New Artical

ဂေါ်ရခါးစစ်သားတွေတောင် ကြောက်ရတဲ့ မြန်မာတို့ရဲ့ “မ ထူး တော့ ဘူး ” ဆိုတဲ့ စကားလေးလုံး

မြန်မာတို့ရဲ့ "မ ထူး တော့ ဘူး " ဆိုတဲ့ စကားလေးလုံး

ကမ္ဘာကျော် နာမည်ကြီးတဲ့ နေပါလိ ဂေါ်ရခါးစစ်သားတွေတောင် ကြောက်ရတဲ့ မြန်မာတို့ရဲ့ “မ ထူး တော့ ဘူး ” ဆိုတဲ့ စကားလေးလုံး

မြန်မာပြည်ကို အင်္ဂလိပ် အုပ်စိုးထားတဲ့ အချိန်က… ။ နီပေါ နိုင်ငံမှာပေါ့…။

မြန်မာပြည်ကို လာရောက်ပြီး တာဝန် ထမ်းဆောင်မယ့် နေပါလိ ဂေါ်ရခါး စစ်သားလေးကို သူ့အဖေ အငြိမ်းစား စစ်ပြန်ကြီးက သေချာမှာတယ်… ။

” မြန်မာ လူမျိုးတွေက သဘော ကောင်းတယ် … ဖော်ရွေတယ်… ယဉ်ကျေးတယ်… ဘာသာတရား ကိုင်းရှိုင်းတယ်… ချစ်စရာ အင်မတန် ကောင်းတယ်… ။

ဒါပေမယ့် သူတို့ ပါးစပ်ကနေ ” မထူးတော့ဘူး ” ဆိုတဲ့ စကား အသံတွေ ထွက်လာရင် ချစ်စရာအကောင်းဆုံး လူမျိုးကနေ ကြောက်စရာအကောင်းဆုံး လူမျိုး ဖြစ်သွားတယ်… ။

အဲ့စကားအသံ ထွက်လာပြီးရင် သူတို့က ဘာကိုမှ မကြောက်တော့ဘူး… ။ သေရမှာလည်း မကြောက်တော့ဘူး… သတ်ရမှာလည်း မကြောက်တော့ဘူး… ။ ဘုရားလည်း မကြောက်တော့ဘူး… ငရဲလည်း မကြောက်တော့ဘူး… ။ မလုပ်ရဲတာ ဘာမှ မရှိတော့ဘူး… ။

” ငါ့သား … မြန်မာတွေ ပါးစပ်ကနေ ” မ ထူး တော့ ဘူး ” ဆိုတဲ့ စကားအသံ ထွက်လာရင် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် အိမ်ကို ရောက်အောင် ချက်ချင်း ပြန်လာခဲ့တော့… ”

အဲ့လို ဆုံးမပြီး… ” မ ထူး တော့ ဘူး ” ဆိုတဲ့ မြန်မာစကားလေးလုံး အလွတ်ရအောင် ကျက်ခိုင်းပါတယ်… ။ ပြောချင်တာက ကျနော်တို့ လူမျိုးတွေ အကြောင်းကို တခြားလူမျိုးတွေက ပိုသိနေတယ် ဆိုတာပါပဲ… ။

ရဲစွမ်းသတ္တိ ၊ သေရဲ ၊ သတ်ရဲ ၊ တိုက်ရည်ခိုက်ရည် ပြည့်ဝတဲ့ နေရာမှာ ကမ္ဘာကျော် နာမည်ကြီးတဲ့ နေပါလိ ဂေါ်ရခါးစစ်သားတွေတောင် ကြောက်ရတဲ့ မြန်မာတို့ရဲ့ “မ ထူး တော့ ဘူး ” ဆိုတဲ့ စကားလေးလုံး…။

ဘာရယ်မဟုတ်ဘူး … လောလောဆယ် ခေါင်းထဲ ပေါ်လာလို့… အဘ မင်းသိခ်ပြောဖူးတာလေးကို ဖောက်သည် ပြန်ချတာပါ…။

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း

No comments