New Artical

မိဘကျေးဇူးကိုဓမ္မနဲ့ဆပ်ရတယ်


မြန်မာလူမျိုးတွေထဲမယ် ဘယ်ကနေဘယ်လို လုပ်ပြီးတော့ပြောတယ်မသိဘူး။ မြတ်စွာဘုရားရှင်က အဘိဓမ္မာတရားဟောပြီးမယ်တော်ရဲ့ကျေးဇူးကို ဆပ်တာနို့တစ်လုံးဖိုးပဲ ကျေတယ်လို့ဆိုတော့ နောက်တစ်လုံးဖိုး ထပ်ဆပ်ရဦးမယ့် အဓိပ္ပါယ်ရောက်နေတယ်။ ဒီလိုဆိုလိုထားတာလည်း စာထဲမှာမရှိပါဘူး။ အဲဒါဆိုရင်နို့တစ်လုံးဖိုး ဘယ်လောက် တန်တယ်၊ နောက်တစ်လုံးဖိုးကဘယ်လောက်တန်တယ် ဆိုတဲ့ တန်ကြေးသတ်မှတ်ထားတာ ရှိရမှာပေါ့။အဲဒီလိုသတ်မှတ်ထားတာရှိမှမရှိဘဲနဲ့နို့တစ်လုံးဖိုးပဲကျေတယ်၊နှစ်လုံးဖိုးပဲကျေတယ်လို့ပြောစရာမရှိပါဘူး။ဒီအပြောတွေကမှန်ကန်တဲ့‌အပြောတွေမဟုတ်ဘူး။ဘာသာတရားတော်တွေထဲမှာတစ်ခါတစ်ရံကျတော့မမှန်ကန်တဲ့အတွေးတွေလည်းဝင်ရောက်လာတတ်တယ်လို့ပဲဆိုရပါမယ်။မြတ်စွာဘုရားရှင်အဘိဓမ္မာဟောလို့မယ်တော်မိနတ်သားတရားထူးရပြီးသောတာပန်ဖြစ်သွားတာဟာနို့ဖိုးတင်မကပါဘူး၊ကျေးဇူးအကုန်လုံးကျေပါတယ်လို့ဒီလိုပဲမှတ်ရပါမယ်။ဘာဖြစ်လို့တုံးဆိုရင်မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ကဟောထားတာရှိပါတယ်၊ဓမ္မနဲ့ကျေးဇူးဆပ်လို့ရှိရင်ပညာမရှိတဲ့မိဘပညာရှိလာအောင်၊သဒ္ဓါတရားမရှိတဲ့မိဘသဒ္ဓါတရားရှိလာအောင်၊စွန့်ကြဲမှုမရှိတဲ့မိဘစွန့်ကြဲမှုရှိလာအောင်ဒီလိုစွမ်းဆောင်မှုပေးတယ်။ဓမ္မဘက်ကနေကျေးဇူးဆပ်တယ်ဆိုရင်ဒါဟာကျေးဇူးဆပ်ပြီးသားရောက်တယ်၊သာမာန်အားဖြင့်ကျွေးမွေးစောင့်ရှောက်၊ပြုစုရုံနဲ့ကတော့ကျေးဇူးကျေတယ်လို့ပြောလို့မရဘူးတဲ့။ဒီလိုပဲဟောထားတာရှိပါတယ်၊စာထဲမှာနော်။ဓမ္မနဲ့ကျေးဇူးဆပ်ရင်လည်းကျေတယ်တဲ့၊ဒီလိုဆိုတယ်၊ဒါကြောင့်မြတ်စွာဘုရားရှင်ကဓမ္မနဲ့ဆပ်တာပဲလေ၊မယ်တော်ရဲ့ကျေးဇူးမကျေစရာဘာအကြောင်းမှမရှိပါဘူး။

ကျေးဇူးရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဘိဝံသ။

No comments