New Artical

နှုတ်ခမ်းချင်း နမ်းရှုပ်ရင် ဒါတွေဖြစ်နိုင်တယ်

 

နှုတ်ခမ်းချင်း နမ်းရှုပ်ရင် ဒါတွေဖြစ်နိုင်တယ်

နှုတ်ခမ်းချင်း နမ်းရှုပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိလာနိုင်ပေမဲ့ နမ်းရှုပ်ခြင်း ကြောင့် လူတစ်ဦးမှတစ်ဦးကို ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားများ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ၎င်းတို့မှာ


အအေးမိခြင်း

အသက်ရှူလမ်းကြောင်း အပေါ် ပိုင်းမှာ ရောဂါပိုးကူးစက်ခံရခြင်း ဖြစ်ပါတယ်။ တုပ်ကွေးရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးများနဲ့ တိုက်ရိုက်ထိတွေ့ မိခြင်းမှ ကူးစက်နိုင်ပါတယ်။


Glandular Fever

Glandular Fever ကို နမ်းရှုပ်ခြင်းရောဂါလို့ ခေါ်ဆိုကြပါတယ်။ Epstein-Barr Virus ကြောင့် ဖြစ်ပွားရတဲ့ ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။


ရေယုန်

ရေယုန်ဗိုင်းရပ်စ်ပိုး အုပ်စုထဲမှ Epstein-Barr, Varicella Zoster (ရေကျောက်ဖြစ်စေသောရောဂါပိုး)၊ Herpes Simplex ပိုးတို့ဟာ နမ်းရှုပ်ခြင်းမှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးမွှားများ ဖြစ်ပါတယ်။


အသည်းရောင်အသားဝါ B ပိုး

တံတွေးထဲမှာ ပါဝင်တဲ့ အသည်းရောင်အသားဝါ B ပိုး ပမာဏဟာ သွေးထဲမှာ ပါဝင်တဲ့ ပမာဏလောက် မများပြားပေမဲ့ ရောဂါပိုးရှိတဲ့ သွေး (သို့မဟုတ်) တံတွေးတို့ဖြင့် လူတစ်ယောက်ရဲ့ အမြှေးပါးနံရံ (အထူးသဖြင့် ပါးစပ် နှင့် နှာခေါင်း အမြှေးပါးနံရံများ) ကိုတိုက်ရိုက်ထိတွေ့မိခြင်းဖြင့် ရောဂါကူးစက်နိုင်ပါတယ်။ ပါးစပ်နှင့်နှုတ်ခမ်းတဝိုက်တွင် အနာများဖြစ်ပေါ်နေပါက ကူးစက်နိုင်ခြေ ပိုမိုများပါတယ်။


ကြွက်နို့

ပါးစပ်အတွင်းမှာ ကြွက်နို့များ ဖြစ်ပေါ်နေပါကနမ်းရှုပ်ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။


No comments