New Artical

ဆားခါးက ဘာတွေအသုံးချရသလဲ

 

ဆားခါးက ဘာတွေအသုံးချရသလဲ

ဟင်းထဲထည့်ချက်စားရတဲ့ ဆားမျိုးမဟုတ်ပါ။ အပ်ပ်ဆင် (Epsom) ခေါ် ဆားခါးဆိုတာဟာ ဓာတုတည်ဆောက်ပုံကြောင့် ဆား အမျိုးအစားလို့ ခေါ်ကြရတာဖြစ်ပေမဲ့ တကယ်တော့ ဆားခါးဟာ သဘာဝစမ်းများထဲမှာ တွေ့ရတဲ့ သဘာဝဆားဓာတ်တစ်မျိုးသာ ဖြစ်ပါတယ်။ ဆားခါးကို ရာစုနှစ်ပေါင်း များစွာသုံးစွဲလာခဲ့ကြပြီး အကိုက်အခဲအမျိုးမျိုးကို သက်သာပျောက် ကင်းစေပါတယ်။ ဆားခါးရည်စိမ်ချိုးခြင်းဖြင့် သင့်အား နေလို့ ထိုင်လို့ ကောင်းစေပါတယ်။ အနာများစွာမှလည်း အကျက်မြန်စေပါ တယ်။

ဆားခါးမှုန့်များကို ရေထဲထည့်ပါက မဂ္ဂနီစီယမ်နှင့် ဆာလ်ဖိတ် အဖြစ် ပြိုကွဲသွားစေပါတယ်။ တစ်ဖန် ရေချိုးကန်ထဲ ရေကြက်သီးနွေးဖြဖည့်၍ ဆားခါးထည့်ပြီး သင့် ခန္ဓာကိုယ်အား စိမ်လိုက်ခြင်းဖြင့် ဆားခါးက သင့်အရေပြားမှတစ်ဆင့် သင့်ခန္ဓာကိုယ်ထဲ ရောက်သွားစေ ပါတယ်။ ထိုအခါ ကြွက်သားတွေ ပြေလျော့လာသလို အဆစ်အမျက် တွေလည်း တင်းပြီး ကိုက်ခဲနေခြင်းမှ သက်သာစေပါသတဲ့။

ဆားခါးကို အိမ်သုံးဆေးအဖြစ်

(၁)အဆစ်အမျက်ရောင်ရမ်းကိုက်ခဲခြင်းကိုလည်းကောင်း၊

(၂) သွေးခြည်ဥခြင်းနှင့် အကြောတင်ခြင်းများ၊

(၃) ကြွက်သားများ၊ အရွတ်များ နှင့် အဆိုင်းများ နာကျင်ပြီး ကိုက်ခဲရောင်ရမ်းနေခြင်း၊ တစ်ကိုယ်လုံး ကိုက်ခဲခြင်း၊

(၄) ခြေသည်းငုပ်ခြင်းများ

(၅) အိပ်မပျော်ရောဂါ

(၆) သွေးကြောင့်ဖြစ်သည့် အရေ ပြား လေးဘက်နာရောဂါ၊

(၇) ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ကိုယ်လက် ခါး နာကျင်မှုများ

(၈) ကင်ဆာဆေးသွင်းကုသနေ စဉ် ဝမ်းပျက်ဝမ်းလျှောဖြစ်၍ ကိုယ်လက်ညောင်းညာခြင်း၊

(၉) နေလောင်၍ အရေပြားနီရဲ နာကျင်နေခြင်း

(၁၀) ခြေဖဝါးကွဲ ရောင်ရမ်းခြင်း စသည်တို့အား ဆားခါးစိမ် ပေးခြင်းဖြင့် သက်သာစေပါတယ်။


Ref: Epsom Salt bath.

Credit:


No comments