New Artical

ဆီးချိုသမားတွေအနေနဲ့ သရက်သီးကို စိတ်ချစွာစားသုံးနိုင်သလား


ဆီးချိုသမားတွေအနေနဲ့ သရက်သီးကို စိတ်ချစွာစားသုံးနိုင်သလား

ညပိုင်းမစားသင့်တဲ့ အစားအစာတွေထဲမှာ သရက်သီးကလည်း တစ်ခုအပါအဝင်ပါ။ ညနေ ၅ နာရီမတိုင်ခင် စားသုံးခြင်းက တစ်နေ့တာလုံး မှာ စွမ်းအင်ပြည့်နေစေပြီး သကြားတောင့်တခြင်းကို လျော့ပါးစေပါတယ်။ သရက်သီး တစ်ဖန်ခွက်မှာဆိုရင် ၁၀ဝ ကယ်လိုရီ အမျှင်ဓာတ် ၃ဂရမ်နဲ့ အတူ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာအပြင် Vit. A, Vit. B6, Vit. E နဲ့ Vit. K တွေ ပါဝင်ပါတယ်။ အဆီ ပါဝင်ခြင်းတော့ မရှိပါဘူး။

အင်တီအောက်စီးဒင့် (Antioxidants) များစွာ ပါဝင်တာကြောင့် အူလမ်းကြောင်း ကျန်းမာ ရေးကို ကောင်းမွန်စေသလို ကိုယ်ခံ အားကို မြင့်တက်စေပြီး အသား အရေကို တောက်ပစေပါတယ်။အမျှင်ဓာတ်များစွာ ပါဝင်ခြင်းက သကြားစုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြား ပမာဏကို လျော့ကျစေပါတယ်။

ရောင်ရမ်းခြင်းက ရောဂါတွေ ဖြစ်ရခြင်းရဲ့ရေသောက်မြစ်သဖွယ် ဖြစ်ပါတယ်။ သရက်သီးမှာပါတဲ့ အမျှင်ဓာတ်တွေက အူလမ်းကြောင်း အတွင်းက အကျိုးပြု ပိုးမွှားလေးတွေ အတွက် အစာအဖြစ်နဲ့ လုပ်ဆောင် ပါတယ်။ မပျော်ဝင်နိုင်တဲ့အမျှင် ကြောင့် အဆီတွေကို သူနဲ့အတူ စွန့်ထုတ်စေပြီး အူလမ်းကြောင်း ပုံမှန်လှုပ်ရှားမှုကိုပါ ကူညီပေးပါ တယ်။

ဆီးချိုသမားတွေ အနေနဲ့တော့ အသီးဖျော်ရည်အဖြစ်ထက် အသီးလိုက်သာ စားသင့်ပါတယ်။

တစ်နေ့တာစားသုံးသင့်တဲ့ ကယ်လိုရီ ပမာဏအတွင်းမှာ ရှိမယ်ဆိုရင် တစ်နေ့တာမှာ တစ်လုံးကနေ နှစ် လုံးထိ စားနိုင်ပါတယ်။

အမျိုးအစား (၂) ဆီးချိုသမား တွေအတွက် ဆီးချိုတက်နေမယ် ဆိုရင်တော့ ရံဖန်ရံခါမှသာ စားသင့် ပါတယ်။ သရက်သီးမှာ ကယ်လိုရီ များတာကြောင့် အများအပြား စားသုံးမိလျှင် ကယ်လိုရီနဲ့ သကြား တွေ ပိုလျှံလာစေပြီး ခန္ဓာကိုယ် အတွင်းမှာ အဆီတွေကို စုလာစေ ပါတယ်။

အဆီတွေစုခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ အခြား သော ရောဂါတွေကို ဖြစ်ပွားစေပါတယ်။

ဆူး

Ref: hindustantimes.com

No comments