New Artical

ရှုးရှဲကြက်သံပုရာပေါင်း

 

ရှုးရှဲကြက်သံပုရာပေါင်း


အရင်ဆုံးကြက်ပေါင်တစ်ခုလုံးကို ဆားနဲ့သံပုရာသီးအရည်ညှစ်ပြီးသမအောင်ပွတ်ပြီး ဆေးပေးရပါမယ်။ အညှီနံ့တွေ ပျောက်ပြီဆို ဂျင်းကို ထောင်းလို့ ရလာတဲ့အရည်ကို ကြက်ပေါင်ရဲ့နေရာအနှံ့ပွတ် ကြက်သားမှုန့်လေးလည်း နေရာအနှံ့ပွတ်ပြီး ပေါင်းပေးရပါမယ်။ ထမင်းပေါင်းအိုးထဲ ရေထည့် ပေါင်းတဲ့ အလယ်အကန့်လေးတင် စတီးပန်းကန်ပြားလေးထဲမှာမှ ကြက်ပေါင်ကို ထည့်ပြီး ပေါင်းပေးရုံဘဲနော်။

ကြက်ပေါင်ပေါင်းပြီးလို့ထွက်လာတဲ့အရည်ကိုသွန်ပစ် ကြက်ပေါင်ကိုအအေးခံ။ ထန်းလျက် နဲ့ ငရုတ်သီးအနီကို ညက်အောင်ထောင်း (မြေပဲထည့်လျှင်ရ သို့သော် အချဉ် ပေါ့သွားမည် ဆိုး၍မထည့်တော့ပါဖူး ) ကြက်သားမှုန့် ငံပြာရည် သံပုရာရည် အချိုမှုန့် ရေနွေးအနည်းငယ်ထည့်ပြီး ဆော့စ်ဖျော်ပေးရပါမယ်။ ပြီးမှ ထောင်းထားတဲ့ ထန်းညက်နဲ့ ငရုတ်သီးတွေထည့် နံနံပင် ပူတီနံ ကြက်သွန်ဖြူလေးလှီးပြီး သမအောင်မွှေ။ ဆော့စ်ရပြီဆို ကြက်ပေါင်ပေါင်းကို အလယ်မှာထား ဆော့စ်အရည်တွေ လောင်းချ သံပုရာကွင်းလေးတွေ နဲ့အလှဆင်။ စားချင်စရာ ရှုးရှဲကြက်သံပုရာ ပေါင်းလေးရပါပြီ။

ထန်းလျက်မကြိုက်ရင် သကြားအစားထိုးသုံးလို့ရပါတယ်

credit

No comments