New Artical

ရုရှားထုတ် Sputnik-V ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ အသုံးပြုဖို့ မှတ်ပုံတင်


 ရုရှားထုတ် Sputnik-V ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ မှတ်ပုံတင်လိုက်ပြီလို့ Sputnik-V ထုတ်တဲ့ ဆေးကုမ္ပဏီက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ထုတ်ဖော်ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ Sputnik-V ဆေးကို အသုံးပြုဖို့ မှတ်ပုံတင်တဲ့ နိုင်ငံတွေထဲမှာ ၂၁ နိုင်ငံမြောက် နိုင်ငံ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီကာကွယ်ဆေးကို အရေးပေါ် ဆေးကုသတဲ့အခါမှာသာ အသုံးပြုဖို့ မှတ်ပုံတင်ထားတာ ဖြစ်ပြီး အဲဒီအတွက် ကြိုတင် စမ်းသပ် အသုံးပြုတာမျိုးတွေ လုပ်ဖို့ မလိုဘူးလို့ Russian Direct Investment Fund (RDIF) ဆေးကုမ္ပဏီက သတင်းထောက်တွေကို ပြောပါတယ်။

"မြန်မာနိုင်ငံဟာ စပွတ်နစ်ခ် ဗီ ကာကွယ်ဆေး အသုံးပြုမှုကို တရားဝင် လက်ခံ အတည်ပြုလိုက်တဲ့ ပထမဆုံး အရှေ့တောင်အာရှ နိုင်ငံ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးဟာ ကမ္ဘာပေါ်မှာ အထိရောက်ဆုံးနဲ့ စိတ်အချရဆုံး ကာကွယ်ဆေးတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒီဆေးကို မှတ်ပုံတင်ထားတဲ့ ဒေသတွင်း နိုင်ငံတွေ ထပ်များလာနေပြီး ဆေးမှာယူမှုအားတွေ မြင့်လာမှာကို တွေ့နိုင်မှာပါ။ မိတ်ဘက်နိုင်ငံအစိုးရတွေက သူတို့နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးရာမှာ ကျွန်တော်တို့ဘက်က အကူအညီပေးဖို့ အသင့်ရှိပါတယ်"လို့ RDIF ကုမ္ပဏီရဲ့ အကြီးအကဲ ကီရေးလ် ဒီမစ်ထရိဗ် က ပြောသွားပါတယ်။

ရုရှားထုတ် Sputnik V ကာကွယ်ဆေးကို အရေးပေါ်ကုသမှုတွေမှာ အသုံးပြုရေးအတွက် မှတ်ပုံတင် မှာယူဖို့ကို တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ စနေနေ့ မနက်က မော်စကိုမြို့မှာ ရုရှား စစ်သံတမန် သတင်းရပ်ကွက်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီဆေးကို မှတ်ပုံတင်ဖို့အတွက် ဆေးပထမအသုတ်ကို ရုရှားကနေ မြန်မာနိုင်ငံကို ဇန်နဝါရီလက ပို့ဆောင်ပေးခဲ့တယ်လို့ အဲဒီသတင်းရပ်ကွက်က ပြောပါတယ်။

 

Ref : bbc

No comments