New Artical

တချို့ဝဋ်ကြွေးတွေဟာ ချိုမြိန်လွန်းတော့ ဝဋ်လို့တောင် မထင်ကြဘူး

 

တချို့ဝဋ်ကြွေးတွေဟာ ချိုမြိန်လွန်းတော့ ဝဋ်လို့တောင် မထင်ကြဘူး


အကြွေးကျေအောင် ဆပ်ခဲ့ပါ တစ်ချို့ဝဋ်တွေဟာ ချိုမြိန်လွန်းတော့ ဝဋ်လို့တောင် မထင်ကြပါဘူးတဲ့။ လစာကလည်း နှစ်ပဲတစ်ပြား ထမင်းစားကျွန်ခံ နှစ်ပေါင်းများစွာ အစေခံလုပ်နေရတဲ့သူတွေ ပိုသက်သာတဲ့ အိမ်လစာ ပိုရမယ့် အိမ်တွေရှိပါရက်နဲ့နှိပ်စက်ခံနေရတဲ့ အိမ်မှာပဲတွယ်ကပ်ပြီး နေမိနေတာ သံယောဇဉ် ဝဋ်ကြွေး။

မကောင်းလွန်းတဲ့ လင် မကောင်းလွန်းတဲ့ မယား မကောင်းလွန်းတဲ့ ယောက္ခမ မကောင်းလွန်းတဲ့ လူစိမ်းတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုမှာ အကျဉ်းသားလို ပိတ်မိနေတာ အိမ်ထောင်ရေး ဝဋ်ကြွေး။

မကောင်းလွန်းတဲ့ မောင်နှမ မကောင်းလွန်းတဲ့ သား သမီးရွေးချယ်ခွင့်မရှိတဲ့ ဘဝနဲ့ဆုံခွင့်ရတာ မိသားစု ဝဋ်ကြွေး။ 

သာပေါင်း ညာစား မိတ်ဆွေတွေ အဆိုးကိုသာ မြင်ချင်နေကြပြီး မကောင်းလွန်းတဲ့ အကြံဉာဏ်တွေနဲ့ အရောက်ပို့ ပို့ပေးတတ်ကြပြီး နောက်ကျောကို အလစ်မှာထိုးဖို့ ဓားဆောင်ထားကြတဲ့ မကောင်းလွန်းတဲ့ မိတ်ဆွေ တွေသူငယ်ချင်းတွေကို မပေါင်းပဲနဲ့လည်း မနေနိုင်ပြန်သူတို့ထက် သာလွန်ကောင်းမွန်တဲ့ မိတ်ဆွေတွေနဲ့လည်း အတူမနေနိုင်ပဲဒီလူတွေ ဒီမျက်နှာတွေနဲ့ပဲ နေ့စဉ်ဖြတ်သန်း နေရတာက လူမှုရေး ဝဋ်ကြွေး။

အမြဲ ကြိုးစားနေတယ် အမြဲတမ်း ရုန်းကန်တက်ကြွနေတယ်။ ဘာတစ်ခုမှ အဆင်မပြေဘူး လုပ်သမျှ ပြိုလဲ ပျက်စီးတယ်။ အခြေအနေ ကောင်းတယ် အောင်မြင်တယ် မီးလောင်တယ် ကင်ဆာဖြစ်တယ် ထောင်ကျတယ် ဘုန်းကြီးတယ် သက်မရှည်ဘူး။ သက်ရှည်တယ် ဘုန်းမကြီးပဲ ငမွဲဖြစ်နေတယ် အဲဒါတွေက အတိတ်ဝဋ်ကြွေး။

မကောင်းတဲ့သူကိုမှ တွယ်ကပ်မိနေတယ် ခွာဖို့လည်း မကြိုးစားဘူး သူ့ရဲ့ရက်စက်မှု မိုက်ရိုင်းမှု တာဝန်မဲ့မှုကို ပျော်ပျော်ကြီးခံယူရင်း မျက်ရည်တွေကို ပြုံးပြုံးကြီး ကျပစ်တယ်။ သူ့ထက်သာတဲ့သူ သူ့ထက်ပိုချစ်မယ့်သူကို တွေ့လာရင်လည်း မခွာသွားနိုင်ဘူး။ ဒါက( ၁၅ဝဝ )ဝဋ်ကြွေး။

အဲ့ဒီဝဋ်ကြွေးတွေကို ကျေအာင် ဆပ်သွားကြပါ။ ဘယ်တော့မှ အသစ်ထပ်မယူနဲ့။ တစ်လပေးဆပ်ဖို့ ပါလာရင် တစ်လပေးဆပ်ရမယ်။ ဆယ်နှစ်ဆပ်ရမယ်ဆိုရင် ဆယ်နှစ်၊ တသက်လုံးဆပ်ရဖို့ ပါလာရင် တသက်လုံးပဲ ဆပ်။

ကျေသွားတဲ့နေ့ ဝဋ်ကြွေးကုန်သွားတဲ့နေ့ ရောက်ရင် သင့်ကို ဆွဲထားရင်တောင် သင်မနေတော့ပါဘူး။ အရာအားလုံးကို လွှတ်ချထားခဲ့ပြီး ပေါ့ပါးစွာ ကျောခိုင်းသွားနိုင်မှာပါ။ ပြန်ဆပ်စရာ ဝဋ်ကြွေးမရှိတဲ့အချိန် ကိုယ်စိုက်ခဲ့တဲ့အပင် ကိုယ်ပြန်ရိတ်ရမယ့် အချိန်ရောက်ရင် သံသရာမှာ သင်အားထုတ်ခဲ့တဲ့ ကုသိုလ်ကံတွေ ပြန်အကျိုးပေးလာရင် သင်ပျော်ရမှာပါ။ ဒါကြောင့် ဝဋ်ကြွေးရှိရင် ကုန်အောင်ဆပ်ပါ။ ကျေအောင်ပေးခဲ့ပါ။

Credit


No comments