New Artical

ခါးနာပေါင်တန်းအာရုံကြောညပ်တင်ပါးခွက်ကိုက်Sciaticaရောဂါ


ခါးနာပေါင်တန်းအာရုံကြောညပ်တင်ပါးခွက်ကိုက်Sciaticaရောဂါ

အဆိုးဝါးဆုံးရောဂါပါ… အခံရအခက်ဆုံး ရောဂါပါလို့ ကျနော်ပြောလျှင် ယုံနိုင်မည်မဟုတ်ပါ ကိုယ်တိုင်မှ မခံစားဖူးတာကိုး။ သင့်ပတ်ဝန်းကျင်၌ ခါးကြီးစေါင်းငန်းစေါင်းငန်းနဲ့ သွားနေသူတွေ။ တင်ပါးခွက်ကလေးကို ဖိကာပွတ်ကာ သွားလာနေတဲ့သူတွေ။ ပေါင်ကိုက် ဒူးကိုက် ခြေသလုံးတလျှောက် ထုံကျင် နေတဲ့သူ တွေတွေ့လျှင် အင်တာဗျူးကြည့်ပါ။ လေသံတခုတည်းထွက်တာ တွေ့ရပါလိမ့်မည် (ရောဂါအတော်စုံအောင် ဖြစ်ဖူးပါတယ်ဗျာ… ဒီတခါအခံရခက်ဆုံးပဲ) လို့ဖြေကြပါလိမ့်မည်။
 
ဒီရောဂါအကြောင်းကို ကျနော့်ဆရာသမား (Fighter အရာရှိကြီး)တယောက် အိပ်ယာပေါ်က မထနိုင်ပဲ ကိုက်ခဲလွန်းလို့ မျက်ရည်တွေကျပြီး အံကြိတ်ခံနေရတာ မကြည့်ရက်လို့ ကျနော်ထဲထဲဝင်ဝင် လေ့လာဖူးသည်။ သူ့အခြေအနေက မတ်တပ်ပင်မရပ်နိုင်ရှာတော့။ လူကခါးတစေါင်း ကြီးဖြစ်နေပြီ။ တပ်မတော်ကပင် ထွက်ရတော့မည့် အနေအထားပါ။
 
ကျနော်နဲ့ သိကျွမ်းသော အရိုးအကြောပါရဂူတွေ… Rehabilitation ပါရဂူတွေ…… Phisiotheraphist တွေ စုံနေပါဘီ။ MRI ရိုက် ဓါတ်မှန်ရိုက်… လေ့ကျင့်ခန်းလုပ်… အကိုက်အခဲ ပျောက်ဆေးမျိုးစုံ သောက်…် ဓါတ်ကင်Vibrator နဲ့နှိပ်…… မထူးခြားတော့ ဗမာဆရာတွေအကြော ပညာရှင်တွေ……အနှိပ်ပညာရှင်တွေ အို- မြန်မာပြည် တနံတလျား စုံသလောက်နီးပါး ဆိုပါတော့ ကုန်လိုက်တဲ့ငွေ…… သွားလိုက်ရတဲ့ခရီး…… အချိန် ကတဖြည်းဖြည်းနဲ့ တနှစ်ပြည့်တော့မည်။ မသက် သာသည့်အပြင် ပို၍ပို၍ ဆိုးလာပါသည် ခြေထောက်ပါ ထုံကျင်လာပြီး ညာခြေထောက်ကအာ ရုံခံစားမှုမရှိတော့။ တင်ပါးခွက်ထဲကမချိမဆန့် ကိုက်ခဲသည့် ဒဏ်ကိုအယင်ကလို အံကျိတ်မခံနိုင် တော့သဖြင့်အော်ဟစ်၍ ခံစားနေရရှာသည်။
 
ကျနော်လည်းလက်လှမ်းမှီရာဆေးပညာ စာစောင်တွေ။ အာယုဗ္ဗေဒတွေ စုံစီနဖာဖတ်သည်။ ခါးခွဲလျှင် ပျောက်နိုင်သည်။ ပြန်ဖြစ်ချင်လည်းဖြစ်မည်။ အကြမ်းဖျဉ်းပြောရလျှင် လူ့ခန္ဓာကိုယ်မှာ အကြီးဆုံး အာရုံကြောမကြီး Sciatic Nerve ဟာ ခါးရိုး L4,L5 နေရာကစထွက်ပြီး ဘယ်ညာဖြာကာ တင်ပါးခွက်မှတဆင့် ခြေထောက်တလျှောက်ကို Supply လုပ်ပါတယ်။ ခါးရိုးကျဉ်းသူ, ခါးဆစ်မှာ အတက(်ကျီးပေါင်း) ထွက်သူ။ ခါးရိုးတီဘီရှိသူ ။ ခါးဆစ်တခုနှင့် တခုကြားကDisc  အပြားလေးများ ကျွံထွက်သူ တို့မှာ ထိုအာရုံကြောကို ဖိမိထိမိသဖြင့် မခံစားနိုင်လောက်အောင် Lကွေးနေရာဖြစ် သောတင်ပါးခွက်မှာ သွားကိုက်ခဲတာပါ။ သေသေ ချာချာသိထားရမှာတခုက ဖြစ်ထာကခါးပါနော်။ ခံစားရတာကတင်ပါးခွက်ပါနော်။ ဆရာဝန်တွေက ဘယ်ဘက်ဖြစ်လျှင် Sciatica Left ညာဖက်ဖြစ်လျှင် Sciatica Right လို့ခေါ်ဆိုကြပါတယ်။
 
တချို့ သဘောတရား နားမလည်တဲ့ အနှိပ်ဆရာတွေက လူနာ တင်ပါးခွက်ကိုက်တယ် ပြောလေ တင်ပါးခွက်ကို စွတ်နှိပ်လေ  ကိုက်နေတဲ့အာရုံ ကြောကိုနှိပ်တော့ လူနာကလည်းသက်သာသ ယောင်ယောင်ပေါ့။ ခဏနေရင်တော့ အကြောတွေက ယောင်ကိုင်းထလာပြီး အော်ရဘီ ငိုရဘီ ပေါ့။ ဒါကြောင့် နားမလည်တဲ့လူနဲ့ မပြမိပါစေနဲ့။
 
ဒီရောဂါ ဘာကြောင့်ဖြစ်သလဲမေးရင် အခန့်မသင့်လို့ပဲလို့ ဖြေရလိမ့်မယ်ထင်ပါရဲ့ ။ ယေဘူယျအားဖြင့် အဝလွန်သူ-  အထိုင်များသူ - ဆီးချိုရှိသူ - ခါးအလုပ်များသူ လို့အယင်က ဆို ခဲ့ကြပေမယ့် သုတေသန စစ်တမ်းအရ အမေရိကန် မှာအသက်၄၀ ကျော်ရင်ကျား ၈၄ /ံ့ မ ၇၄ /ံ့ ဖြစ်ပါသတဲ့။ တနည်းပြောရလျှင် လူတိုင်းနီးပါးဟာ တချိန်ချိန်မှာဖြစ်လာနိုင်တယ်လို့ဆိုလိုပါတယ်။
 
Cauda Equina Sydrome လို့ခေါ်တဲ့အာရုံ ကြောမျှင်တွေ ဖိနှိပ်ထိခိုက် ခံရတဲ့အခါနာတာရှည် ဖြစ်သွားပြီး ဆီးဝမ်းမထိမ်းနိုင် အောက်ပိုင်းသေ ကြာလာရင် အကြောသေ လေဖြတ်တဲ့အထိမို့ ပေါ့လို့ရတဲ့ရောဂါ မဟုတ်ပါဖူး။ 
 
ကဲ ဆေးနည်းလေး - စလိုက်ကြရအောင် အချိန်ဆယ်မိနစ်ဆိုရပါပြီ။ အိပ်ကာနီး အိပ်ရာမဝင်ခင် အချိန် ဆိုပါတော့ မိမိရှေ့မှာ … ခါးလောက်ရှိတဲ့ တန်း(သို့)ခုံ (သို့) ပြူတင်းပေါက်ဘောင် တခုခုရှိပါစေ။လူက နှစ် တောင်လောက်ခွာပြီးခြေစုံရပ်ပါ။ဘယ် (သို့)ညာ ခြေတဖက်ကို ထိုတန်းပေါ်သို့ လှမ်းတင်လိုက်ပါ။ ကျန်တဖက်က ရပ်လျက်ပေါ့။ ထိုသို့တင်လိုက်ပါ ကထိုခြေထောက်၏ ပေါင်ကြောများတောင့်တင်း နေပါလိမ့်မည်။ ၄င်းပေါင် ခြေသလုံး အောက်ဖက်ရှိ ကြွက်သားများကို မိမိလက်၂ဖက်နှင့် နှိပ်နယ်ချေ ပေးပါ။ ငါးမိနစ်ခန့်။ ပြီးလျှင်နောက်တဖက်ပြောင်း အလားတူ။
 
အရမ်းမချွံထက်သော အုန်းမှုတ်ခွက်(တခြမ်းစီ) အနေတော်ကို ကြမ်းပြင်မှာ ချထားပါ။ ဘယ်ညာ ၂ဖက်စလုံး တက်ရပ်ပါ။ ပြီးလျှင်ဘယ်ညာဘယ် ညာစည်းချက်ကျကျ အချက်၁၀၀ခန့်နင်းပါ။ နင်းသည့် အခါခြေဖဝါး အလယ်ခွက်မနင်းရပါ။ ခြေဖဝါးစေါင်းပတ်လည် ဘယ်စေါင်းညာစေါင်း ဖနောင့်ခြေဖျားလေးများ စုံအောင် နှံ့အောင် ပူထူလာအောင်နင်းရမည်။ ပြုတ်မကျအောင် တန်းတခုခုကိုကိုင်ထားပါ။ ပြီးပါပြီ။ ဒါပါပဲ။
 
 ထိုအချိန်မှစ၍တညလုံးခြေဖဝါး ရေမထိပါစေနှင့်။ တညလုံးခြေဖဝါးကအပူတွေ တရှိတ်ရှိတ် ထွက်သလို ခံစားရပါလိမ့်မည်။ အလွန်လွယ်ကူပါသည်။ တခုပဲ သတိပြုရမည် ရောဂါကြီးလျှင် ပထမဆုံး ခါးအမြင့်လောက် ခြေထောက် ကိုမြှောက်နိုင်မည် မဟုတ်ပါ။ နိုင်သလောက်အမြင့်ပဲ လုပ်ခိုင်းပြီး တဖြည်းဖြည်းချင်း တိုးမြှင့်သွားပါလေ။ အလွန်လွယ်ကူသောနည်းမို့ အထင်မသေးပါနှင့်။ ကျနော်နည်းပေး၍ပျောက်ကင်းသွားသူ ၁၂ ဦးထဲတွင် ဂျာမန်မှ Odee Harlan ဆိုသောဆရာဝန် တယောက်ပါဝင်ပါသည်။
 
အုန်းမှုတ်ခွက်နင်းရုံနဲ့ဘာကြောင့် ပျောက်သလဲ? ကျနော့်ကိုလာမမေးပါနှင့်။ ပထဝီ တေဇော အာပေါ ဝါယော ကျနော်မသိပါ။ ကျနော် ဗိန္နောဆရာမဟုတ်ပါ ။ အရိုးအကြောပညာရှင် Ortho/physiotheraphy /Rehabilitation ကျနော်ဘာမှမသိပါ။ ကျနော်ဆရာဝန်လည်း မဟုတ်ပါ။ ဆေးပညာလည်း နားမလည်ပါ။ သာမန် တဦးသာဖြစ်ပါသည်။ ပျောက်ခဲ့ဖူးလို့ ပျောက်စေချင်လို့ အတွေ့အကြုံမျှဝေခြင်းသာဖြစ်ပါသည်။ ယုံကြည်လျှင် လုပ်ကြည့်ပါ။
 
မနေ့က ဝေဒနာရှင်တဦးနှင့်တွေ့၍…အကြံပေး စကားပြောကြားရင်း ဒီအကြောင်းရေးဖို့ စိတ်ကူး ရလာတာပါ။ စေတနာရှေ့ထား သနားစာနာစိတ် ဖြင့်ရေးခြင်းဖြစ်ပါသည်။
 
Credit

No comments