New Artical

ကြည်နူးပျော်ရွှင်မှုရစေမဲ့နည်းလမ်းများ

 

ကြည်နူးပျော်ရွှင်မှုရစေမဲ့နည်းလမ်းများ

အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ဦးနှောက်နှင့် အာရုံကြောသိပ္ပံပညာရှင်တစ်ဦးက ကြည်နူးပျော်ရွှင်မှုရရှိစေမဲ့ နည်းလမ်းအချို့ကို အကြံပြုထားပါတယ်။ အဲဒါတွေကတော့.

လူတစ်ယောက်ရဲ့ဘဝမှာ ကြည်နူးပျော်ရွှင်မှုကို မည်သည့်ကိစ္စများမှာ အများဆုံး ရှာဖွေလေ့ရှိသနည်း?

လူအများစုက ကြည်နူးပျော်ရွှင်မှုကို ရရှိဖို့ အများဆုံးအသုံးပြုတဲ့ကိစ္စကတော့ လိင်ဆက်ဆံခြင်းဖြစ်ပါတယ်။

ဒုတိယအများဆုံးအသုံးပြုတဲ့ကိစ္စကတော့ ရင်းနှီးသူများနဲ့ အတူတကွ ရှိနေခြင်း ဖြစ်ပါတယ်။ အစားအစာစားသောက်ခြင်းသည်ပင် တစ်ယောက်တည်းစားရတာထက် အဖော်တစ်ယောက်နှင့် အတူတူစားရရင် ပိုပြီး ပျော်ရွှင်ကြည်နူးမှုရရှိကာ စားကောင်းစေပါတယ်။

ပျော်ရွှင်ကြည်နူးမှုကို ဆေးကုသမှုကနေ ရနိုင်သလား?

နာကျင်မှုဝေဒနာခံစားနေရတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက်ထဲကို လျှပ်စစ်ငုတ်များ စိုက်ထားလိုက်ပြီး မှန်ကန်တဲ့ လျှပ်စစ်ငုတ်ကို လှုံဆော်မှုပေးလိုက်သောအခါ နာကျင်မှု ပျောက်ကင်းသွားပြီး သက်သာသွားခြင်းက အလွန်ပျော်ရွှင်ကြည်နူးဖွယ်ရာဖြစ်တာ တွေ့ခဲ့ရပါတယ်။

တစ်ခါတစ်ရံတွင် ပျော်ရွှင်ကြည်နူးမှုနောက်ကို ရှာဖွေအရသာခံယူတဲ့အခါ ဘာကြောင့် အပြစ်ရှိသလို ခံစားရသနည်း?

အပြစ်ဟူသည်မှာ အသင့်ထည့်သွင်းတပ်ဆင်ပေးထားတဲ့ ပိတ်ဆို့ပေးတဲ့ အဆို့ရှင်ဘားတစ်ခုလိုဖြစ်ပါတယ်။ ကြှနျုပျတို့က ပျော်ရွှင်ကြည်နူးမှုနောက်ကို အလွန်အကျူး ရှာဖွေလိုက်စားမိတဲ့အခါ (ဥပမာ  လိင်ဆက်ဆံခြင်း၊ အစာစားခြင်း၊ ဆေးသုံးခြင်း) ၎င်းတို့က စွဲလမ်းသွားစေပါတယ်။

ပိုမိုပျော်ရွှင်ကြည်နူးမှုရရှိစေသော ဘဝတစ်ခုဖြစ်အောင် ဘယ်လိုနေထိုင်မလဲ?

ပျော်ရွှင်ကြည်နူးမှုရရှိစေရန်အတွက် မှော်အတတ်တွေမရှိပါဘူး။ သင့်ရဲ့ မိသားစု ၊ သင့်ရဲ့မိတ်ဆွေ၊ သူငယ်ချင်းများနှင့် ပျော်ရွှင်ကြည်နူးစွာ ဆက်ဆံနေထိုင်ပါ။ အလုပ်အများကြီး မလုပ်ပါနှင့်။ အရိုးရှင်းဆုံး ပျော်ရွှင်ကြည်နူးမှုများဟာ အကောင်းဆုံးဖြစ်ပါတယ်။

Credit

No comments