New Artical

စာဖတ်ခြင်းဖြင့် ရင့်ကျက်အောင်နေပါ

 

စာဖတ်ခြင်းဖြင့် ရင့်ကျက်အောင်နေပါ

အရင်တုန်းက တစ္ခုခု ဒေါသထွက်ရင် ချက်ချင်း မစဉ်းစားပဲ ပြန်ပြော ပြန်လုပ်တတ်ပေမယ့် အခုတော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့ နဲ့ ပေါက်ထွက်တော့မယ့် ဒေါသတွေကို အချိန်မီ ပြန်မျိုချတတ်လာတယ်။ အရင်တုန်းက သူများဝေဖန်ရင် အိပ်ရေးပျက်တဲ့အထိ ခံစားတတ်ပေမယ့် အခုတော့ တဖက်နားက ဝင်ပြီး အခြားတစ်ဖက်က ထွက်သွားတယ်။
 
အရင်တုန်းက ရင်ဘတ်ထဲက ခံစားတာတွေကို ဦးစားပေးခဲ့ပြီး အရူးကြီးတစ်ယောက်လို ဖြစ်ပေမယ့် အခုတော့ နှလုံးသားကို ခဏအနားပေးပြီး ဦးနှောက်ကိုပဲ ပိုမျက်နှာသာပေးမိတယ်။ အရင်တုန်းက လူတစ်ယောက်ကို လွယ်လွယ်ကူကူ ယုံကြည်တတ်ပေမယ့် အခုတော့ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်ပြီးမှ ယုံတတ်လာတယ်။
 
အရင်တုန်းက ချစ်ရင် ချစ်တယ်။ မုန်းရင်မုန်းတယ် နေလို့ရခဲ့ပေမယ့် အခုတော့ မုန်းတဲ့လူကို ပြုံးပြပြီး ချစ်တဲ့လူကို ဥပေက္ခာပြုတဲ့ အလေ့အကျင့်တွေလဲ ပိုင်ဆိုင်လာတယ်။ အမှန်တိုင်းပြောရရင် ငယ်စဉ်က စိတ်ထဲရှိ သလိုနေရတဲ့ ဘဝလေးကိုသတိရတယ်။ 
 
ဒါပေမယ့် "ရောမ"ရောက်ရင် "ရောမသား"တွေ လို ကျင့်ကြံရတယ်ဆိုတဲ့ စကားပုံအတိုင်း အသက်အရွယ်နဲ့အတူ ပြောင်းလဲလာရတယ်။ အမှားတခုစီက သင်ခန်းစာတွေပေးခဲ့တယ်။ အချို့အမှားတွေက ပြင်းထန်လွန်းလို့ အမာရွတ် တွေ ကျန်ခဲ့တယ်။ 
 
ဒါပေမယ့် အဲ့ဒိအမာရွတ်တွေကို ဆုတံဆိပ် တွေလို ဂုဏ်ယူစွာ တပ်ဆင်ထားတယ်။ ဘယ်လောက် ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး ဒီအခြေအနေထိ ရောက်လာလဲ ဆိုတာကို ဖော်ပြနေတဲ့ အမှတ်အသားတွေမို့ တန္ဖိုးထား တယ်။
အသက်ကြီးလို့လူကြီးဖြစ်တာထက် အသိကြီး လို့ လူကြီးဖြစ်တာက ပိုကောင်းပါတယ်။ ။
 

မိုးရှင်း

No comments