New Artical

အိမ်တံခါးမရှိတဲ့ ရွာကလေး



 ဂုဏ်သာဖောင် ကရင်ရိုးရာရွာ

ခုန်သာဖောင်ကရင်ရိုးရာရွာသည် တလာဂုဏ်ဘာသာဝင်ကရင်လူမျိူးများ သီးသန့်နေထိုင်သော ရွာငယ်လေးတစ်ရွာဖြစ်သည်။

တလာဂုဏ်၏အဓိပ္ပါယ်

'' တလ'' ၏အဓိပ္ပါယ်မှာ '' ကျေးဇူးရှင် / ဆရာသမား ''

'' ဂုဏ် '' ၏အဓိပ္ပါယ်မှာ '' ဂုဏ် ''  ( '' ကျေးဇူးရှင်/ဆရာသမား၏ ဂုဏ် '' ဟု အဓိပ္ပါယ်ရသည် )

ခုံသာဖောင်ရွာသည် လက္ခဏကျေးရွာအုပ်စုပါဝင်ပြီး လက္ခဏရွာ၏ အရှေ့ဘက်တွင်တည်ရှိသည်။



တလာဂုဏ်ကရင်လူမျိူးတို့၏ ရိုးရာဓလေ့ ၊ တလာဂုဏ်ကရင်လူမျိုးများသည် ဘာသာရေးကိုလိုက်စားသော ကရင်လူမျိုးများဖြစ်သည်။ သက်သက်လွက်ဟင်းလျာများကိုသာ စားသုံးကြပါသည်။ တလာဂုဏ်ဘာသာဝင် အမျိုးသားအားလုံးမှာ ရိုးရာသင်ဒိုင်အရှည်ကို ဝတ်ဆင်ကြပြီး ဓလေ့ထုံးစံအတိုင်း ဆံထုံးထုံးထားကြပါသည်။ အမျိုးသမီးများမှာမူ အနီရောင်အဆင်ရှိသော အင်္ကျီနှင့် အနီရောင်အဆင်ရှိသော ထမီများကိုသာ ဝတ်ဆင်ကြပါသည်။ ၎င်း ဝတ်စုံများကိုလည်း မိမိတို့၏ နေအိမ်ဂျက်ခုတ်စင်မှ ကိုယ်တိုင်ယက်လုပ်ယူပြီး ဝတ်ဆင်ကြပါသည်။





ရွာထဲဝင်လိုက်တာနဲ့ နေအိမ် ၁၀ အိမ်ကျော် လောက်ပဲတွေ့ရပြီး အိမ်တိုင်းမှာ အိမ်တံခါးတွေတပ်ဆင်ထားခြင်းမရှိတာကလည်း ထူးခြားချက်တစ်ခုလို့ပြောရမယ်။ အိမ်တိုင်းမှာ အိမ်တံခါးမရှိတာကိုကြည့်လိုက်ခြင်းအားဖြင့် သူခိုး ဓားပြ မရှိတာကိုသိနိုင်ပါတယ်။ ရွာမှာက အခုဆိုအိမ်ခြေ ၁၀ အိမ်ကျော် လောက်ပဲရှိပြီး လူဦးရေ ၃၀ ကျော်လောက်နေထိုင် ကြပါတယ်။ ထူးခြားပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ကိုးကွယ်ယုံကြည်မှူတွေနဲ့ သီးသန့်ရပ်တည်နေကြတဲ့ ဂုဏ်သာဖောင်ရွာလေးကတော့ တကယ်ကိုစိတ်ဝင်စားစရာကောင်းလှပါတယ်။




သူတို့အဓိကကိုးကွယ်တဲ့ ဘာသာကတော့ တလာခုန်ဘာသာပေါ့။ ပြီးတော့ နောင်ပွင့်မယ့် အရိမေတ္တယျ ဘုရားကို ဖူးဖို့စောင့်နေတဲ့ မျိုးနွယ်တစ်စုလို့လည်း သိရပါတယ်။ပြီးတော့ အဲ့နားမှာ လယ်ကယ်ဘာသာဝင်တွေရဲ့ ရွာလည်းရှိသေးသည်။ အရင်က တလာခုန် ဘာသာကိုးကွယ်တဲ့လူတွေအများအပြားရှိခဲ့ပေမယ့် ခုလိုစည်းမျဉ်းစည်းကမ်းတွေကြောင့် အရင်ကလောက်မရှိတော့ပါဘူးတဲ့​။ ထိုင်းနယ်စပ်နဲ့ ကော့ကရိတ်နယ်စပ်တွေမှာတော့ တလာခုန်ဘာသာဝင်အချို့ကျန်ရှိနေပါသေးတယ်။ ဂုဏ်သာဖောင်ရွာလေးရဲ့ထူးခြားချက် နောက်တစ်ခုကအိမ်လှေကားတွေအားလုံးကို အရှင်ထားထားတာပါ။ တကယ်လို့ အိမ်တစ်အိမ်မှာလှေကားကိုအပေါ်တင်ထားတယ်ဆိုရင် အဲ့ဒီအိမ်မှာ လူမရှိဘူးလို့ သိနိုင်ပါတယ်။ သူတို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းကတော့ စပါးစိုက်တာပါ။ စပါးစိုက်ပြီးရင်တော့ အင်ဖတ်ကောက်ပြီး အိမ်ခေါင်မိုးတွေမိုးကြပါတယ်။ မိုးတွင်းဆိုရင် အင်ဥကောက်ပြီး မျှစ်ချိုးကြတာလဲ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုပါ။ ရွာသူ ရွာသားများကလည်း သဘောဖြူကြပါသည်။




ဘားအံကနေဆို ၁၀ မိုင်လောက်ဝေးပြီး နာရီဝက်ကျော်ကျော်လောက်တော့ သွားရတယ်။ တလာဂုဏ်ရွာကိုသွားရင် ကော့ကသောင်ဂူကနေသွားရပါတယ်။ ကော့ကသောင်ဂူမုဒ်ဝထဲသို့ မဝင်ပဲ တည့်တည့်သွားပါက လက္ခဏတံတားကိုတွေရပါမည်။ လက္ခဏတံတားကျော်ရင် ညာဘက်ချိူးပြီး တည့်တည့်ဆက်သွားပါ။

လမ်းဆုံတစ်ခုရောက်ရင် ဘယ်ဘက်ကိုချိုးလိုက်ပါ။ ထို့နောက်တည့်တည့်ဆက်သွားပါက လမ်းဆုံတစ်ခုကို တွေ့ပါမည်။ ထိုလမ်းဆုံမှ ဘယ်ဘက်သို့ချိုးလိုက်ပါ။ တည့်တည့်ဆက်သွားပါက ညာဘက်ကို ချိုးလိုက်ပါ။ ပြီးရင် ဘယ်ဘက်ကို ချိုးလိုက်ရင် တလာဂုဏ်ရွာကိုရောက်ပါပြီး။ 

မြန်မာပြည်မှာ ဒီလိုထူးခြားတဲ့နေရာလေး တွေရှိတယ်ဆိုတာ သိစေချင် ဗဟုသုတရှာမှီးချင်သူများ သွားရောက် လည်ပတ် လေ့လာနိုင်စေရန် ရှာဖွစုစည်းပြန်လည် တင်ပြအပ်ပါသည်။

Credit: Photo , အင်တာနက်မှ စာစုများ

No comments