New Artical

အားဖြည့်အချိုရည်များကပေးတဲ့ ဘေးထွက်ဆိုးကျိုးများ

 


အားဖြည့်အချိုရည်များ သောက်သုံးပြီးနောက် အဖြစ်များဆုံးသော ဘေးထွက်ဆိုးကျိုး တစ်ခုကတော့ နှလုံးခုန်ရင်တုန်ခြင်း ဖြစ်ပါတယ်။
ကျန်းမာရေးကောင်းပြီး ဒေါင်ဒေါင်မြည်နေတဲ့ သူများမှာတောင် နှလုံးခုန်မြန်လာခြင်း၊ ရင်ဘတ်အောင့်ခြင်းဝေဒနာတို့ ခံစားရတတ်ပါတယ်။
နှလုံးခုန် တအားမြန်နေတယ်ဟုဆိုကာ ဆေးခန်း၊ ဆေးရုံကိုရောက်လာသူ လူနာအတော်များများကို စစ်ဆေးကြည့်လိုက်ရင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အားဖြည့်အချိုရည် သောက်သုံးထားသူများ ဖြစ်လေ့ရှိပါတယ်။
 အားဖြည့်အချိုရည်ကို အရက်၊ ယမကာနှင့် ရောစပ်သောက်သုံးပါက ပိုပြီးဆိုးကျိုးပေးနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးထားပါတယ်။
ဒါတင်သာမကသေးပါဘူး။ ကဖင်းဓာတ်ပမာဏ အများကြီးသောက်သုံးလိုက်ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် ခြေတုန်လက်တုန်ဖြစ်လာခြင်း ထိုမှတစ်ဆင့် စိတ်တို၊ စိတ်ဆတ်လွယ်လာခြင်း၊ စိုးရိမ်ပူပန်မှုများလာခြင်း၊ အိပ်မပျော်ခြင်း၊ အခန့်မသင့်လျှင် မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်း၊ ခြေလက်များ ထုံကျဉ်ခံစားမှု လျော့လာခြင်းတို့ကို ခံစားရတတ်ပါတယ်။
ထိုကဖင်းဓာတ်ကြောင့်ပဲ အစာအိမ်ထဲ အက်စစ်ဓာတ် ထုတ်လုပ်မှုများလာရာ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ရင်ပူခြင်းတို့ကို ခံစားလာရနိုင်ပါတယ်။
ထိုအချိုရည်များမှာ မြင့်မားစွာ ပါရှိနေတဲ့ကဖင်းဓာတ်ဟာ အောက်ဆီဂျင်စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေတာကြောင့် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လူနာများမှာဆိုးကျိုးသက်ရောက်နိုင်ပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်လာရင် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အားဖြည့်အချိုရည်ကို တစ်ခါတစ်လေ သောက်သုံးပါက အကျိုးကျေးဇူးရှိနိုင်မှာဖြစ်သော်လည်း နေ့စဉ်သောက်သုံးခြင်းကိုတော့ ရှောင်ရှားသင့်ကြောင်း ပညာရှင်များကဆိုထားပါတယ်။
 ကျန်းမာရေးပြဿနာအခံရှိသူများအနေနဲ့တော့ တတ်နိုင်သမျှ ရှောင်ရှားသင့်တယ်လို့ သိရပါတယ်။
 
Ref:healthdigest

No comments