New Artical

ပန်းရံဆရာတွေ ဘယ်လိုမှပြင်လို့မရတဲ့ မြသလွန်ဘုရားပေါ်က ဘီလူးရယ်နေပုံ အကြောင်း

 


မကွေးမြသလွန်ဘုရားတွင် ဘီလူးရယ်နေတဲ့ပုံရဲ့ သမိုင်းကြောင်းကတော့ ဘီလူး က ၆ ကောင်ပါ ဘီလူးမနှစ်ကောင်ကို ချန်လှပ်ထားပါတယ်။ သမိုင်းမှာ ဘောသော ဘောကျော် ဘောသူရာ ဘောရသ ဘီးလူးလေးကောင်တို့သည် ဘုရားထံမှရတဲ့ မြသပိတ်နဲ့မြသလွန် ဘုရား ဗျာဒိတ်ပေးတဲ့နေရာမှာ မတည်ပဲ ဘုရားပြိုအရပ်မှာတည်တာကို သိကြားမင်းသိတော့ ဝရဇိန်လက်နက်နဲ့ ဖြိုခွင်းပြီး မြသလွန်နဲ့မြသိပိတ်ကိုယူကာ ဘုရားသုံးဆူတောင်မှ ရသေ့ညီနောင်သုံးပါးထံ အပ်တယ်။ ဘီလူး ဘောကျော် လူဝင်စားဖြစ်မှ ဘုရားတည်ခွင့်ပေးဖို့ မှာကြားလေတယ်။ 

ဘီလူးဘဝမှာ စုတေကြပြီး ဘောကျော် လူဝင်စား ဖြစ်လာတဲ့အချိန် မကွေးမြို့မှာ ကုန်သည်အဖြစ်နဲ့ ရောက်ရှိပြီး မကွေးမြို့ သူဌေးကြီးဦးဘောဂရဲ့ သမီးပုဏ္ဏဝတီ မင်းသမီးလေးနဲ့ လက်ထပ်ယူပြီး ရှေးထုံးကံ ပါရမီကြောင့် ရသေ့ညီနောင်သုံးပါးထံ ရောက်ရှိ သွားတယ်။ 

ရသေ့ညီနောင်သုံးပါးကလဲ ဒိဗ္ဗစက္ကုဉာဏ်နှင့် ကြည့်ရှုတဲ့အခါ ဘီလူးဘော်ကျော် လူဝင်စားမှန်းသိလေသည်။ သိကြားမင်း မှာကြားခဲ့တဲ့အတိုင်း ဘောကျော်လူဝင်စားကို မြသလွန်နဲ့မြသပိတ် ပြန်လည်ပေးအပ်လိုက်ပြီး နာဂုတ္တမတောင်ပေါ်မှာ ကျောက်ဖြာသုံးချပ်အုပ်၍ ဌာပနာပြီး ဘုရားပြန်တည်ခွင့် ပေးလိုက်သည်။ 

ဘုရားတည်နေစဉ် အချိန်အတွင်းမှာ ဘဝဟောင်းက ဆွေတော်မျိုးတော် ဘီလူးအပေါင်းတို့ ဝိုင်းဝန်းပြီး တည်ပေးကြတယ်။ ထိုအခါမှာ ဘောကျော်ဟာ လွန်စွာမှ သဒ္ဓါကြည်နူး ပီတိထောပနာဖြစ်ပြီး သောပန်တည်သွားခဲ့တယ်။

သောတပန်ပြီးနောက် ၇ ဘဝမြောက်ရင် အမှန်ဧကန် နိဗ္ဗာန်စံဝင်ရမယ် ဆိုတာကိုသိရှိသွားပြီး ဝမ်းသာလွန်းတဲ့စိတ်ကြောင့် ပြုံးရယ်မိခဲ့တယ်။ ထိုသို့ ပြုံးရယ်ခြင်းသည် မြသလွန် စေတီတော်ကြီး၏ အလယ်ဖောင်းရစ်နေရာ၌ ဘီလူးခေါင်း ၂၁ ခေါင်း ထည့်သွင်းထုလုပ်စေခဲ့သည့်အခါ သောကြာနဲ့ တနင်္ဂနွေထောင့်ကြားမှာ ရှိတဲ့ ဘီလူးခေါင်းဟာ ဘောကျော် ပြုံးရယ်နေတဲ့ပုံစံအတိုင်း ဖြစ်ပေါ်ခဲ့ရတယ်။

 ပန်းရံဆရာတွေ အကြိမ်ကြိမ် ပြုပြင်ခဲ့သော်လည်း ဘယ်လိုမှပြင်၍မရ ပြုံးရယ်တဲ့ပုံသာ ပြန်ဖြစ်ခဲ့တယ်။ ထို့ကြောင့် နိဗ္ဗာန်ဝင်ရမယ့် ဘီလူးပြုံးရယ်နေပုံ ဖြစ်ပါသည်။

Credit


No comments