New Artical

ရည်မှန်းချက်ကို အလဲအလှယ်မလုပ်မိပါစေနဲ့


ရည်မှန်းချက်ကို အလဲအလှယ်မလုပ်မိပါစေနဲ့

ဝန်ထမ်းဘဝနဲ့ ပဲ အချိန်ကို မကုန်ဆုံးလိုက်ပါနဲ့ မင်းက ဝန်ထမ်းဆိုရင် ဖက်ဖြစ်အောင်ဖက်လိုက်ပါဝန်ထမ်းမလုပ်ရဘူးဆို မဆိုလိုပါဘူး(အရင်းအနှိးတစ်ခုရတဲ့အထိပေါ့)

မင်းက ဝန်ထမ်းဆိုရင်ရော ....ဟုတ်တယ်.. ဒါဆို မင်းရဲ့ မျိုးဆက်သစ်တွေကရော ဘာဖြစ်မလဲ စဥ်းစားကြည် မင်းအလုပ်မှာ ဘယ်levelရောက်နေနေ မင်းမျိုးဆက်သစ်တွေက လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာဖို့  အခွင့်အရေး အတော်နည်းပါးပါတယ် မိမိက စလို့ ပြောင်းလဲလိုက်ပါ ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးဖြစ်ဖြစ်ပါ ဒါမှ မိမိရဲ့မျိုးဆက်တွေလက်ထက်မှာ ပိုကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်မှာပါ
......မဟုတ်ဘူး.......
ငါလစာက ကောင်းတယ် ငါဘဝကိုရပ်တည်နိုင်တယ်မပြောနဲ့ ငယ်ဘဝကိုပြန်စဥ်းစား မင်းတစ်ချိန်က ရည်မှန်းချက်တွေ ရှိနေမှာပဲ ဘယ်သူပဲဖြစ်ဖြစ် ကြီးလာရင် ကိုယ်ပိုင်လုပ်ငန်းနဲ့ သူဌေး ဖြစ်ချင် ခဲ့တဲ့လူတွေပါပဲ..
ဒါပေမယ့် အခု ရည်မှန်းချက်တွေပျောက်ကုန်ပြီး ဘာဖြစ်လို့လဲ သူတို့ပေးတဲ့လစာက ကိုယ့်အိမ်မက် တွေကိုမေ့စေနိုင်လိုပဲ...ကိုယ်ပိုင် စီးပွားရေးဆိုတာ လုပ်ငန်း အကြီးကြီးမှမဟုတ်ဘူး အိမ်မှာ ဆိုင်သေးသေးလေး ဖွင့်နိုင်ရင်လည်း ကိုယ်ပိုင်လုပ်ငန်းပဲ ဥပမာ.. အရင်းအနှီး အများကြီး မတက်နိုင်ရင်တောင် နေရာလေရှိတာနဲ့ company တွေနဲချိတ်ဆက် အမြတ်ရဲ့ ဘယ်လောက်% ဆိုပြီးလုပ်လို့ရနေပါပီး (ဥပမာ one stop တို့ abcတို့ နေရာငှားတာနဲ့ အမြတ်%ရနေရတာပဲ) တစ်ခြားအလုပ်တွေလည်းရှိနေသေးတယ် online shopping. တို့ အရောင်းကိုယ်စားလှယ် .. ဒါပေမယ်...
ကျနော်ကနယ်ကမို့လို့ ဝန်ထမ်းလုပ်ရဦးမှာပါ အရင်းအနှိးတစ်ခုရအောင်ပါ ကျနော်အနေနဲ့ မြို့မှာ လုပ်ငန်းတစ်ခုမပိုင်ရင်တောင် နယ်မှာ မွေးမြူရေးဖြစ်ဖြစ် စိုက်ပျိုးရေးနဲ့ဖြစ်ဖြစ် ကုန်သည် တစ်ယောက်ဖြစ်ဖြစ်ရအောင်လုပ်မှာပါ

ဝန်ထမ်းဘဝနဲ့ ပဲ အချိန်ကို မကုန်ဆုံးလိုက်ပါနဲ့ ကိုယ်မျိုးဆက်သစ်တွေအတွက် ကိုယ်ကပဲစပြီး လုပ်ငန်းသေးသေးလေးစလုပ်လိုက်ပါ

 Credit:

 "သူတို့ပေးတဲ့လစာက 

မင်းရဲ့အိမ်မက်တွေကို 

မေ့ဖြစ်ဖို့ အတွက်

လာဘ်ထိုးခြင်းပါ"


No comments