New Artical

သွေးပြန်ကြောအတွင်းသွေးခဲခြင်း


သွေးပြန်ကြောအတွင်းသွေးခဲခြင်းဖြစ်လျှင် ခံစားရမည့်ဝေဒနာများမှာ
……….

■ ခြေသလုံးကြွက်သားများ နာကျင်ကိုက်ခဲခြင်း (သို့မဟုတ်) ထိုနေရာကို ထိလျှင်နာကျင်ခြင်း

■ သွေးခဲနေသည့် ခြေသလုံး (သို့မဟုတ်) ပေါင်တွင် ရောင်ရမ်းခြင်း

■ ဖောင်းကားနေသော သွေးပြန်ကြောများကို အရေပြားအောက်တွင် တွေ့နေရခြင်း………

တို့ဖြစ်ပါတယ်။

သွေးပြန်ကြောအတွင်းသွေးခဲလျှင် ဘာလုပ်သင့်လဲ?
———————————————-

■ ရောဂါအတည်ပြုရန်အတွက် Doppler Ultrasound Scanning နည်းဖြင့် အာလ်ထရာဆောင်းရိုက်ခြင်းဖြင့် သွေးပြန်ကြောများအတွင်း သွေးစီးဆင်းမှုပမာဏကို တိုင်းတာနိုင်ပါတယ်။

■ သွေးပြန်ကြောအထူးဓာတ်မှန်ရိုက်ခြင်း (Venogram) လည်းလုပ်နိုင်ပါတယ်။ ထိုနည်းမှာ သွေးပြန်ကြောအတွင်း ထိုးဆေးတစ်မျိုးထိုးထည့်ကာ ဓာတ်မှန်ရိုက်ခြင်းအားဖြင့် ပိတ်ဆို့နေသော သွေးခဲ၏ ပုံရိပ်ကို မြင်တွေ့ရခြင်းဖြစ်ပါတယ်။

■ လူနာရဲ့ သွေးနမူနာကိုယူ၍ မည်မျှလွယ်ကူစွာ သွေးခဲမှုဖြစ်ပေါ်စေနိုင်သလဲဆိုသည်ကို စမ်းသပ် စစ်ဆေးနိုင်ပါတယ်။

ကုထုံး
——-

■ သွေးခဲအရည်ပျော်စေသောဆေးများ (Thrombolytic Drugs) ပေးခြင်းအားဖြင့် ခဲနေသောသွေးကို ပျော်ဝင်သွားစေကာ အဆုတ်သွေးပြန်ကြောအတွင်း ပိတ်ဆို့မဲ့ အန္တရာယ် အခွင့်အလမ်းကို လျှော့ချနိုင်ပါတယ်။

■ သွေးမခဲစေသောဆေး (Anti-coagulants) များထိုးပေးခြင်းအားဖြင့် နောက်ထပ်သွေးခဲများ မဖြစ်ပေါ်စေရန် တားဆီးနိုင်ပါတယ်။

■ ရံဖန်ရံခါ သွေးခဲကို ခွဲစိတ်ဖယ်ရှားရတတ်ပါတယ်။

Credit:

 

No comments