New Artical

❝ ကိုယ်ကျင့်သိက္ခာသည်သာ အလှစစ် ❞

  


❝ ကိုယ်ကျင့်သိက္ခာသည်သာ ❞

   💗 ༺ အလှစစ် ༻💗

❀ ရုပ်မလှသော်လည်း

   မိတ်ဆွေကောင်းများ  ရနိုင်၏ ။ 


❀ ဘဝသည်လည်း  တည်ငြိမ်နိုင်၏ ။


❀ အကျင့်သိက္ခာမလှသော်

   မိတ်ဆွေကောင်းများလည်း  မရတတ်၊

   ဘဝသည်လည်း  တည်ငြိမ်ဖို့ခက်၏ ။


❀ ရုပ်မလှသောသူသည်ပင်

   မေတ္တာစသည်ခြံရံသော

   အပြုမူအပြောအဆို အတွေးကြံများ

   ထင်ရှားရှိနေခဲ့လျှင်

   ထိုမေတ္တာစသည်ခြံရံသော

   အပြုမူအပြောအဆို အတွေးကြံရှိသူများသည်

   အပြစ်ကင်း၍  ဘေးကင်းချမ်းသာ၏ ။


❀ ဘေးကင်းချမ်းသာ၍  ဘဝတည်ငြိမ်၏ ။


❀ ထိုအပြစ်ကင်းခြင်း  ဘေးကင်းခြင်း

   ဘဝတည်ငြိမ်ခြင်းတို့ကို

   အလိုရှိကြသော  မိတ်ဆွေကောင်းများသည်

   ဘေးအန္တာရာယ်ဆိုးများ  မရနိုင်၍

   ခင်မင်ရင်းနှီးမိတ်ဆွေဖွဲ့လာကြရာ၏ ။


❀ ထိုမိတ်ဆွေကောင်းရကြောင်း

   မေတ္တာစသည့်  အပြုမူများသည်ပင်

   တည်ငြိမ်သောဘဝကို

   တည်ဆောက်ရနိုင်စွမ်းရှိ၏ ။


❀ ကိုယ်ကျင့်သိက္ခာမလှခဲ့သော်

   အပြုမူအပြောဆိုများသည်

   ဘေးရန် ဆိုးကျိုးများဖြစ်နိုင်၍

   ဘေးရန် ဆိုးကျိုးများကို 

   မနှစ်သက်သော,ကြောက်သော

   မိတ်ဆွေကောင်းများနှင့်  လွဲတတ်၏ ။


❀ ဘေးရန် ဆိုးကျိုးများဖြစ်လာသော်

   ဘဝသည်  တည်ငြိမ်ဖို့ခက်၏ ။


❀ ဘဝပေးကံကြောင့်

   ရုပ်အဆင်းမလှခဲ့သော်

   ကိုယ်ကျင့်သိက္ခာဖြင့်

   ဖုံးဖိအလှဆင်ရပြီး

   ရုပ်အဆင်းလှပခဲ့ပါမူ

   ကိုယ်ကျင့်သိက္ခာဖြင့်ပင်

   ပို၍ မြှင့်တင်  အလှဆင်သင့်၏ ။


❀ ရုပ်အဆင်းလှပမှုသည်

   မြင့်မြတ်မှုကို  မဖော်ဆောင်နိုင်၊

   ကိုယ်ကျင့်သိက္ခာသည်သာ

   မြင့်မြတ်မှုကို  ဖော်ဆောင်နိုင်၏ ။

    ➖  ➖  ➖  ➖  ➖


🌸 နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။🌸

No comments