New Artical

နှစ်ပေါင်း (၁၀၀)တိုင်အောင် ကိုလိုနီခေတ်နှောင်းဗိသုကာလက်ရာတွေနဲ့ အသက်ဝင်နေဆဲ ဝက်မစွတ်ကျောင်း~

 

နှစ်ပေါင်း (၁၀၀)တိုင်အောင် ကိုလိုနီခေတ်နှောင်းဗိသုကာလက်ရာတွေနဲ့ အသက်ဝင်နေဆဲ ဝက်မစွတ်ကျောင်း~

အံ့ဩစရာဗိသုကာလက်ရာတွေနဲ့ယနေ့တိုင်အောင် ခမ်းနားဆဲ ဝက်မစွတ်ကျောင်းဟာ စစ်ကိုင်းတိုင်းမြောင်မြို့မှာ တည်ရှိပါတယ်။ ဝက်မစွတ်ကျောင်းကြီး​၏ အလှူဒါယကာတို့မှာ ဦးထင်ပေါ်နှင့် ဒေါ်ဒေါ်အိုတို့ဖြစ်ကြပြီး ထိုကျောင်းကြီးကို 1918ခုနှစ် August လမှာ စတင်တည်ဆောက်ခဲ့ပြီး 1921 ခုနှစ် January မှာ ပြီးစီးခဲ့ပါတယ်။

ဝက်မစွတ်ဟု ခေါ်တွင်ရခြင်းမှာတော့ ဝက်မင်းသည် မြစ်ကိုဖြတ်ကူးရာမှ ဝက်မင်းဝမ်းဗိုက်ရေစွတ်သွားသည်ကို အကြောင်းပြု၍ “ဝမ်းမစွတ်” ၊ “ဝက်မစွတ်” ဟုခေါ်တွင်ကြကြောင်း ရေးသားခဲ့ကြပါသည်။

ထိုကျောင်းတော်ကြီးတွေ သီတင်းသုံးနေကြနေကြသော ကျောင်းထိုင်ဘုန်းဘုန်းများလည်းရှိနေပါတယ်။ကျောင်းကြီးက နှစ်ထပ်ကျောင်းဖြစ်ပြီး အထဲမှာ ကြောင်လိမ်လှေကားတွေ၊ သရက်ကင်းလှေကားတွေ၊ စတိုခန်းတွေ၊ ကနုတ်လက်ရာအလှအပများနှင့် ဘုရားခန်းတွေ၊ စာတိုက်တွေနှင့် ရှေးခေတ်လက်ရာအမြောက်အမြားနှင့် အလှဆင်ထားပါတယ်။ နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် ရာသီဥတုဒဏ်၊ အချို့သောဘေးတွေကြောင့် ပျက်စီးမှုများလည်းရှိနေပါတယ်။

ထို့ကြောင့် ဒေသခံတွေနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းလိုသူပညာရှင်များပူးပေါင်းပြီး ကိုလိုနီခေတ် ဗီသုကာလက်ရာတွေနှင့် ရှေးဟောင်းဘုန်းကြီးကျောင်းကြီး ဝက်မစွတ်ကျောင်းအား မြောင်မြို့ရဲ့ပြယုဂ်ကြီးအဖြစ်မှ စစ်ကိုင်းတိုင်းရဲ့အမွေအနှစ်၊ ထိုမှတစ်ဆင့် နိုင်ငံတော်ကြီးရဲ့ယဉ်ကျေးမှုရတနာတစ်ပါးအဖြစ်ပါ မှတ်ကျောက်တင်နိုင်အောင် ထိန်းသိမ်းစောင့်ရှောက်မှုများရှိနေပါသည်။

Photo : ဓာတ်ပုံများအား ရှေးဟောင်းပုံရိပ် group မှကူးယူဖော်ပြပါသည်။(မူရင်းပိုင်ရှင်အားလေးစားစွာဖြင့် credit ပေးပါသည်။ group ထဲကလည်း Credit အနေနဲ့တွေ့လို့ပါခင်ဗျာ။)

Reference : Htet Aung Nayyin , ဗိသုကာသုခုမ

No comments