင်းသည် 
တဏှာ မကင်းသူတို့ရဲ့ 
အတွေး တစ်ခုမျှသာ ဖြစ်တယ် 
နေ့စဉ်နဲ့ အမျှ ကြည့်လေ 
နေကြီးထွက်လာပြီးတော့ ဝင်သွားလို့ရှိရင် 
မနက်ဖြန်ခါ နေအသစ် ပေါ့ 
အဲဒီလို နေ့တွေ , လတွေ 
အသစ်အသစ် ပြောင်းနေတဲ့ အချိန်ကိုတော့ 
အသစ်လို့ မထင်ဘူး 
နဲနဲလေး ကြာလာတဲ့အခါ ကျတော့ 
လပေါင်း ၁၂ လ , ရက်ပေါင်း ၃၆၅ ရက် 
ကြာညောင်းလာတဲ့ အခါ ကျတော့ 
နှစ်ဟောင်း ကုန်လို့ နှစ်သစ် ရောက်လာပြီ လို့ 
လူတွေက သတိထား မိလာတာပါ 
ဝိပဿနာဉာဏ်နဲ့ ဆက်စပ်သုံးမယ် ဆိုလို့ ရှိရင်
စက္ကန့်ပိုင်းတိုင်းမှာ အသစ်အသစ် 
ပြောင်းနေတယ်လို့ သိလာနိုင်တယ် 
အဲဒီတော့ 
အသစ်ပြောင်းတာတွေကို မျှော်လင့်နေမယ် ဆိုရင် တဏှာလောဘရဲ့အမြင်နဲ့ 
မျှော်လင့်နေတာသာ ဖြစ်တယ် 
ကောင်းကျိုးတရားတွေ ဖြစ်မလာနိုင်ပါဘူး 
အဲဒါကြောင့်
အသစ်ကိုမျှော်တာ ရုတ်သိမ်းလိုက်တယ် 
တရားအမြင်နဲ့ ကြည့်လိုက်မယ် ဆိုရင် 
" အသစ်ရော ၊ အဟောင်းရော " အတူတူပါပဲ 
အသစ် မမျှော်တော့ဘူး 
ဒါကြောင့် မြတ်စွာဘုရားက 
" အယမန်တိမာ ဇာတိ ၊ နတ်ထိ ဒါနိ ပုနဗ်ဘဝေါ " 
ငါ့ဘဝဟာ ဒါ နောက်ဆုံးပဲ 
နောက်ထပ် မရှိတော့ဘူးလို့ မိန့်တော်မူပါတယ် 
အသစ်ကို မမျှော်တော့ဘူး ဆိုလို့ရှိရင် 
ဒါဟာ သံသရာမှာ ဒုက္ခတွေ ချုပ်ငြိမ်းသွားခြင်းသာ 
ဖြစ်ပါတယ် 
အသစ်မျှော်နေသေး သမျှ သံသရာထဲမှာ
ဒုက္ခတွေနဲ့ ဆုံကြ , ကြုံကြရဦးမှာ ဖြစ်ပါတယ် 
ဒါကြောင့် 
-  တဏှာရဲ့မျှော်လင့်ချက်မျိုး မဖြစ်ပဲနဲ့
   မိမိတို့ရရှိလာတဲ့ နှစ်သစ်ကာလ အခါသမယမှာ 
-  မဖြစ်သေးတဲ့ သဒ်ဓါတရားတှေ ဖြစ်လာအောင်
-  မဖြစ်သေးတဲ့ ကိုယ်ကျင့်တရားတွေ 
   ကြီးထွားလာအောင်
-  မဖြစ်သေးတဲ့ စာဂတရားတွေ 
   များပြားလာအောင်
-  မဖြစ်သေးတဲ့ ပညာတရားတွေ 
   အသစ် ဖြစ်လာအောင် 
   ကြိုးစားခြင်းသည်သာလျှင် 
တကယ့်အစစ်အမှန် ဖြစ်တယ် ဆိုတာ ယုံကြည်ပြီး 
အားလုံးသော တရားချစ်ခင် သူတော်စင် 
ပရိတ်သတ် တိျု့သညျ -
နှစ်သစ်ကူးပြီးစ နှစ်ဦး အခါသမယမှာ 
ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မကို 
လိုက်နာကျင့်သုံးနိုင်ကြပါစေ လို့ 
ဓမ္မလက်ဆောင် ပေးတဲ့အနေနဲ့ 
ဒီတရားကို ဟောကြားအပ်ပါတယ် 
#ပါချူပ်_ဆရာတော်_ဘုရား
[ နှစ်ဦးကာလ ဓမ္မလက်ဆောင်၊ စာ-၄၀- ၄၅ ]မှ
ကောက်နုတ်ပူဇော်ဓမ္မဒါနပြုပါသည်။
Credit 

No comments