New Artical

ဆယ်ကျော်သက်များ ကြုံတွေ့ရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာ ၇ ခု

ဆယ်ကျော်သက်များ ကြုံတွေ့ရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာ ၇ ခု

ဆယ်ကျော်သက်အရွယ်ဆိုတာဟာ လွတ်လပ်မှုကို စတင်ရှာဖွေတဲ့ အရွယ်ဖြစ်ပြီး မိဘများအနေနဲ့ သူတို့ရဲ့ အသေးအမွှားပြုမူလှုပ်ရှားမှု လေးတွေကို ကလေးဘဝတုန်းကလို တစ်ချိန်လုံးစောင့်ကြပ်ကြည့်ရှု ထိန်း သိမ်းခွင့်ရတော့တာ မဟုတ်ပါဘူး။ သူ့ဘာသာသူ ဆုံးဖြတ်ချက်ချမယ်။ လုပ်ချင်တာကိုလုပ်မယ်။ အဲဒီလုပ်ရပ်က သူတို့ရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေတာပါပဲ။ ကိုယ်လုပ်ကိုယ်ခံဆိုတဲ့ သဘောမျိုးရှိတယ်။

ဒါကြောင့် မိဘအုပ်ထိန်းသူများအနေနဲ့ ဆယ်ကျော်သက်များ ရင်ဆိုင် နေရသော အဖြစ်အများဆုံးနှင့် အကြီးဆုံးကျန်းမာရေး အ္တရာယ် အခွင့် အလမ်းများကို သိထားသင့်ပါတယ်။ ပြီးတော့ သင့်ရဲ့ ဆယ်ကျော်သက်ကို အဲဒီအကြောင်းအရာတွေ ကောင်းစွာ အသိပေးထားပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ ရွေးချယ်မှုကို သူ့ဘာသာသူ ရွေးချယ်ဆုံးဖြတ်နိုင်စေရပါ မယ်။ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးအတွက် အကျိုးသက်ရောက်မှု ဖြစ် ပေါ်စေမဲ့ ကျန်းမာရေးဆိုင်ရာ အ္တရာယ်အခွင့်အလမ်းတွေကို ဦးစားပေး ပြီး ပြောပြထားရပါမယ်။



(၁) မတော်တဆဖြစ်မှုများ
ယာဉ်တိုက်မှုအပါအဝင် လမ်းပေါ်မှာ ကြုံတွေ့ရတဲ့ မတော်တဆအမှုများဟာ အမေရိကန်ပြည်ထောင်စုမှာ
တော့ ဆယ်ကျော်သက်များ သေဆုံးကြရခြင်းရဲ့ ဦးဆောင်အကြောင်းရင်းကြီးတစ်ခု ဖြစ်နေပါတယ်။
အသက် ၁၆မှ ၁၉နှစ်ကြားဆယ်ကျော်သက် ၇ ဦးဟာ ယာဉ်တိုက်မှုကြောင့် နေ့စဉ် အသက်ဆုံးရှုံးနေရတယ်လို့
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက ခန့်မှန်းထားပါတယ်။ ဆေးရုံ၊ ဆေးခန်း အရေးပေါ်ဌာန
တွေမှာလည်း ပြင်းထန်ဆိုးဝါးတဲ့ ယာဉ်တိုက်မှုဒဏ်ရာများကို ပိုပြီး တော့ ကုသမှုများပေးနေရပါတယ်။

သင့်ရဲ့ ဆယ်ကျော်သက် သားငယ်၊ သမီးငယ်က ကားလက်ကိုင် ဘီးကို ကိုင်တော့မယ်ဆိုရင် ဒါမှမဟုတ် သူနှင့်ရွယ်တူ ဆယ်ကျော် သက်ဒါရိုင်ဘာတစ်ဦးမောင်းတဲ့ ကားပေါ်မှာ ခရီးသည်အဖြစ် လိုက်ပါရ တော့မယ်ဆိုရင် အရေးကြီးဆုံးကတော့ ဆယ်ကျော်သက် ကားတိုက်မှု များ အ္တရာယ်အကြီးဆုံးဆိုတာ သိဖို့ပါပဲ။ သူတို့ကို သင် ကိုယ်တိုင် ယာဉ်တိုက်မှုနဲ့ ပတ်သက်တဲ့ ပညာပေးဆွေးနွေးပေးမှုတွေ လုပ်ပေးရ ပါမယ်။ ဒါရိုင်ဘာ ထိုင်ခုံမှာဝင်ထိုင်တော့မဲ့ ဆယ်ကျော်သက်အတွက် မတော်တဆ အခွင့်အလမ်းတွေလျော့ချသွားစေအောင် စီမံဖန်တီးပေး ဖို့ လိုပါတယ်။ နမူနာအားဖြင့် ယာဉ်မောင်းလိုင်စင်တရားဝင် ရယူစေ ခြင်း၊ ယာဉ်မောင်းလေ့ကျင့်မှုကို လုံလောက်အောင် ပေးထားခြင်း စသည်တို့ ဖြစ်ပါတယ်။



 (၂) အကြမ်းဖက်မှုများ
အကြမ်းဖက်မှုများကတော့ ဆယ်ကျော်သက်များ အတွက် ဒုတိယအ္တရာယ်အရှိဆုံး အခွင့်အလမ်းတွေ
ဖြစ်ပါတယ်။ ၁၂နှစ်မှ ၁၉နှစ်ကြား ဆယ်ကျော်သက်များဟာ တစ်နှစ်လျှင် အကြမ်းဖက်မှု ပေါင်း ၁၆၀ဝ၀ ကျော်ကို ရင်ဆိုင် ကြုံတွေ့နေကြရ ပါတယ်။ ဆယ်ကျော်သက်များဟာ အကြမ်းဖက်မှုများ ဖြစ်မဲ့အခြေအနေကို အလားအလာအရှိဆုံးသူများဖြစ်နေပါတယ်။
၆ တန်းမှ ၁၀ တန်းအထိ ကျောင်းသား၊ ကျောင်းသူများအား လေ့လာခဲ့ရာမှာ ၎င်းတို့ရဲ့ ၃ ပုံ ၁ ပုံခန့်သည် ကျောင်း၌ အနိုင်ကျင့်ခံရခြင်း သို့မဟုတ် အနိုင်ကျင့်မှု အရေးအခင်းထဲတွင် ပါဝင်ပတ်သက်နေခြင်းများ ရှိနေကြောင်း လေ့လာတွေ့ရှိထားရပါ တယ်။ ဒါ့အပြင် အမေရိကန် တစ်နိုင်ငံလုံးဆိုင်ရာ စစ်တမ်းတစ်ခုအရ အဲဒီအရွယ် ကျောင်းသူ၊ ကျောင်းသားများရဲ့ အနည်းဆုံး ၃၃ ရာခိုင်နှုန်းဟာ လက်နက်တစ်ခုခု ကိုင်ဆောင်လေ့ရှိကြောင်း တွေ့ထားရပါတယ်။ ဓားတစ်ချောင်းဖြစ်ရင်ဖြစ်မယ်။ သေနတ်တစ်လက်ဖြစ်ရင်ဖြစ်မယ်။ အနည်းဆုံးတော့ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်း တစ်ကြိမ်လောက် သယ်ယူသယ်ဆောင်ခဲ့ကြကြောင်း တွေ့ရှိရပါတယ်။ သင့်ကိုယ် တိုင် ဆယ်ကျော်သက်အကြမ်းဖက်မှုများနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာထားသင့်ပြီး သူတို့နဲ့ ဆွေးနွေးရပါမယ်။ ဘေးကင်းလုံခြုံစွာ ရှိစေရေး အတွက် မဟာဗျူဟာနည်းဗျူဟာတွေ ဆွေးနွေးပေးရပါမယ်။ ချိန်းဆိုပြီး တိုက်ခိုက် ကြခြင်း(ချိန်းပွဲ)နှင့် ပတ်သက်လို့လည်းဆွေးနွေးရ ပါမယ်။ အကြောင်းကတော့ အဲဒီလို စိန်ခေါ်ပြီး ချိန်းပွဲလုပ်ပြီး သတ်ပုတ်တိုက်ခိုက်ကြခြင်းဟာ ဆယ်ကျော်သက်များရဲ့ အချစ်ကိစ္စနဲ့ နှီးနွှယ်ပြီး ဖြစ်တတ်လို့ပါပဲ။ တစ်နည်းအားဖြင့် ပြောရလျှင် ရည်းစားလု ဖက်ခြင်း ချိန်းပွဲဖြင့် တိုက်ခိုက်ကြတာဖြစ်တယ်။

 

 (၃) မိမိကိုယ်ကို သေကြောင်း ကြံစည်ခြင်း
မိမိကိုယ်ကို သေကြောင်းကြံစည်တဲ့အမှုတွေက ဆယ်ကျော် သက်များသေဆုံးရခြင်းရဲ့ တတိယမြောက်ဦးဆောင်အကြောင်းရင်းဖြစ်နေကြောင်း သိရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အထက်တန်းကျောင်းသားအရွယ် ဆယ်ကျော်သက် ၁၁ ဦးလျှင် ၁ ဦးနှုန်းသည် မိမိကိုယ်ကိုမိမိ သတ်သေရန် ကြိုးစားခဲ့ကြကြောင်းတွေ့ရှိထားရပါတယ်။ ဒီထက်ပိုတဲ့ ဆယ်ကျော်သက် အရေအတွက်များစွာကတော့ မိမိကိုယ်ကို သတ်သေဖို့ကိစ္စကို စဉ်းစားကြံစည်မိခဲ့ကြပြီး လက်တွေ့တော့ မလုပ်ဖြစ်ခဲ့ကြပါဘူး။ သေကြောင်းကြံစည်ရခြင်းရဲ့ အကြောင်း ရင်းတွေကတော့ အမျိုးမျိုးကွဲပြားခြားနားပါတယ်။ အဲဒီထဲမှာ ပါဝင်နေတဲ့ အကြောင်းရင်းအချို့ကတော့ အထီးကျန်ဖြစ်နေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မိသားစုပြဿနာများ ရင်ဆိုင်ခံစားနေရခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းစတဲ့အကြောင်းရင်းများပါဝင်ပါတယ်။ အကြောင်းရင်းတစ်ခု သို့မဟုတ် နှစ်ခုထက်ပိုပြီးတော့ လည်း တစ်ပြိုင်နက်တည်း တွေ့ကြုံနေကြရခြင်းကြောင့် ဖြစ်ပါတယ်။ လူကြီးတစ်ယောက်ယောက်နဲ့ ကောင်းမွန်သော ဆက်ဆံရေးရှိထားတဲ့ ဆယ်ကျော်သက်များက ဤကဲ့သို့သော အ္တရာယ်များသည့် အပြုအမူများ ဖြစ်ပေါ်မှု နည်းပါးလေ့ရှိပါတယ်။ စိတ်ဓာတ်ကျမှုလည်း နည်းပါးကြပါတယ်။

 

 (၄) ဆယ်ကျော်သက်ကိုယ်ဝန်
၁၉၈၀ ပြည့်လွန်နှစ်များအတွင်းက ဆယ်ကျော်သက်ကိုယ်ဝန်ဆောင် တဲ့နှုန်းက အလွန်ကို များပြားခဲ့ပြီး ကောင်းသတင်းကတော့ ယခုအခါ နည်းပါးလာခဲ့ပြီး ၂၀၁၂ ခုနှစ် စာရင်း များအရ အသက် ၁၅နှစ်နှင့် ၁၉ နှစ်ကြား အမျိုးသမီးလေးများ ကိုယ်ဝန်ဆောင်နှုန်း ဟာ ၁၀ဝဝဦးလျှင် ၂၉ ရာခိုင်နှုန်းအထိ လျော့ကျလာခြင်း ဖြစ်ပါတယ်။ အကြောင်းကတော့
ဆယ်ကျော်သက်တွေ ပဋိသန္ဓေ တားဆေး ပိုပြီးတော့ သုံးစွဲလာခြင်းကြောင့် ဖြစ်မယ်လို့ ထင်ရပါတယ်။ ဆယ်ကျော်သက်များ ကိုယ်ဝန်ဆောင်ရ တဲ့အခါ ကိုယ်ဝန်ဆောင်ခြင်း၏ နောက် ဆက်တွဲရှုပ်ထွေးမှုများ ဖြစ်ပွားနိုင်ခြေ အခွင့်အလမ်း များလာပါတယ်။ ကလေး သို့မဟုတ် လူကြီးကို ကျန်းမာရေး ထိခိုက်စေခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက် များမှာ စီးပွားရေးအခွင့်အလမ်းများ ဆုံးရှုံးသွားခြင်းက
လည်း သိသာတဲ့အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

 (၅) လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါ များ
လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သောရောဂါများ
ဖြစ်ပွားခဲ့သူတွေရဲ့ ၂၅ ရာခိုင်နှုန်းက ဆယ်ကျော်သက်တွေ ဖြစ်ပါ
တယ်။ အဲဒီထဲက ၅၀ ရာခိုင်နှုန်းက လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့
ရောဂါအသစ်ဖြစ်ပွားကြခြင်း သို့မဟုတ် ပထမဦးဆုံးစတင်ကြုံတွေ့ရ ခြင်းဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ နှစ်စဉ် လူနာသစ် သန်း ၂၀ လောက် ရှိတဲ့အထဲမှာ ၄၆ ရာခိုင်နှုန်းရှိပါတယ်။ အထက်တန်းကျောင်းသူ၊ ကျောင်းသားအားလုံးရဲ့ ၄၆ ရာခိုင် နှုန်းခန့်ဟာ လိင်ဆက်ဆံတဲ့ အတွေ့အကြုံရှိခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်များ အား HIV နှင့် ဂနိုကျရောဂါကဲ့သို့သော ပြဿနာများဖြစ်ပွားနိုင်ခြေ အခွင့်အလမ်းရှိတယ်ဆိုတာ အသိပေးဖို့ အလွန်ကိုအရေးကြီးပါတယ်။

 

 (၆) စီးကရက်၊ အရက်နှင့် ဆေးဝါးများသုံးစွဲခြင်း (ဆရာဝန်ညွှန်သည့်ဆေး အပါအဝင်)
အထက်တန်းကျောင်းသား အရွယ်ရောက်လာတော့ ၎င်းတို့ရဲ့ ၃ပုံ၂ပုံကျော်ဟာ ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုကို ပုံမှန်သော်လည်းကောင်း စမ်းကြည့်ခဲ့ဖူးသူများသော်လည်းကောင်း ဖြစ်နေကြပါတယ်။ တစ်မျိုးသားလုံးအဆင့် စစ်တမ်းထဲမှာ အထက်တန်းကျောင်းသားများရဲ့ ၂၈ ရာခိုင်နှုန်းသည် ဆေးရွက် ကြီးထွက်ပစ္စည်း သုံးစွဲနေသူများ ဖြစ်နေပါတယ်။ ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုက အခြားသော အ္တရာယ်များသည့် အပြုအမူများနမူနာအားဖြင့် အရက်သောက်ခြင်းကဲ့သို့သော အလေ့အထများ လည်း တွဲဖက်လုပ်ဆောင်နေကြတာဖြစ်တယ်။ ၈ တန်းကျောင်းသား ၁၀ ဦးလျှင် ၉ ဦးသည် အရက်သောက်နေကြပါတယ်။
ဆေးဝါးများသုံးစွဲခြင်းကလည်း အ္တရာယ်များသော အခွင့်အလမ်း
တစ်ခုဖြစ်တယ်။ ၆ ရာခိုင်နှုန်းခန့်ရှိသော ဆယ်ကျော်သက်များ
ဟာ ကိုကင်းကဲ့သို့ မူးယစ်ဆေးဝါးကို အနည်းဆုံး တစ်ကြိမ်တော့ စမ်းပြီး သုံးစွဲခဲ့ဖူးသူတွေဖြစ်တယ်။ အထက်တန်းကျောင်းသားများရဲ့ ၃ ရာခိုင်နှုန်းက စတီးရွိုက်ဆေးတွေကို သုံး နေကြတယ်။ အကိုက်အခဲ ပျောက်ဆေးများကို ဆရာဝန်ကညွှန်းပေးခဲ့ရာမှ ၎င်း
ဆေးများကို စွဲသွားကြခြင်းဖြစ်တယ်။ ဒီအရေအတွက်က
လည်း တဖြည်းဖြည်း များလာနေတယ်။

 

 

(၇) စားခြင်းဆိုင်ရာပြဿနာများ၊ အဝလွန်ခြင်း၊ အလွန်အကျွံ စားခြင်း
အထက်တန်းကျောင်းသားများရဲ့ ၈၇ ရာခိုင်နှုန်းက တစ်နေ့လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ၅ ကြိမ်စားရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိကြပါ။ ၂၅ ရာခိုင်နှုန်းကျော်ကတော့ အဆီဓာတ်ပါဝင်မှုများသော အစားအစာတွေကို တစ်နေ့လျှင် ၂ကြိမ်ထက် ပိုပြီး စားနေကြပါတယ်။ ၎င်းတို့ဟာ စားခြင်းဆိုင်ရာ ပြဿနာများကို ခံစားရလေ့ရှိပြီး တချို့က လုံလောက်အောင် မစားကြပါ။ တချို့ဆိုလျှင်အတော် ဆိုးဆိုးဝါးဝါး အစာငတ်ခံတာမျိုးလည်း ရှိပါတယ်။ နမူနာအားဖြင့် အစားတွေ ကိုစားပြီး လက်ညှိုးထိုးအန်ပစ်တဲ့ အလေ့အထမျိုးတွေ လုပ်ကြပါတယ်။ တချို့ကတော့ အလွန်အကျွံ စားတဲ့အတွက် အဝလွန်ခြင်း၊ ကိုယ်အလေးချိန်ပိုနေခြင်း ပြဿနာများ
ခံစားရပါတယ်။ အထက်တန်းကျောင်းသား၊ ကျောင်းသူများရဲ့ ၃၃ ရာခိုင်နှုန်းသည် လုံလောက်တဲ့ ကာယလေ့ ကျင့်ခန်းမလုပ်ကြကြောင်းနှင့်
၃၆ ရာခိုင်နှုန်းသာလျှင် ကျောင်းမှာ နေ့စဉ်လုပ်ရသော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပညာပေး အစီအစဉ်များမှာ ပါဝင်ကြပါတယ်။

ဒါတွေကို မိဘအုပ်ထိန်းသူများအနေနဲ့ သိရှိနားလည်ထားပြီး မိမိတို့ရဲ့ ရင်သွေး ဆယ်ကျော်သက်များအား နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးအကြံ ပေးသင့် ကြောင်း ဖော်ပြလိုက်ပါတယ်။

 

မောင်

 

 

 

 

No comments