New Artical

တရော်ကင်းပွန်းဖြစ်လာပုံ



တရော်ကင်းပွန်းဖြစ်လာပုံ



ဒွတ္တဘောင် မင်းကြီးဟာစစ်တိုက်ပြီးပြန်လာတော့ပန်ထွာမင်းသမီးရဲ့ တိုင်းပြည်မှာတစ်ညဝင် အိပ်ခဲ့ပါတယ်။

ပန်ထွာမင်းသမီးဟာမင်းကြ်ီးဘုန်းကံနိမ့်အောင် ဆိုပြီးမီးနေသည်ထမီနဲ့ရက်လုပ်ထားတဲ့မျက်နှာသုတ်ပဝါကိုမျက်နှာသုတ်ဖို့ပေးခဲ့တယ်။

မင်းကြီးလည်းအဲဒီမျက်နှာသုတ်ပဝါကိုမျက်နှာသုတ်လိုက်တာဘုန်းနိမ့်ပြီးနဖူးကမှည့်ရှင် ဟာကွယ်ပျောက်ခဲ့တယ်။

မင်းကြီးလည်းဘုန်းနိမ့်မှန်းသိပြီးပြန်လာခဲ့တယ်။

လမ်းရောက်တော့မိုးရွာတဲ့အတွက်တရော်ပင်အောက်မှာမိုးဝင် ခိုခဲ့တယ်။

တ ရော်ကင်းပွန်းကစီးကျလာတဲ့မိုးရေဟာမင်းကြီးအ ပေါ်ကျပြီးဘုန်းကျက်သ ရေရှိစေတဲ့မှဲ့ရှင် ဟာပြန်ပေါ်လာခဲ့တယ်။




မင်းကြီးလည်း

တရော်ဟာဘုန်းကျက်သ ရေရှိစေတယ်ဆိုပြီး ဦးခေါင်းဆေးမင်္ဂလာကိုမကြာခဏလုပ်ပေးတာကစပြီး

မြန်မာဘုရင် အဆက်ဆက်ဟာတ ရော်ကင်းပွန်းနဲ့ဦးခေါင်းဆေးမင်္ဂလာကိုပြုလုပ်တဲ့ အယူအဆပေါ်ပေါက်ခဲ့တယ်။ကင်းပွန်းသီးရဲ့အာနိသင် ကအပုပ်အစပ်နိုင် တာပါ။

ဘယ်လောက်ပဲ့ အပုပ်နံ့ နံပါစေ ကင်းပွန်းသီးကို မီးမြှိုက်လိုက် ရင်အပုပ်နံ အားလုံး ပျောက်ကွယ်သွားပါတော့တယ်။

ဦးခေါင်းကအနံ့ကိုပျောက်အောင်ကင်းပွန်းသီးကစွမ်းဆောင် နိုင်ပြီးဘုန်းကျက်သ ရေရှိဖို့ကိုတရော်က စွမ်းဆောင် ပေးပါတယ်။

အဲဒါကြောင့်မြန်မာလူမျိုးတွေဟာအသုဘပို့ပြန်လာတဲ့အခါတွေမီးနေသည်အိမ်ကပြန်လာတဲ့အခါတွေမှာတ ရော်ကင်းပွန်းကိုအသုံးပြုကြတာဒီနေ့အထိပါပဲ့။

ဦးမြင့်ခိုင် (စိတ်ပညာ)

No comments