New Artical

ဘဲဥသံပုရာ

 


ဘဲဥသံပုရာ

ဆီမပါတဲ့ဟင်းတစ်ခွက်ပါ။
ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဘဲဥကို တစ်နေ့တစ်လုံးစားသုံးခြင်းဖြင့် ဒူးနာခါးနာရောဂါတွေ သက်သာပျောက်ကင်းစေပါတယ်။ ချဉ်ငံစပ်အရသာလေးနဲ့မို့ ထမင်းမြိန်မှာ သေချာပါတယ်။

ဘဲဥသံပုရာအတွက် ပါဝင်ပစ္စည်းများ

ဘဲဥ - ၅ လုံး(ဆားထည့်ပြုတ်ပါ)
သံပုရာသီး - ၃ လုံး(အရည်ညှစ်ထားပါ)
စပါးလင် - ၁ ပင် (ရိတ်ရိတ်လှီး)
ငရုတ်သီးစိမ်းအနီတောင့် - ၁၀ တောင့်(လှီးထားပါ)
ကြက်သွန်ဖြူ - ၁ လုံး(နုတ်နုတ်စင်း)
ဂျင်း - လက် ၂ ဆစ်(နုတ်နုတ်စင်း)
နံနံပင် - အနည်းငယ်
ရှမ်းနံနံ - အနည်းငယ်

ပြုတ်ထားတဲ့ဘဲဥတွေကို ထက်ခြမ်းခြမ်းထားပါ

ဆော့စ်ရည်အတွက်
သံပုရာရည် - စားပွဲတင်ဇွန်း ၄ စွန်း
ငံပြာရည် - စားပွဲတင်ဇွန်း ၂ စွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ စွန်း
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဝက်
သကြား - လက်ဖက်ရည်ဇွန်း ၂ စွန်း
ရေနွေး - ပန်းကန်လုံး ၁ လုံး

ပန်းကန် ၁ ခုထဲသို့ လှီးထားတဲ့အစာတွေထည့် ၊ အပေါ်က ပါဝင်ပစ္စည်းတွေထည့်ပြီး သမအောင် ရောပေးပါ။ အရသာမြည်းပါ။လိုသလိုပြင်ပါ။

ပြီးရင် ဆော့စ်ရည်ကို ဘဲဥပန်းကန်ထဲ လောင်းထည့်ပါ။ သံပုရာသီး ၁လုံးကို အကွင်းလိုက်လှီးပြီး စီထည့်ပါ။

ချဉ်ငံစပ်အရသာလေးနဲ့ ဘဲဥသံပုရာကို သုံးဆောင်နိုင်ပါပြီ

credit

No comments