New Artical

လူမိုက်၏ သဘာဝနှင့် ပညာရှိတို့၏ သဘာဝ

 

လူမိုက်၏ သဘာဝနှင့် ပညာရှိတို့၏ သဘာဝ

၁။ အစ္စယံ အစ္စယတော န ပဿတိ။ 

လူမိုက်ဆိုတာ ကိုယ်မဟုတ်တာ လုပ်တာကို မဟုတ်တာလုပ်တယ်လို့ မသိဘူးတဲ့။ ကိုယ် အပြစ်ရှိနေတာကို အပြစ်ရှိနေတယ်လို့ မသိဘူး။ ကိုယ် အပြစ်လုပ်ပြီးရင်လည်း အဲဒါ အပြစ်လုပ်ထားတယ်လို့ သူ မသိဘူးတဲ့။

၂။အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ နပ္ပဋိ ရေတိ။ 

ငါ လုပ်ထားတာ အပြစ်လို့တော့ သိတယ်။ ဒါပေမယ့် အဲဒီအပြစ်ကို သူ မကုစားဘူးတဲ့။ သူများကို ကျုးလွန်ထားတယ်ဆိုရင်လည်း တောင်းပန်မူ မပြုဘူး။ ဘုန်းဘုန်းတို့ ရဟန်းတော်တွေ ဆိုလို့ရှိရင် အာပတ်သင့် တယ်ဆိုရင် အချင်းချင်း ဒေသနာကြားရတာ ရှိတယ်လေ။ အဲဒါ ဘာတုန်း၊ ကိုယ့်အပြစ်ကို ဝန်ခံပြီးတော့ ဖွင့်ဟပြီးတော့ နောင် ဒါမျိုး မလုပ်ပါဘူး ဆိုပြီးတော့ ဒါ ကိုယ့်ရဲ့အပြစ်ကို သူတစ်ပါးရဲ့ထံမှာ ဝန်ခံလိုက်တာ၊ ဖွင့်ဟလိုက်တာ။ နောင် စောင့်စည်းမယ်ဆိုတဲ့ စိတ်နဲ့။ ဒါ အပြစ်ကို ဆေးကြောတာပေါ့နော်။

လူမိုက်ဆိုတာ 

၁။ ကိုယ်အပြစ်လုပ်တာကိုလည်း အပြစ်လုပ်တယ်လို့ မသိဘူး။

၂။ လုပ်ထားတာကို အပြစ်လုပ်တယ်လို့ သိသော်လည်းပဲ တရားနည်းလမ်းတကျ အဲဒါကို ပြေပျောက်သွားအောင် မကုစားဘူးတဲ့။ 

နောက် လူမိုက်ရဲ့ လက္ခဏာ နံပါတ်-၃ ဘာပြောတုန်း။

၃။ ပရဿ ခေါ   ပန အစ္စယံ ဒေသေန္တဿ  ယထာဓမ္မံ နပ္ပဋိဂ္ဂဏှာတိ။

သူများက အပြစ် လွန်ကျုးမိလို့ ကိုယ့်ကို လာတောင်းပန်တယ်" ငါ မင်းကို ပြောမိတာ မှားသွားတယ်ကွာ၊ ငါ့ကို ခွင့်လွှတ်ပါ"။ အဲလို သူများက လာပြီးတော့ သူ့ရဲ့ အပြစ်ကို ထင်ရှာပြပြီးတော့ တောင်းပန်တာကို သူ မကျေနပ်နိုင်ဘူး။ခွင့်မလွှတ်နိုင်ဘူး။ အဲဒီအပြစ်ကို တရားနည်းလမ်းတကျမခံယူနိုင်ဘူး။ ဆိုလိုတာ ခွင့်မလွှတ်ဘူးပေါ့နော်။

လူမိုက်ရဲ့သဘော (၃)မျိုး။

အပြစ်လုပ်တာကိုလည်း အပြစ်လုပ်တယ်လို့ မသိဘူး။အပြစ်လုပ်တယ်လို့ သိသော်လည်း မကုစားဘူး။ သူများက လာတောင်းပန်ရင်လည်း ခွင့်မလွှတ်ဘူး။ စိတ်ထဲမယ်အငြိုးအတေးနဲ့ သူ သိမ်းထားတာပေါ့နော်။ ခွင့်လွှတ်မပေးလိုက်နိုင်ဘူးပေါ့။ ပညာရှိဆိုတာ အဲဒါနဲ့ ဆန့်ကျင်ဘက်ပဲ။ ကိုယ်အပြစ်လုပ်တာကိုလည်း အပြစ်လုပ်တယ်လို့ သိတယ်။

အစ္စယံ အစ္စယတော ပဿတိ။

နောက်-

အစ္စယံ အစ္စယတော ဒိသွာ ယထာဓမ္မံ ပဋိကရောတိ။

ကိုယ် အပြစ်လွန်ကျုးထားတာ သိရင်လည်း အဲဒါကို ကုစားတယ်၊ ပပျောက်အောင်။ တစ်ခါ သူများက ကိုယ်ကို လာပြီးတော့ တောင်းပန်တယ် ဆိုရင်လည်းပဲ ခွင့်လွှတ်လိုက်တယ်တဲ့။ နားလည်ပေးတယ်ပေါ့နော်။ ဒါ ပညာရှိတို့ရဲ့သဘော။

အရှင်ဥတ္တမ( သစ္စာရွှေစည်)

မင်္ဂလာတရားတော် အပိုင်း(၂)မှ ကူးယူ ပူဇော်သည်။


No comments