New Artical

လေယာဉ်ပျက်ကျမှုမှာ တန်ခိုးပြကာကွယ်ပေးခဲ့သော တောင်ပုလုဆရာတော်ဘုရားကြီး၏ ကမ္ဘာကျော်ဖြစ်ရပ်


ကမ္ဘာကျော်လေယာဉ်ပျက်ကျမှုမှာတန်ခိုးပြကာကွယ်ပေးခဲ့သော တောင်ပုလုဆရာတော်ဘုရားကြီး၏  ကမ္ဘာကျော်ဖြစ်ရပ်

လေယာဉ် ပျက်ကျတော့မယ့် အချိန်မှာ တန်ခိုးပြ ကာကွယ်ပေးခဲ့သော တောင်ပုလုဆရာတော်ဘုရားကြီး၏ ကမ္ဘာကျော် ဖြစ်ရပ် ..ဘာသာရေးနှင့်ဆက်နွယ်သော အထွေထွေ ဗဟုသုတလွန်ခဲ့တဲ့ ၃၈ နှစ်လောက်က ထူးခြားဖြစ်စဉ်တခုပါ.မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့ အနီးရှိ တောင်ပုလု တောရရိပ်သာတွင် သီတင်းသုံးနေထိုင်ခဲ့သော တောင်ပုလု ဆရာတော် ဘုရားကြီးသည် တစ်ချိန်က ရဟန္တာဟု ထင်ပေါ်ကျော်ကြားခဲ့သည်။

ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူ တစ်ယောက်အကြောင်း အပါအဝင် စာအုပ်ပေါင်းများစွာကို ရေးခဲ့သူ စာရေးဆရာ ဒါရိုက်တာဦးဆန်းလွင်သည် တောင်ပုလု ဆရာတော်ဘုရားကြီးကိုအကြောင်းပြု၍ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ အရှင်အာဒိစ္စရံသီ ဘွဲ့အမည်ဖြင့် ရဟန်းဝတ်ပြီး မြန်မာပြည်အနှံတရားများ လှည့်လည် ဟောခဲ့ပါသည် ။

ပျဉ်းမနား မဟာမြိုင် ဆရာတော် ဦးဇောတိကသည်လည်း ဆရာတော်ကြီးကို အကြောင်းပြု၍ ဘာသာကူးပြောင်းကာ ရဟန်းဝတ်ပြီး စာအုပ်ပေါင်းများစွာရေး၍ ကမ္ဘာ့နိုင်ငံ အသီးသီးကို လှည့်လည်တရားဟောခဲ့ပါသည်။1970 ခုနှစ်ကျော်ဝန်းကျင်လောက်က အမေရိကန်ကို ပျံသန်းတဲ့လေယာဉ် တစ်စီးဟာ ကောင်းကင်ယံမှ ပျက်ကျလုဆဲဆဲ ဖြစ်ခဲ့တယ် ။

အဲ့ဒီအချိန်မှာဘဲ လေယာဉ်မူးနှစ်ဦးဟာ လေယာဉ်ဦးခေါင်းရှေ့တည့်တည့်မှာ သင်္ကန်းဝတ်နဲ့ ရဟန်းတော်တစ်ပါး ကိုမြင်လိုက်ရပြီလေယာဉ်ပျံဟာ ရုတ်တရက်ပြန်လည်ကောင်းသွားပြီး အမေရိကန်ကို ချောမောစွာ ပြန်လည် ရောက်ရှိခဲ့ပါတယ် ။

အဲ့ဒီသတင်းကို အမေရိကန်သတင်းစာမှာ ဟိုးလေး တစ်ကျော်ဖြစ်ခဲ့ပြီး မြန်မာ ရဟန်းတော်တစ်ပါးက လေယာဉ်ကိုကယ်တင်ခဲ့ကြောင် းအကျယ်တစ်ဝန်း ရေးသားဂုဏ်ပြုကြတယ် ။အဲ့ဒီ အဖြစ်အပျက်ကို အဲ့ဒီလေယာဉ်မှာပါတဲ့ခရီးသည်တွေတောင်မသိလိုက်ဘူးတဲ့ အဲ့ဒီလေယာဉ်မှာပါတဲ့မြန်မာနိုင်ငံက သစ်ကုန်သည် ဒေါ်ခင်ဝင်းဆိုသူဟာအံသြပြီး အမေရိကန်ကို အဲ့ဒီနေ့က ထွက်တဲ့ လေယာဉ်ရဲ့ ခရီးစဉ်ကို လှမ်းစုံစမ်းကြည့်တော့ အဲ့ဒီနေ့က ခရီးသည်တွေမှာ မြန်မာနိုင်ငံသားနှစ်ဦးပါပြီး တစ်ဦးက ဒေါ်ခင်ဝင်းဖြစ်ကာ တစ်ခြားတစ်ဦးက တောင်ပုလု ဆရာတော်ကြီးပါတဲ့ ။

ဒေါ်ခင်ဝင်းဟာ တောင်ပုလု ဆရာတော်ဘုရားကြီးပုံကို လေယာဉ်မှုးတွေကိုပြတဲ့အခါ လေယာဉ်ဦးခေါင်းပိုင်းမှာ ရပ်ပြီး လေထဲမှာ သင်္ကန်းတလူလူနဲ့လွင့်နေတာ အဲ့ဒီ ရဟန်းတော်ပါတဲ့။အဲ့ဒီ လေယာဉ်မှုးတွေရဲ့ကျေးဇူးကြောင့် အမေရိကန်မှာ တောင်ပုလုတရားစခန်းတစ်ခု ဖွင့်လှစ်ပေးပြီး ခုအချိန်ထိ သာသနာပြုနေကြပါတယ်။


Credit

No comments