New Artical

လူတိုင်းမသိသေးတဲ့ ပိတောက်ရဲ့ ကျန်းမာရေး အစွမ်းသတ္တိများ


လူတိုင်းမသိသေးတဲ့ ပိတောက်ရဲ့ ကျန်းမာရေး အစွမ်းသတ္တိများ 

ပိတောက်ပန်းကိုမင်တာနဲ့ သင်္ကြန်ကိုပဲ ပြေးမြင်မိတာလား။ အဆင်းရော အနံ့ပါပြည့်စုံတဲ့ ပိတောက်ပန်းလေးတြဟာ ကျန်းမာရေးအတြကည်း များစွာ အထောက်အကူပြုပါတယ်။ ပိတောက်ပန်းနံ့ ရှူရင် ရင်တုန်မှုခင်းကင်းစေပြီး နှလုံးအားကောင်းစေပါတယ်။


ကျန်းမာရေးကောင်းကျိုးများလွန်းတဲ့ ပိတောက်ပင်ရဲ့ အခေါက်၊ အမြစ်တွေကို သွေးပြီး ဆေးဝါးအဖြစ် သောက်သုံးမှီဝဲနိုင်ပါတယ်။ ပိတောက်ပင့်လေးတေွကိုလည်း သန့် သန့် အခြောက်ခံပြီး လက်ဖက်ခြောက် လို ရေနွေးထဲမှာ ခတ်ပြီး သောက်နိုင်ပါတယ်။ ပိတောက်ရဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေ ကို အောက်မှာ တစ်ချက်ချင်း ရှင်းပြပေးလိုက်ပါတယ်။


၁။ ပိတောက်ပင်မှာ သံဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးအားနည်းရောဂါကို သက်သာစေတဲ့အပြင် မဖြစ်အောင်လည်း ကာကြယ်ပေးပါတယ်။


၂။ ဝမ်းကိုက်ဝမ်းလျှောဖြစ်နေရင် ပိတောက်ပင်ရဲ့ အမြစ်ကို သွေးပြီး သောက်နိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါကို သက်သာစေပြီး ဝမ်းလျှောလို့ အားပြတ်နွမ်းနယ်နေတာကိုလည်း သက်သာစေပါတယ်။


၃။ ပိတောက်က သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးပြီး ဆီးချိုသွေးချိုမတက်အောင် ထိန်းညှိပေးနိုင်ပါတယ်။ 

၄။ ပိတောက်အခေါက်ကို အမှုန့်ကြိတ်၊ အဲဒီအမှုန့်ကို ရေနွေးကြမ်းထဲ နည်းနည်းထည့်သောက်ရင် သန်ကောင်ကြောင့်ဖြစ်တဲ့ ဝမ်းရောဂါတွေကို ပက်ကင်းစေပြီး သက်စေပါတယ်။


၅။ ပြေး၊ ဝဲ၊ ညှင်း စတဲ့ အရေပြား ရောဂါတွေ ဖြစ်ရင် ပိတောက်ခေါက်ကို သွေးလိမ်းပါ။ အပူလောင်ရင်လည်း ပိတောက်ရွက်ကို ကျိတ်၊ အရေ ညှစ်ပြီး အပူလောင်အနာပေါ်ကို လိမ်းနိုင်ပါတယ်။
 

၆။ ပွန်းရှ ဒဏ်ရာတွေ ြဖစ် ရင်လည်း ပိတောက်ခေါက်သွေးပြီး ဒဏ်ရာပေါ်ကို လိမ်းပါ။ အနာကျက်မြန်စေပြီး သက်သာစေပါတယ်။ 

၇။ ပန်းနာရင်ကြပ်၊ လေပြွန်ရောင်၊ ချောင်းဆိုးရင် ပိတောက်ခေါက်ကို သွေးပြီးသောက်ပါ။ လျှင်မြန်စွာပျောက်ကင်း စေပါတယ်။

 

၈။ ပိတောက်က ဆံသားတွေကို နက်မှောင်ပြီး အရှည်မြန်စေပါတယ်။ ရှေးခေတ်က ပိတောက်ကို ဆံပင်ဆိုးဆေးတေွမှာ ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။
 

၉။ ပိတောက်ခေါက်က သွားနာပျောက်စေပါတယ်။ ရွေးခေတ်ကလူတွေ ဆိုရင် ပိတောက်ခေါက်နဲ့ သွားတိုက်တယ်လို့ သိရပါတယ်။
 

၁၀။ ပိတောက်ခေါက်ကို ကျိုပြီးသောက်ရင် အသည်းရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပြီး အသည်းရောင်ခြင်း လက္ခဏာရပ်တွေ ကို ထိန်းချုပ်ပေးပါတယ်။
 

၁၁။ ပိတောက်ခေါက်ကို ကျိုချက်ပြီးပဲဖြစ်ဖြစ်၊ သွေးပြီးပဲဖြစ်ဖြစ်သောက်ရင် ခန္ဓာကိုယ်တွင်းက ကိုလက်စထေရာပမာဏကို လျော့စေပြီး နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်လေငန်း ရောဂါတွေ ကို ကာကွယ်ပေးပါတယ်။

၁၂။အမြစ်ပြုတ်ရည် နှင့် အရွက်ပြုတ်ရည်တို့ကို သောက်သုံးပေးခြင်းဖြင့် ဖျားနာခြင်း ကိုသက်သာ စေပါသည်။

(ပြုတ်သည့်အခါ ပိတောက်ရွက်ကို ရေသုံးဆ ထည့်ပြီး ရေသုံးပုံတစ်ပုံကျန်သည်အထိ ပြုတ်ရပါမည်။ အရွက်ပြုတ်ရည် အစိမ်းရင့်ရောင် ဖြစ်သည့်အခါအရွက်များကို ဆယ်ယူပြီး ကျန်ရှိသော ပြုတ်ရည်ကို ဆေးအဖြစ်အသုံးပြုနိုင်ပြီဖြစ်ပါသည်။)

ရေသုံးပုံတစ်ပုံကျန်အောင်ပြုတ်ထားသော အရွက်ပြုတ်ရည်ကို သောက်သုံးပေးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်း ကိုလည်း သက်သာစေပါသည်။

ပိတောက်ပန်းကို ချစ်တယ်ဆိုရင် SHARE ဖို့ မမေ့နဲ့နော်။

No comments