New Artical

ပိန်းရွက် ၊ ပိန်းရိုးရဲ့အစွမ်း

 


ရှမ်းအဖွားအိုတစ်ဦးပေးတဲ့ ဆေးနည်း

တောမီးလောင်နေတာကို တပ်မတော်သားတစ်ဦးက ကြံခင်းများသို့ မီးကူးစက်မည်စိုး၍ ဝိုင်းဝန်းငြိမ်းသတ်ရာက တောမီးအရှိန်မီးတောက်ဟပ်ပြီး လက်ပြင် တစ်ခုလုံးမြင်မကောင်းအောင်ဖြစ်တော့သည်။ဘာလုပ်ပေးရမည်မသိဖြစ်နေစဉ်

ရှမ်းအဖွားအိုတစ်ဦး ပိန်းရိုးပိန်းရွက်များခူးလာကာ ကြိတ်ချေအရည်ညှစ်၍ မီးလောင်နာ ပေါ်သို့ချပေးလေသည်။ပိန်းပင်၏ အရည်သည် ပူခြင်းစပ်ခြင်းမရှိပါပဲ အေးမြသောအတွေ့ ကိုခံစားရသည်ဆိုသည်။ထိုနောက်ပိန်းရိုး၊ပိန်းရွက်ညှစ်ရည်များကို အသာတင်အုံပြီး အဝတ်ဖွဖွစည်း ပေးခဲ့လေသည်။

နေ့စဉ် ပိန်းရိုး၊ပိန်းရွက် သတ္တုရည်ကို မီးလောင်နာတွင်ထည့်ပေးခြင်းနှင့် အုံစည်း ပေးခြင်းကို (၄)ရက်ဆက်တိုက်ပြုလုပ်ပေးလေရာ မီးလောင် နာမှာလက်ပြင်တစ်ခုလုံး ဖူးယောင်ညိုမဲ သွေးသံရဲရဲမှ အနာဖေးတက်ပြီး ဖြူသွားကာပျောက်ကင်းသွားပါတော့သည်။

ရှမ်းအဖွားအိုပြောပြသည်မှာ မောရှမ်းတို့၏ဆေးနည်းဖြစ်ပြီး မီးလောင်၊အပူလောင် အနာတရများ၊ ရုတ်တစ်ရက်ထိခိုက် ဒဏ်ရာရပါက ပိန်းပင်မှညှစ်ရည်သည် အစွမ်းထက်လှသည်ဆိုသည်။ တချို့က ပိုပြီးအစွမ်းထက်သည်မှာ “ပိန်းနက်ပင်” ဖြစ်သည်ဟုလည်းဆိုပါသည်။လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးးနိုင်ပါစေ..။

Credit

No comments