New Artical

ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း)လက်ထက်က လိင်ကိစ္စပြစ်ဒဏ်များ

 

ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း)လက်ထက်က လိင်ကိစ္စပြစ်ဒဏ်များ


--လင်ငယ်နေသူနဲ့ လင်ငယ်ကို ပျဉ်ပြားဝိုင်းလယ်မှာစွပ် အဝတ်
မဝတ်စေဘဲ သုဿာန်ဇရပ်မှာထား လူတကာကြည့်စေ
(၁၂ .စက်တင်ဘာ ၁၇၈၃)
--မယားပါသမီးကိုမုဒိမ်းကျင့်လို့ ငသာမြတ်ကို တောနက်ရာနှင်
(၈ နိုဝင်ဘာ ၁၇၈၇)
--လူစုလူဝေးနဲ့ မုဒိမ်းကျင့်သူ စန်လူးရွာသူကြီးနဲ့ နောက်လိုက်တွေကို သတ်စေ အမိန့်ချ(၁၅ အောက်တိုဘာ ၁၈၀၆)
--မျောက်မထား မယားခိုးမှု မျောက်မထား မိန်းမကို ကြိမ်ဒဏ်ပေး၊မယားခိုးယောက်ကျားကို မောင်းကျော်ပြီးရိုက်
--နန်းတွင်း၌ ပြစ်မှားသော မှူးမတ်တို့ကို တိုင်းပြည်မှ နှင်
--မိန်းမချင်း၊ယောက်ကျားချင်း မှားယွင်းလျှင် မိန်းမချင်းဖြစ်လျင် ယောက်ကျားဝတ်၊ယောက်ကျားခြင်းကျူးလွန်လျှင်မိန်းမဝတ် လဲ ပြီး အရှက်ခွဲ။
--ပြည့်တန်ဆာကို မင်းမှထားခိုင်းမှထား။စိစစ်ရွေးချယ်၍ အရေ
အတွက်အမှတ်အသားဖြင့် ပြည့်တန်ဆာ စာအပ်။
(၂၈ ဇန်နဝါရီ ၁၇၉၅)
တခြားပြစ်ဒဏ်များ
--ရာထူးအရှိန်နဲ့ မတော်မတရားလုပ် သစ်တောလေးရပ်ပို့(၂၄ ဇွန် ၁၇၈၆)
-မယားငယ်နေယောက်ကျား စစ်ထဲထည့်(၂ သြဂုတ် ၁၇၈၇)
--တရားခံအချုပ်ကလွတ် တာဝန်ခံအရာရှိသတ်(၃၀ မေ ၁၇၉၅)
--ပြည်နှင်ဒဏ်ကျသူပြန်လာ ကွပ်မျက်(၁၇ ဇူလိုင် ၁၈၀၁)
-ကန်ပေါင်ကို ချိုးဖောက်မှု မီးတိုက်သတ်(၁၇ ဇူလိုင် ၁၈၀၁)
--စစ်မှုမထမ်းဘဲ တိမ်းရှောင် ဒဏ်ငွေ ၁၅၀ ဆောင်(၁၄ နိုဝင်ဘာ ၁၇၈၇)
--စစ်သားသစ်မစုဆောင်းနိုင် တပ်သားစုသူဗိုလ်ကို ကွပ်မျက်(၂၅ သြဂုတ် ၁၇၈၇)
--ဘုရားပွဲရန်ဖြစ် ကွပ်မျက်(ဧပြီ ၁၈၀၆)။
--ငါးမမျှားရရေကန်ငါးမျှား ကွပ်မျက်(၈ ဧပြီ ၁၈၆၅)
--လက်မထပ်ဘဲ ကာမကျူးလွန် ယောက်ကျားကိုသစ်တောပ်ို့၊
မိန်းမကို စုကြမ်းပို့(၁၀ ဇူလိုင် ၁၈၀၆)
--ဖောင်တော်ပေါ် ကာမစပ်ယှက် ဒဏ်ငွေတပ် x(၂၈ မေ ၁၈၁၇)
--အမတ်အဆုံးအဖြတ်မပေးတတ်၊မပေးဝံ့ နေလှမ်း(၈ ဇွန် ၁၈၀၁)
-စားဖို့ အမဲပေါ် ကွပ်မျက
်(၆ အောက်တိုဘာ ၁၈၅၀)
--ရန်သူကိုနိုင်အောင်ဆေးစီရင် ထောင်ပို့(၂၄ ဇွန် ၁၇၈၆)
--လူသတ် သေစားသေစေ
(၂၉ သြဂုတ် ၁၈၁၇)
--ဓားပြတိုက်ကွပ်မျက်(၈ ဇူလိုင် ၁၈၀၁)
--မြို့ရွာမီးရှို့သူ မီးတိုက်သတ်(၃၀ ဧပြီ ၁၈၀၆)
-မြေမှု မမှန်တဲ့သူ ပံ့ပိုးသူ လက်ဖြတ် လျှာဖြတ်(၁ စက်တင်ဘာ ၁၇၈၅)
--လာဘ်စား ငွေရည်ကြိုပြီး အာခေါင်မှာလောင်း
--လျို့ဝှက်ချက် ကိုစာနဲ့ရေးမှတ် လက်ဖြတ်(၂၈ ဧပြီ ၁၇၈၅)
-စကားများတဲ့မိန်းမ အာကိုဟက်
(၁၆ ဒီဇင်ဘာ ၁၇၉၅)
--ပိတ်ပင်ချက်ပြောမိတောပို့
(.၁၁ သြဂုတ် ၁၇၈၇)
--ခိုးမှု ကွပ်မျက် (၂ ဇူလိုင် ၁၇၉၅)
--စုနိမ့်က စုမြင့် ကိုယ့်ဘာသာပြောင်း ကွပ်မျက်(၅ မေ ၁၈၁၀)
--ရုံးမှုဆိုင်ရာ စာ အိမ်မှာ ရေး၊ လက်ဖြတ် (၂၄ အောက်တိုဘာ .၁၇၈၇)
ဒီနေ့ခေတ်အနေနဲ့တော့ တစ်မျိုးကြီးပါ။ဗဟုသုတအနေနဲ့သိရှိအောင်ရေးပေးတာပါ။တစ်စုံတစ်ရာ စိတ်ထဲရောက်သွားရင် ကျေနပ်ပါတယ်။
သမိုင်းကိုတန်ဖိုးထားချစ်မြတ်နိုးသူများဖြစ်ကြပါစေ။
crd#
#winhlaingoo
Ref.ဒေါက်တာသန်းထွန်း-အမိန့်တော်ထဲကသမိုင်း


No comments