New Artical

သင်ခန်းစာ ယူပါ

" သင်ခန်းစာ ယူပါ "

အလုပ်တွေ အဆင်မပြေတဲ့အချိန်  !!

ငွေကြေး အဆင်မပြေတဲ့အချိန်  !!

မိသားစုရေး အဆင်မပြေတဲ့အချိန်   !!

အချစ်ရေး အဆင်မပြေတဲ့အချိန် !!

စတဲ့ အခက်အခဲများစွာ ရင်ဆိုင်ရတဲ့အချိန်မှာ -

ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင်ထိ -

လူတိုင်း စိတ်ညစ်ဖူးကြပါလိမ့်မယ်  !!

ဘာကိုမှ မတွေးနိုင်ဘဲ -

စိတ်ထဲမှာ ဒီအကြောင်းတွေပဲ -

အက်ကြောင်း ထပ်နေပါလိမ့်မယ်  !!

ဖြေရှင်းနိုင်မည့် နည်းလမ်းထက် -

သင့်စိတ်ဓာတ်ကို ကျစေမည့် -

ဖိအားတွေကသာ နေရာယူထားပြီး ၊

အတွေးကို လွန်ကဲစေမိမှာပါ  !!

ဒီချိန်မှာ သင်တွေးရမှာက 

ဒိလို အခက်အခဲတိုင်းဟာ လူတိုင်းမှာလည်း -

ရှိနေတယ်ဆိုတာ မမေ့ပါနဲ့  !!

သင် အသက်ရှင်နေသမျှ ကာလပတ်လုံး -

အခက်ခဲ ဒုက္ခပြဿနာ ပေါင်းစုံက -

တစ်ခု မဟုတ် တစ်ခု ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ !!

ဖြစ်လာတဲ့ ပြဿနာတိုင်းကို -

ခေါင်းအေးအေးနဲ့ အချိန်ပေး စဉ်းစားပါ  !!

ဘယ်အရာကိုမှ တွေးကြောက် မနေပါနဲ့  !!

လူတိုင်းက အကြောင်းအမျိုးမျိုးကြောင့် -

ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတာပါ !!

သင် တစ်ယောက်တည်း -

မဟုတ်ဘူးဆိုတာ သိထားလိုက်ပါ !!

ဘယ်လိုအခက်အခဲ ရှိနေပါစေ -

ရင်ဆိုင်ပါ !!

တွေဝေနေခြင်းက -

သင့်အတွက် ရှုံးနိမ့်ခြင်းပါပဲ  !!

အခက်ခဲ ဒုက္ခ ပြဿနာတွေကို -

တွေးကြောက်ရမှာထက် ၊

သင့်ရဲ့ အတွေးနဲ့ စိတ်ဓာတ်တွေ -

ကျ  မသွားဖို့သာ အရေးကြီးပါတယ် !!

ဆာလောင်နေတဲ့ဗိုက် !

ငွေမရှိတဲ့ ပိုက်ဆံအိတ်နဲ့ !

ကျိုးပဲ့နေတဲ့ နှလုံးသားဟာ !

ဘဝရဲ့ အကောင်းဆုံး 

သင်ခန်းစာတွေကို သင်ကြားပေးနိုင်ပါတယ် !!

#Credit :Original Writer 



No comments