New Artical

ပြင်ဦးလွင်မြို့တွင် ကိုဗစ်ပိုးတွေ့သူ ယာဉ်မောင်းတစ်ဦး ထွက်ပြေးနေ၊ ယခုအချိန်ထိ ရှာမတွေ့သေး

 

ပြင်ဦးလွင်မြို့တွင် ကိုဗစ်ပိုးတွေ့သူ ယာဉ်မောင်းတစ်ဦး ထွက်ပြေးနေ၊ ယခုအချိန်ထိ ရှာမတွေ့သေး

ပြင်ဦးလွင်မြို့ မီးပုံးပျံကွင်း၌ ကုန်တင်ယာဉ်မောင်းများအား ကိုဗစ်ရောဂါပိုးရှိမရှိ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးချိန် ပိုးတွေ့ (P) အဖြေထွက်သည့် ယာဉ်မောင်း အမျိုးသားတစ်ဦး ထွက်ပြေးတိမ်းရှောင် နေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်လံရှာဖွေလျှက် ရှိကြောင်း ပြင်ဦးလွင်

ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းဝင်းက ပြောပါတယ်။ ပြင်ဦးလွင်မြို့ မီးပုံးပျံကွင်း၌ ရန်ကုန်-မန္တလေး-မူဆယ် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ် ရောဂါပိုး ရှိ၊မရှိ စစ်ဆေးပေးလျက်ရှိရာ ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင် စစ်ဆေးခဲ့သည့်

ဓာတ်ခွဲနမူနာများအနက် ပိုးတွေ့ (P) အဖြေထွက်သည့် အတည်ပြုလူနာ ငါးဦးရှိကြောင်း၊ ၎င်းတို့အနက် မန္တလေးမြို့နေ အသက်(၂၂)အရွယ် ယာဉ်မောင်း အမျိုးသားတစ်ဦးသည် ဓာတ်ခွဲအဖြေ သိရှိပြီးနောက် သီးသန့်နေရာတွင် မနေဘဲ ထွက်ပြေးတိမ်းရှောင်သွားတာလို့ သိရပါတယ်။

“ဒီနေ့စစ်တာ P ငါးယောက်တွေ့တာပေါ့။ အဲဒီအထဲမှာ တစ်ယောက်က တိမ်းရှောင်နေတာပေါ့။ P ဖြစ်ပြီး သိတဲ့ခါကျတော့ ထွက်ပြေးသွားတာပေါ့။ အခုတော့ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းကတော့ လိုက်ရှာနေတယ်” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ

သန်းဝင်းက ပြောပါတယ်။ ယနေ့ နေ့လည် (၁၂)နာရီကျော် အချိန်တွင် စစ်ဆေးပြီးစီးကာ ပိုးတွေ့ အဖြေထွက်သဖြင့် သီးသန့်နေရာ၌ နေထိုင်ရန် ခေါ်ယူစဉ် ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်ပြီး ညနေပိုင်း အချိန်အထိ ပြန်လည် ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း၊ ထိုသို့ ထွက်ပြေး

သွားသဖြင့် ပတ်ဝန်းကျင်ပြည်သူများအတွက် အန္တရာယ်ဖြစ်စေကြောင်း ဒေါက်တာသန်းဝင်းက ဆိုပါတယ်။ ယင်းပြင်ဦးလွင် မီးပုံးပျံကွင်းအတွင်း ဓာတ်ခွဲနမူနာ ရယူစစ်ဆေးစဉ် ကိုဗစ် ပိုးတွေ့ အဖြေထွက်သူများကို မီးပုံးပျံကွင်းအတွင်းရှိ သီးသန့်နေရာ၌ ထားရှိကာ

လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ဆေးရုံကြီးသို့ ဆက်သွယ်ပို့ဆောင်ပေးကြောင်း၊ ၎င်း အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်သူများကိုလည်း ကွာရန်တင်းစင်တာသို့ ပို့ဆောင်ပေးကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိပါတယ်။

Credit texasnutria

No comments