New Artical

ကိုကာကိုလာနဲ့ ကြော်တဲ့ ကြက်ကြော်


ကိုကာကိုလာနဲ့ ကြော်တဲ့ ကြက်ကြော် 


အရမ်းမိုက်ပြီး လုပ်ရလွယ်ကူ စားလို့လဲကောင်း (ဆီလုံးဝမပါတဲ့)ကိုကာကိုလာနဲ့ ကြော်တဲ့ ကြက် ကြော် လေးပါ။
ပြုလုပ်နည်း

ကြက်သား ၄တုံး
ကိုကာကိုလာ ဘူးသေးတဘူး
ကြက်သွန်ဖြူအကြီး ၃မွှာ

(အစပ်ကြိုက်ရင် အနီရောင်ငရုတ်သီးစိမ်းလေးတွေပါးပါးလေး တခါတည်းညှပ်ထည့်လို့ရပါတယ်နော်)
ကြက်သားကိုရေဆေး...ပြီးရင် ကြက်သားမှုန့် လက်ဖက်စားတဇွန်း ထည့်ပြီး သမအောင်နယ် ကြက်သွန်ဖြူ ၃မွှာကို ခပ်ကြီးကြီးလှီးပြီး ကြက်သားထဲထည့်ပါ..(အတုံးလိုက်ပါနော်)
ပြီးရင် ကြက်သားထည့်ထားတဲ့အိုးထဲ ကိုကာကိုလာတဘူးလုံးလောင်းထည့်ပါမယ် မီးဖိုပေါ်တင်ပြီး အရည်ခမ်းသည်အထိချက်ပါ..


ရေလည်းခမ်းပြီး ကြက်သားလေးတွေနူးအိပြီး ညိုရဲလာရင် ကြက်သွန်ဥနဲ့တကွ ပန်းကန်ထဲဆယ်ထည့်ပြီး အပေါ်ကနေ နှမ်းလေးဖြူး ခက်ရင်းလေးနဲ့ထိုးပြီးစားပေတော့ပဲ...


ကဲ..ဆီမလို..ဆားမလို..ဘာအဆာပလာအများကြီးထည့်စရာမလို
လုပ်ရလွယ်ပြီး ချိုချိုလေးနဲ့ ကြက်သွန်ဥကအစ အရသာဆိမ့်ပြီးချိုလို့ စားလို့သိပ်ကောင်းတာနော် ကိုကာကိုလာကြက်ကြော်ကို ကိုကာကိုလာအချိုရည်နဲ့အရမ်းလိုက်မှလိုက်
ဘီယာလေးနဲ့မြည်းဦးမလား..အို..ပိုတောင်မိုက်
(တခုတော့ရှိတယ်..သူက အရည်ခန်းခါနီးလေ တူးနံ့လိုမျိုး အနံ့ထွက်လေပဲ ဒါပေမဲ့ စိတ်မပူ ပါနဲ့နော် အချိုရည်ခမ်းလို့ထွက်လာတဲ့အနံ့ပါ..ကြက်သားလုံးဝမတူးပါဘူးနော်)
နိုင်ငံခြားက videoလေးတွေလုပ်ပြထားတာလေးတွေကြည့်ရင်း ပြန်လည်မျှဝေပေးတာပါ...


credit

No comments