New Artical

အောင်မြင်တဲ့သူတွေရဲ့ လုံးဝ အချိန်အကုန်မခံနိုင်တဲ့ အဓိက အချက် ( ၈ )ချက်


အောင်မြင်တဲ့သူတွေရဲ့ လုံးဝ အချိန်အကုန်မခံနိုင်တဲ့ အဓိက အချက် ( ၈ )ချက် 

၁။ သူတို့က ဘယ်တော့မှ ကြိုတင် မစီမံဘဲ ဘာမှ မလုပ်ဘူး။

  • အောင်မြင်တဲ့သူတွေဟာ အမြဲတမ်းသူတို့လုပ်စရာ ရှိတာတွေ ကြိုစီစဉ်ထားပြီး.. ဘာတွေ ပြီးမြောက်ရမယ်၊ ဘာတွေဟာ အရေးကြီးတယ် ဆိုပြီး မှတ်သားထားတယ်။ သင်ဟာ တရက်ကို အနည်းဆုံး အရေးကြီး လုပ့်ရမယ့် အချက် ၂ ချက် (သို့) ၃ချက်လောက် ရေးသားထားသင့်တယ်။ အဲဒါတွေက သင့် ရဲ့ တနေ့စာမှာ အရေးကြီး လုပ်ရန်ရှိ အဖြစ် သင် အာရုံစိုက် ပြီး အောင်မြင်အောင် လုပ်နိုင်အောင် ရှိနေပါလိမ့်မယ်။

 ၂။ အောင်မြင်သူတွေဟာ အကောင်းမြင်တဲ့ အရာတွေပေါသာ အာရုံထားကြတယ်။

  • အောင်မြင်တဲ့ဘဝမှာ အကောင်းမြင်တဲ့ အရာက တကယ့်ကို လျှိုဝှက် လက်နက်ပါ။ အောင်မြင်သူတွေဟာ သူတို့ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်စေမယ့် ဘယ်အရာကိုမျှ အဝင် မခံပါဘူး။ နေ့စဉ် အကောင်းမြင်တဲ့ အရာတွေကိုသာ ရွှေးချယ်အာရုံစိုက်တယ်။

၃။ အောင်မြင်သူတွေဟာ ဆိုရှယ်မီဒီယာ (Social media) တွေရဲ့ အဝေးမှာ နေတယ်။

  • နည်းပညာအရမ်းမြင့်မားလာတာဟာ လူတွေအတွက် မြန်မြန်ဆန်ဆန် သတင်းဖြန့်ဝေမှုနဲ့ အချက်အလက်တွေ ရရှိလာပေမယ့်… အဲဒါတွေဟာ သင့်ရဲ့ ဘဝအတွက် အဆုံးအဆမဲ့ နှောက်ယှက်မှု တွေ ပေးနေပါတယ်။ လူတွေဟာ အချိန်ပေါင်းများစွာ ဖေ့ဘုတ်ပေါ်မှာ အချိန်ကုန်၊ တက်လာတဲ့ notification တွေသာ အာရုံစိုက်နေတာဟာ သူတို့ရဲ့ တနေ့တာ အဓီက လုပ်ရမယ့် အရာတွေရဲ့နဲ့ …ဝေးနေကြတယ်ဆိုတာ မသိကြပါဘူး။ အောင်မြင်ချင်တယ်ဆိုရင် အချိန်တခု တိတိကျကျထားပြီး ဖေ့ဘုတ်သုံးတာကို ကန့်သတ်ထားသင့်ပါတယ်။

၄။ ကိုယ်မလုပ်နိုင်တဲ့ အရာတွေအတွက် အထူးတလည် စိုးရိမ်မနေခြင်းဟာ အောင်မြင်သူတွေ လုပ်တဲ့ အလုပ်တစ်ခုပါ။

  • လူတွေဟာ ကိုယ်မလုပ်နိုင်တဲ့ ၊ ကိုယ်မတက်နိုင်တဲ့ အရာတွေကို မရမက ပြောင်းလဲဖို့ အချိန်ကုန်နေကြပါတယ်။ အဲဒါဟာ အချိန်ကုန်တဲ့ အပြင့် ကိုယ်ရဲ့ အင်အားတွေကိုလည်း ကုန်ခမ်းသွားစေသလို၊ သင့်ကိုသင့်ပါ မကျေနပ်မှုကို ဖြစ်စေတယ်။ အောင်မြင်တဲ့သူတွေဟာ ဘယ်တော့မှ သူတို့ မတက်နိုင်တဲ့ ကိစ္စတွေအတွက် အာရုံကို လုံးဝမထားကြပါဘူး။

၅။ အောင်မြင်နေတဲ့သူဟာ အမြဲတမ်း တခုပြီး တခု ဆက်လုပ်နေတဲ့သူတွေပါ။

  • မင်းဟာ မင်းမှားထားတဲ့ ၊ ရှူံးထားတဲ့ အရာတွေမှာသာ စိတ်ညစ်အချိန်ကုန်နေရင် မင်း နောက်ထပ် အောင်မြင်ဖို့ အရာတွေ ထပ်မံ ဆုံးရှူံးနေပါတယ်။ အောင်မြင်သူတွေဟာ သူတို့ရဲ့ ဆုံးရှူံးမှုတွေမှာ ဘာတော့မှ နောင်တမရဘူး၊ အဲဒါအမှားတွေကို လေ့လာတယ်။ ပြီးရင် အမြဲတမ်း တခုပြီး တခု ဆက်လုပ်နေတာ… အောင်မြင်သူတွေပါ။

၆။ အောင်မြင်သူတွေဟာ မကောင်းမြင်တဲ့လူတွေကြားမှာ ဘယ်တော့မှ မနေဘူး။

  •  သင်ဟာ အကောင်းဆုံးလုပ်စရာရှိတာလုပ်ပါ။ အဲလိုဘဲ သင်ဟာ အမြဲ မကောင်းမြင်နေတဲ့ လူတွေနဲ့ ဝေးနိုင်သမျှ ဝေးအောင်နေပါ။ သင့်ရဲ့ ပတ်ဝန်ကျင်မှာ အကောင်းမြင်တဲ့သူတွေသာ ဝန်းရံထားခြင်းဟာ အောင်မြင်ဖို့အတွက် တကယ့် အထောက်အပံ့ပါ။

၇။ အောင်မြင်သူတွေဟာ အမြဲတမ်း တခြားသူတွေနဲ့ နှိုင်းယှဉ်တဲ့ အကျင့် မရှိဘူး။

  • တခြားသူတွေ ဖြစ်နေ၊ အောင်မြင်နေတာတွေနဲ့ သင်ဟာ သင့်ကိုယ်သင် လိုက်တိုင်းတာနေရင် နေ့စဉ်နဲ့အမျှ သင်ဟာ လုပ်ချင်ကိုင်ချင်စိတ်တွေ ဆုံးရှုံးနေမှာပါ။ တကယ်တော့ တခြားသူတွေနဲ့ လိုက်တိုင်းတာထက်… မိမိကိုယ်သာ မိမိ တိုင်းတာခြင်းဟာ အောင်မြင်သူတွေ အားလုံးမှာ ရှိတဲ့အရာပါ။ မနေ့က ငါနဲ့ ယနေ့ငါဟာ ဘယ်လောက် တိုးတက်လာသလဲဆိုတာ.. သင်အတွက် ပို့ အကျိုးရှိပါတယ်။

 ၈။ အောင်မြင်သူတွေဟာ သူတို့ကိုယ်သူတို့ ဂရုစိုက်ကြတယ်။

  •  အောင်မြင်သူတွေဟာ…သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ခာပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ အားလုံးကို အမြဲ ဂရုစိုက်ကြတယ်။ အိပ်ရေးဝအောင်အိပ်တယ်၊ ကျန်းမာအောင်နေတယ်၊ အားကစားလုပ်တယ်၊ လုံလောက်တဲ့အနားယူမှုတွေ လုပ်ပြီး သူတို့အတွက် အရေးကြီးတဲ့ အလုပ်တွေကို အောင်မြင်အောင် ကျော်ဖြတ်ကြတယ်။

ဒီအချက် ၈ချက်လေးက သင့်အတွက် စဉ်းစားစရာနဲ့ သင့်အတွက် အကျိုးရှိမယ် ဆိုရင် တခြားသူတွေအတွက်ပါ သင် Share လုပ်ပေးလိုက်ပါ။

credit 

No comments