New Artical

သင်္ဘောရွက် ဆေးမှီးတို


 

နေ့စဉ်..ရက်ဆက်ချောင်းဆိုးရင်ကျပ်
ဖြစ်နေတာရက်၂ဝကျော်နေပီ
ဖြစ်ခါစတပါတ်လောက်အထိ..နေ့တိုင်း.
ဆေးခန်းသွားပြတယ် - မသက်သာဘူး..
လေပြွန်ရောင်တာနဲ့.ချောင်းဆိုးရင်ကျပ်
တွဲဖြစ်တော့..နေရဆိုး..ဆေးနည်းမိူးစုံ.ဝယ်သောက်
ဒါလဲ.မပြောက်ဘူး..ရက်၂ဝကျော်လာတော့.လူကြီးတွေက စိုးရိမ်လာလို့.အထူးကုနဲ့.ပြတော့.ဒီတိုင်းမဖြစ်ဘူး.
ဆိုပြီး.ဆေးရုံသွားဖို့..စီစဉ်နေတုန်း..
အိမ်ကို.ရွာကဦးလေးအလည်ရောက်တာနဲ့ကြုံရော
ဦးလေးက.နေဦး ဆေးရုံမသွားသေးနဲ့ဦး သင်္ဘောရွက်
ရေနွေးစိမ်သောက်ကြည့်စမ်း ဆိုတာနဲ့ အဲ့ဒီနေ့ တနေ့လုံးဝင်သလောက် သဘောင်္ရွက် ကို ရေနွေးစိမ်သောက်တာညကျ အိပ်နိုင်တယ်
ဒါနဲ့ရောဂါ သက်သာတာပဲ ဆိုပြီး
နောက်ရက်တွေ ဆက်တိုက်သောက်ပေးတာ
၅ရက်လောက်နေတော့ ချောင်းဆိုး ရင်ကျပ် လေပြွန်ရောင်တာ အရှင်းပြောက်သွားတယ်..
သဘောင်္ရွက်ကို အသုံးပြုပုံက. အရွက်စိုကိုပဲဖြစ်ဖြစ်
အရွက်ခြောက်ကိုပဲ ဖြစ်ဖြစ်  ခွက်ထဲ ထည့် အပေါ်ကနေရေနွေးပူပူကို လောင်းထဲ့ပြီး
မပူမအေးလေးမှာ သောက်လို့ရပီ   သောက်ခါစမှာ
အရွက်စိမ်းစော်  နံနေပေမဲ့ သုံးခွက်လောက် သောက်ပြီးသွားရင် အဆင်ပြေပြေသောက်နိုင်သွားပြီး
ငွေမကုန်ပဲ ရောဂါ သက်သာစေတဲ့ ဆေးနည်းမို့.
ကျမနဲ့..ရောဂါတူသူများ..ရှိရင်.စမ်းသောက်
ကြည့်စေချင်ပါတယ်.....
ကျန်းမာဝဖြိုးအလှတိုးကျပါစေ.😃

မှတ်ချက် = လည်းချောင်းနာအာသီးယောင်အတွက်လည်း
သက်သာပျောက်ကင်းပါသည်။

ပြန်လည်မျှဝေပါသည် မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

No comments