New Artical

ဘာသာတရားတို့၏ အမှတ်အသားများ

 


ဘာသာတရားတို့၏ အမှတ်အသားများ
☸☮✝☪🕉✡🔯🕎☯☦🛐⛎♈
        ၁။ ဗုဒ္ဓဘာသာ၏ အမှတ်အသား ...
   မြတ်ဗုဒ္ဓရှင်တော် လမ်းညွှန်ဟောပြတော်မူခဲ့သော
တရားတော်များကို အခြေခံထားသော အကျင့်၊ယုံကြည်မူနှင့်
 စဉ်းစားဆင်ခြင်မူ အတွေးအခေါ်ကို ဦးစားပေးသောဘာသာတရားသည် ဗုဒ္ဓဘာသာဖြစ်၏။
      ဘာသာရေးအမှတ်အသားအနေဖြင့် ဓမ္မဘီး(ဓမ္မစက္က - the wheel of the Dhamma) ကို များသောအားဖြင့်
အသုံးပြုလေ့ရှိကြသည်။
       ဘီးတခုလုံးသည် သစ္စာတရားဘီးကို ဗုဒ္ဓကိုယ်တော်မြတ်
စတင်လှည့်လိုက်ခြင်း အမှတ်အသားဖြစ်ပါသည်။
        ဘီးအတွင်း ဒလက်၈ချောင်း (eight spokes=စပုတ်တိုင်  ၈ချောင်း) သည် ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့သော
 မဂ္ဂင် ၈ပါး( Noble Eightfold Path) ကို ကိုယ်စားပြုထား၏။
       အပြင်ဘက် ဘီးအခွေကြီးသည် မြတ်ဗုဒ္ဓ၏ တရားတော်ဖြင့်သာ လွတ်မြောက်နိုင်သော အဆုံးမရှိသော သံသရာကို
 ကိုယ်စားပြုထားသည်။
      အလယ်က ဘီးအခွေသုံးခုသည် ဗုဒ္ဓဘာသာ၏ အကျင့်တရားသုံးခုဖြစ်သော သီလ၊ သမာဓိ၊ ပညာကို ကိုယ်စားပြုသည်။
ထိုဘီးခွေသုံခု၌ အောက်ဆုံးဘီးအခွေသည် သီလဖြစ်၏။
အလယ်ဘီးအခွေသည် သမာဓိဖြစ်၏။
အပေါ်ဆုံးဘီးအခွေသည် ပညာဖြစ်၏။
      အကန့်သုံးမျိုးခွဲပြီး တနည်းပြောရရင် အလယ်ရှိ ဘီးအခွေသုံးခုသည် သီလကို ကိုယ်စားပြု၏။
ဒလက် (စပုတ်တိုင်) ရှစ်ချောင်းသည် ပညာဖြစ်၏။
 အပြင်ဘက်ဘီးခွေကြီးသည် သမာဓိဖြစ်၍ သီလ၊ သမာဓိ၊ ပညာ သုံးမျိုး၏ ဖယ်ရှားလို့မရနိုင်သော ဆက်စပ်ခြင်းတွေရှိနေတာကို
 ဖော်ပြထား၏။
                   ..................................................
         ၂။ ခရစ်ယာန်ဘာသာ၏ အမှတ်အသား ...
     မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၆၀၀ ခန့်မှာ
 ခရစ်ယာန်ဘာသာ ထွက်ပေါ်လာပြီး ယနေ့ထိ ကမ္ဘာ့အင်အားအကြီးဆုံး ဘာသာဖြစ်ပါတယ်။ ဖန်ဆင်းရှင် ထာဝရဘုရားသခင်ကို
 ယုံကြည်ကိုးကွယ်ကြတယ်။
          ခရစ်ယာန်ဘာသာရဲ့ အမှတ်အသားက ခရစ်ယာန်လက်ဝါးကပ်တိုင် (the Christian Cross) ဖြစ်ပါတယ်။
 ယေရှုခရစ်တော်(Jesus Christ)ကို လက်ဝါးကပ်တိုင်မှာ
တင်ပြီး အသတ်ခံရခြင်းကို ကိုယ်စားပြုထားပါတယ်။
တချို့လက်ဝါးကပ်တိုင်တွေမှာဆို ခြေလက်နှစ်ဖက်မှာ သံမှိုရိုက်ထားတဲ့ ယေရှူခရစ်ပုံပါတယ်။ ယေရှူခရစ်ဆောင်းထားတဲ့သရဖူမှာ INRIဆိုတဲ့ လက်တင်ဘာသာစကားအတိုကောက်လေးပါပြီး၊ ''Jesus the Nazarene, king of the Jew'' ဂျူးတို့ရဲ့ဘုရင်..ယေရှူ  လို့အဓိပ္ပါယ်ရပါတယ်။
         ခရစ်ယာန် ဘာသာရဲ့ နောက်ထပ်ဘာသာရေး
အမှတ်အသားကတော့
အစ်(ခ်ျ)သီ (the Ichthys)ခေါ်တဲ့ ငါးပုံလေးဖြစ်ပါတယ်။
အစ်ခ်ျသီဆိုတာ ရှေးဟောင်းဂရိစကားလုံးဖြစ်ပြီး ငါး လို့အဓိပ္ပါယ်ရပါတယ်။
များသောအားဖြင့်. ငါးပုံလေးမှာ IX(-)YE ဆိုတဲ့ ဂရိစကားလုံးပါပြီး ယေရှူခရစ်တော်၊ ဖန်ဆင်းရှင် ဂေါ့၏ သား၊ ကယ်တင်ရှင် (Jesus Christ,  God's Son, Savior) ဟု အဓိပ္ပါယ်ရပါတယ်။
ငါးပုံလေးဟာ အကြောင်းပြချက်များစွာနဲ့ ခရစ်ယာန်ဘာသာ၏ အမှတ်အသားဖြစ်လာတယ်။ ယေရှူခရစ်တော်ရဲ့ အံ့ဖွယ်ဖြစ်ရပ်အများစုမှာ ငါးပါဝင်နေပါတယ်။
အထင်ရှားဆုံးအကြောင်းပြချက်ကတော့ မက်သရူးကျမ်း(Mathew) 4:19 မှာ ယေရှူခရစ်တော် ပြောခဲ့တဲ့စကားဖြစ်ပါတယ်။ Come, follow me , and I will make you Fishers of men ဖြစ်ပါတယ်။
 ( လာပါ၊ ငါ့ကိုယုံပါ၊ ငါပြောသလိုလုပ်ပါ၊ အသင့်ကိုကောင်းကင်ဘုံရောက်အောင် အကျနုပ်ပို့ပေးမည်လို့ ဘာသာပြန်ရင် သမ္မာကျမ်းစာရဲ့ဆိုလိုရင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့သော် ထိုစာကြောင်းနဲ့ပက်သက်ပြီး ခရစ်ယာန်ဘာသာပြန်ဆရာကြီးများပင် တဦးနှင့်တဦးအယူဆမတူ ကွဲလွဲနေကြ၏။ မိမိအနေနှင့်ဆို မှန်ဖို့အတော်ဝေးသွားပါပြီ။ သို့သော်စာဖတ်သူအတွက်အနီးဆုံးကိုပြန်ပေးလိုက်သည်။ )
အစ်(ခ်ျ)သီငါးပုံလေးကို အေဒီ ၃ ရာစုအတွင်းမှာ အသုံးပြုခဲ့ပြီး
ခရစ်ယာန်များ၏  ပထမဆုံးဘာသာရေးလက္ခဏာဖြစ်ပါတယ်။
.................................................................
      ၃။ အစ္စလာမ်ဘာသာ၏ အမှတ်အသား ...
အစ္စလာမ်ဘာသာဆိုတာ တမန်တော်မိုဟာမက်တည်ထောင်
ခဲ့သော ဘာသာတရားဖြစ်ပြီး၊ ဖန်ဆင်းရှင် အလ္လာအရှင်မြတ်ကို
ကိုးကွယ်ယုံကြည်ကြတယ်။
ခရစ်ယာန် ဘာသာ၏နောက် နှစ်ပေါင်း ၆ဝဝခန့်မှာ ပေါ်ပေါက်လာတဲ့ ဘာသာတရားဖြစ်ပါတယ်။ အစ္စလာမ်ဘာသာမှာ အမှတ်အသားတခုတည်းကိုသာ အသုံးပြုရန် သတ်မှတ်ထားခြင်း မရှိသောကြောင့် အစ္စလာမ်တွေရဲ့ ထူးခြားတဲ့နေရာတိုင်းမှာ ဘာသာရေးအမှတ်အသားအမျိုးမျိုး ရှိနေတတ်ပါတယ်။
     လူသိအများဆုံး အစ္စလာမ်ဘာသာကို ကိုယ်စားပြုတဲ့အမှတ်အသားကတော့ ကြယ်နှင့်လခြမ်း( Star and Cresent)ဖြစ်ပါတယ်။
သမိုင်းပညာရှင်များ၏အဆိုအရ ပထမ ထိုအမှတ်အသားသည်
  အွတ်တိုမန်အင်ပါယာ Ottoman Empire( ယခုတူရကီနိုင်ငံ )ရဲ့ ရားထူးတံဆိပ်အမှတ်အသားနှင့် အင်ပါယာ၏ အလံအဖြစ်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
အစ္စလာမ်ဘာသာတဟုန်ထိုး ပျံ့နှံ့သွားတဲ့ကာလအတွင်းမှာ
 ဘာသာရေးလက္ခဏာအဖြစ် ထင်ရှားလာခဲ့တာဖြစ်ပါတယ်။
         နောက်ထပ် လူသိများတဲ့ အစ္စလာမ်၏ ဘာသာရေးလက္ခဏာတခုက အာရဘီဘာသာနဲ့ရေးထားတဲ့ အလ္လာဟ်(''Allah'' in Arabic)ဆိုတဲ့စကားလုံးဖြစ်ပါတယ်။
............................................................................
            ၄။ ဟိန္ဒူဘာသာ၏ အမှတ်အသား ...
ဟိန္ဒူဘာသာဟာ ဘာသာရေး၊ ဒဿနိက၊ ယဉ်ကျေးမူတွေပေါင်းစပ်ထားတဲ့ ဘာသာတရားဖြစ်တယ်။ အိန္ဒိယနိုင်ငံမှာ စတင်ခဲ့ပြီး
နတ်ဘုရားများစွာကို ကိုးကွယ်ယုံကြည်ကြတယ်။
        ဥုံ ( Om or Aum) အမှတ်အသားသည် ဟိန္ဒူတွေရဲ့
အရေးပါဆုံးသော ဘာသာရေးအမှတ်အသားတွေထဲက တခုဖြစ်ပါတယ်။
အ ဥ မ (A U M)ဆိုတဲ့ ဆန်စ်ခရစ် စကားလုံးသုံးခု ပေါင်းထားပြီး ဥုံဟု အသံထွက်ရပါတယ်။ ထိုစကားသုံးမျိုးဟာ ဟိန္ဒူဘာသာရဲ့
 လောကသုံးပါး (တိလောက) ဖြစ်သော မြေကြီး၊ ပတ်ဝန်းကျင်၊ နတ်ပြည် တို့ကို ကိုစားပြုသလို၊
 ဟိန္ဒူတို့ရဲ့ အဓိကဘာသာရေးကျမ်းသုံးမျိုးဖြစ်သော ယဇုဝေဒ(Yajur) သာမဝေဒ(Sama) ရစ်ဝေဒ(Rig) ဟူသော ဝေဒကျမ်းသုံးမျိုးကိုလည်း ကိုးစားပြုပါတယ်။
အဓိကအားဖြင့် ဟိန္ဒူတို့ရဲ့  နတ်ဘုရားသုံးဆူဖြစ်သောဗြဟ္မာ(Brahma)၊ ဗိဿနိုး(Vishnu)၊ ရှီဝ(Shiva)နတ်ဘုရားတို့ကို ကိုယ်စားပြုထားခြင်း ဖြစ်ပါတယ်။
ဥုံဆိုတဲ့စကားလုံးကို ဟိန္ဒူဘုရားကျောင်းတိုင်းရဲ့မုဒ်ဝတွေ၊ ဆွဲသီးဆွဲပြားတွေနဲ့ ဟိန္ဒူစာပေတို့ရဲ့ခေါင်းစီးနေရာတွေမှာ အမြဲလိုတွေ့ရတတ်ပါတယ်။
         ဟိန္ဒူတွေရဲ့နောက်ထပ်အရေးပါသော ဘာသာရေးအမှတ်အသားတခုက ရှေးဟောင်းအိန္ဒိယစကားဖြစ်သော ဆန်စ်ခရစ်နဲ့ရေးထားတဲ့ ဆွဆတိက ( Swastika) ဖြစ်ပါတယ်။
ဆွဆတိကကို ပုံနဲ့အက္ခရာ ရောထားပြီး လက်ယာရစ်လှည့်ထားပါတယ်။ ဂျာမန်နာဇီတွေရဲ့တံဆိပ်နဲ့ ခပ်ဆင်ဆင်တူပေမယ့် ၊အဲဒါက ဟိန္ဒူတို့ရဲ့ မြင့်မြတ်သောဘာသာရေးလက္ခဏာ ဖြစ်နေပါတယ်။
ဆွဆတိဆိုတာ  ပျော်ရွှင်ခြင်းလို့အဓိပ္ပါယ်ရသောကြောင့် အနာဂတ်မှာ ပိုကောင်းတဲ့အရာတွေဖြစ်လာခြင်းနဲ့ ဆက်စပ်နေပါတယ်။
.............................................................
        ၅။ ဆစ်ခ်ဘာသာ၏ အမှတ်အသား ...
ဆစ်ခ်(sikh)ဘာသာဆိုတာ ၁၅ရာစုလောက်ကမှ ပေါ်ပေါက်လာတဲ့ သက်တမ်းသိပ်မကြာသေးတဲ့ ဘာသာတရားတခုပါ။
 အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများ၌သာ သိပ်မများသောလူတွေက ကိုးကွယ်ယုံကြည်ကြပါတယ်။ ဆစ်ဘာသာရဲ့အဓိကယုံကြည်မူက ဝဟေဂုရု(waheguru)ဖြစ်ပါတယ်။
ဝဟေဂုရုသည် အိခ်အောအင်္ကာရ(ik ōankãr)ခေါ်တဲ့ ဂေါ့ဒ်(Universal God)ကို ကိုယ်စားပြုထားခြင်း ဖြစ်ပါတယ်။
     ဆစ်ခ်ဘာသာ၏ အမှတ်အသားက ခန္ဓ(khanda) ဖြစ်ပါတယ်။ ဆစ်ခ်တွေရဲ့ ဘာသာရေးအမှတ်အသားဟာ ပုံရိပ်သုံးခုနဲ့ပြုလုပ်ထားတဲ့အတွက်အကြောင့် ထူးခြားနေပါတယ်။
အစွန်း၂ဖက်မှာဓားနှစ်ချောင်းရှိပြီး၊ တဆူတည်းသောဂေါ့ဒ်ကို ကိုယ်စားပြုထားတာလို့ ဆိုပါတယ်။စက်ဝိုင်း(Chakkar)သည်  အစမရှိအဆုံးမရှိသောဂေါ့ဒ်ကို ရည်ညွှန်းထားခြင်းဖြစ်ပါတယ်။
 ကြက်ခြေခပ်ထားခြင်း(two crossed kirpans) သည် ဝိညာည်ပိုင်းဆိုင်ရာ အရေးပါမူ နဲ့  နိုင်ငံရေးပါဝါ(Political power)ကို ဖော်ပြထားခြင်းဖြစ်ပါတယ်။
....................................................
           ၆။ ဂျိန်းဘာသာ၏ အမှတ်အသား ...
ဂျိန်းဘာသာဟာ အိန္ဒိယနိုင်ငံ၏ ရှေးအကျဆုံးဘာသာတွေထဲက
တခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိသော သက်ရှိသတ္တဝါအားလုံးအတွက် ငြိမ်းချမ်းရေးလမ်းစဉ်တခု ဖြစ်ပါတယ်။
      အဟိံသ လက်(Ahimsa hand)သည် ဂျိန်းဘာသာရဲ့အမှတ်အသား ဖြစ်ပါတယ်။ လက်ဖဝါးပြင်ပေါ်ဘီးဟာ ငြိမ်းချမ်းခြင်းအဓိပ္ပါယ်ကို ဆောင်ပါတယ်။ အလယ်ကစာလုံးက အဟိံသဖြစ်ပါတယ်။
 ဘီးသည် တရားဘီး ဓာရမကျက္ကရ (Dharmacakra)ကို ကိုယ်စားပြုပါတယ်။ ဘီးတခုလုံးအနေဖြင့် သစ္စာတရား(ဂျိန်းဘာသာ၏သစ္စာတရား)ကို ကျင့်ကြံအားထုတ်ခြင်းဖြင့် ဘဝသစ်တဖန်မွေးဖွားခြင်းကို ရပ်ပစ်နိုင်ကြောင်း..နိဗ္ဗာန်(ဂျိန်းအယူအဆထဲကနိဗ္ဗာန်)ရနိုင်ကြောင်းကို ရည်ရွယ်ပါသည်။
..........................................................
          ၇။ ဂျူးဘာသာ၏ အမှတ်အသား ...
          ဂျူးဘာသာဆိုတာ ခရစ်ယာန်သမ္မာကျမ်းဟောင်း၏ အခြေခံဖြစ်သော ဟီဘရူးဘိုင်ဘယ်(Hebrew Bible)ကျမ်းမှာ ဟောကြားထားသော အကျင့်တွေ၊ ယုံကြည်မူတွေကို လိုက်နာကျင့်ကြံတဲ့ ဘာသာတရားတခုဖြစ်ပါတယ်။
        ဒါးဗစ်ကြယ်( David Star)ဟာ ဂျူးဘာသာရဲ့ လူသိများတဲ့ ဘာသာရေးအမှတ်အသားဖြစ်ပါတယ်။ ဒါးဗစ်ကြယ်ဟာ ဂျူးဘာသာရဲ့ အမှတ်အသားအသစ်ဖြစ်ပြီး ပေါ်ပျူလာဖြစ်လာခဲ့တာ နှစ်၂၀၀ ခန့်ပဲရှိပါသေးတယ်။
ဒီအမှတ်အသားဟာ ဒါးဗစ်ဒိုင်း( ဘုရင်ကြီးဒါးဗစ်ကိုင်ထားတဲ့ဒိုင်း) ကို အခြေခံပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒဏ္ဍာရီအရ ဘုရင်ကြီးဒါးဗစ်ကိုင်ထားတဲ့ဒိုင်းမှာ ကြယ်ပွင့်သဏ္ဍာန်လေး ပါတယ်လို့ဆိုပါတယ်။
        မီနောရဟ်(Menorah)ဟာ ဂျူးဘာသာရဲ့ ပထမဆုံးအသုံးပြုခဲ့သော ဘာသာရေးအမှတ်အသားဖြစ်ပြီး၊ ဖယောင်းတိုင်ခုနှစ်တိုင် ထွန်းထားသောပုံဖြစ်ပါတယ်။
................................................................
               ၈။ ရှင်တိုဘာသာ၏ အမှတ်အသား ...
        ရှင်တိုဘာသာဆိုတာ ဂျပန်နိုင်ငံ၏တိုင်းရင်းဖြစ်ဘာသာတရား တခုပါ။ ကာမိ(Kami)လို့ လူသိများတဲ့ ဝိညာည်ရှိခိုးခြင်းကို အခြေခံပြီးဖြစ်လာတာပါ။
ဘီစီ၆၆၀ ခုနှစ် မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကတည်းက
 ပေါ်ပေါက်လာသောဘာသာဖြစ်ပြီး၊ ၁၉၄၅ခုနှစ်ထိ ဂျပန်နိုင်ငံရဲ့နိုင်ငံတော်ဘာသာ ဖြစ်ခဲ့ပါတယ်။
တိုရီးဂိတ်(Torii Gate) သည် ရှင်တိုဘာသာရဲ့ ဘာသာရေးအမှတ်အသားဖြစ်ပါတယ်။ မြင့်မြတ်တဲ့ဘုံသို့ ဝင်ရောက်ရာဂိတ်အဖြစ် သတ်မှတ်ထားပြီး၊ နတ်များရဲ့ အဆုံးမရှိတဲ့လောကနဲ့ အဆုံးရှိနေတဲ့လူသားလောကနှစ်ခုကြားက အကူးအပြောင်းကိုရည်ရွယ်ပြီး ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
.....................................................
 ၉။ တာအိုဘာသာ၏ အမှတ်အသား ...
 တာအိုဘာသာသည် လွန်ခဲ့သောနှစ် နှစ်ထောင်ကျော်ကတည်းက အရှေ့အာရှမှာ လွမ်းမိုးခဲ့သောဘာသာဖြစ်ပြီး၊ အတွေးအခေါ်နှင့် ဘာသာရေးဆိုင်ရာဓလေ့ထုံးစံတွေ ဆက်စပ်နေသောဘာသာဖြစ်ပါတယ်။
      ယင်နှင့်ယန်(Yin and Yang)သည် တာအိုဘာသာရဲ့ လူသိအများဆုံး ဘာသာရေးအမှတ်အသားဖြစ်ပါတယ်။
ယင်နဲ့ယန်အမှတ်အသားမှာ စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်နေတဲ့ အစိတ်အပိုင်းနှစ်ခု ပါရှိပါတယ်။ တခုကအမည်းရောင်ဖြစ်ပြီး၊တခုက အဖြူရောင်ဖြစ်ပါတယ်။
ထိုအစိတ်အပိုင်းနှစ်ခုအလယ်မှာလည်း မတူညီတဲ့အရောင်ရှိတဲ့ စက်ဝိုင်းတခုစီပါပါတယ်။ ယင်နဲ့ယန်သည် နှိုင်းဆလို့မရနိုင်လောက်အောင် ကြီးမားသော စွမ်းအားတို့ရဲ့ ပုံရိပ်လို့ အဓိပ္ပါယ်ရပါတယ်။
အဝိုင်းက စည်းလုံးညီညွတ်ခြင်းကိုကိုယ်စားပြုပါတယ်။ အဖြူနဲ့အမဲနှစ်ခုရဲ့ စက်ဝိုင်းသဏ္ဍာန်လှည့်လည်ခြင်းဟာ ဖိုဓာတ်နဲ့ မဓာတ်နှစ်ခုရဲ့စွမ်းအားတွေနဲ့ ကမ္ဘာလောကကြီးကို မွေးဖွားလိုက်ခြင်း အဓိပ္ပါယ်ကို ဆောင်ပါတယ်။  
အတွေးအခေါ်ပိုင်းဆိုင်ရာနည်းလမ်းတွေနဲ့ ချဲ့ထွင်စဉ်းစားလိုက်ရင် ကျယ်ပြန့်သောဘဝလမ်းညွန်ချက်တွေကို ပေးနိုင်သောအရာအဖြစ် ယန်နဲ့ယန်ကိုတွေ့ရှိရမှာဖြစ်ပါတယ်။
...............................................................
           ၁၀။ ဗဟာအီဘာသာ၏ အမှတ်အသား
         ဗဟာအီယုံကြည်မူသည်   တဆူတည်းသောဘုရားကို ကိုးကွယ်သောဝါဒဖြစ်ပြီး၊ ပါရှား(အိရန်)နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တယ်။ လူသားအားလုံး၏စိတ်ပိုင်းဆိုင်ရာ ညီညွတ်ရေးကို အလေးထားသောဘာသာဖြစ်၏။
       ဗဟာအီယုံကြည်မူမှာ တရားဝင်အသိမှတ်ပြုထားသော အမှတ်အသားမရှိပေမယ့် အစွန်းကိုးခုရှိသောကြယ်..Nine-pointed Star ကို အသုံးပြုတာများပါတယ်။
ကိုး ဂဏန်းဟာ ဗဟာအီဘာသာရဲ့ များစွာသောအကြောင်းတရားရှိနေခြင်းကို ဖော်ပြပါတယ်။ ကိုး ဂဏာန်းနဲ့ပတ်သက်ပြီး ဗဟာအီကျမ်းစာထဲမှာ ထင်ထင်ရှားရှားလေ့လာနိုင်ပါတယ်။
 ဒါ့ကြောင့် ဗဟာအီဘုရားကျောင်းတွေကို အနားဘက်၊ အစွန်း ကိုးခုဖြင့်တည်ဆောက်လေ့ရှိပြီး၊ ကိုး ဂဏာန်းကို အာရဗီအက္ခရာဖြင့်
 ရေးလေ့ရှိကြပါတယ်။
                   ဘာသာတရားတို့၏ အမှတ်အသားများသည်
                 အော်စတန် ဟောဘဂ်ျ ၏ religious-symbols ဆောင်းပါးကို
                 ဘာသာပြန်ထားခြင်းဖြစ်ပြီး၊ သိသင့်သိထိုက်သည်များကို သိစေ
                 ချင်သောစေတနာဖြင့်သာ ဖြစ်ပါသည်။ မည်သည့်ဘာသာကိုမျှ
                အထင်မှား အမြင်မှားဖြစ်စေရန်မဟုတ်ပါ။      
     
 ဘာသာပြန်သူ....အရှင်ပညာ( ပြည်)

1 comment:

  1. ဘာသာွေတရဲ့အကောင်းမြင်ဝါဒလေးတွေတခုစီသိချင်တယ်

    ReplyDelete