New Artical

အိပ်စက်ခြင်းပြဿနာရှိသူများ မြန်မြန်အိုနိုင်

 

အိပ်စက်ခြင်းပြဿနာရှိသူများ မြန်မြန်အိုနိုင်

အိပ်ရေးပျက်ခြင်း၊ အိပ်ရာမှ မကြာခဏ နိုးခြင်း ပြဿနာရှိသူ များတွင် သွေးအတွင်း အောက်ဆီ ဂျင်ပြည့်ဝမှု နည်းပါးပါတယ်။ ဒါ့ ကြောင့် အိပ်ရာမှ မကြာခဏ နိုး လေ့ရှိပါတယ်။ အိပ်ပျော်နေစဉ် ပုံမမှန် အသက်ရှူခြင်းကြောင့် နေ့ခင်းပိုင်းတွင် ငိုက်မျဉ်းမှု ဖြစ်ပေါ်စေတယ်။ မလိုလားအပ်သော ကျန်းမာရေးပြဿနာတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အမေရိ ကန်ပြည်ထောင်စု၊ဘော်စတွန်မြို့ရှိ ဆေးရုံတစ်ရုံမှ သုတေသီတစ်ဦး က နှစ်ကာလအချိန်ဖြင့် တိုင်းတာသော အသက်ထက် ဇီဝဗေဒအရ ပို၍ အသက်ကြီးနေသောသူများ တွင် မြန်မြန်အိုလွယ်ကြောင်း ပြောကြားခဲ့ပါ တယ်။ ဒီလိုပြဿနာကို အမျိုးသမီးများတွင် ပိုပြီး ဖြစ်လေ့ရှိကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်။ အိပ်မပျော်ခြင်းပြဿနာသည် အဖြစ်များလေ့ရှိပြီး ပြုပြင်ပြောင်း လဲပေးနိုင်ကြောင်း ရိုးရိုးကလေး အိပ်စက်ခြင်းအလေ့အထ ပြောင်း လဲပေးခြင်းဖြင့် အချိန်မီ ကုသခဲ့ပါ က မြန်မြန်အိုမင်းခြင်းကို ကာ ကွယ်နိုင်ပြီး အသက်ရှည်စေနိုင် ကြောင်း သိရပါတယ်။

မောင်
Ref : Healthcare asia

No comments