New Artical

ဟင်းနုနွယ်ရွက်အကြောင်း သိကောင်းစရာ

 ဟင်းနုနွယ်ရွက်အကြောင်း သိကောင်းစရာ



ဟင်းနုနွယ်ရွက်ကို အင်္ဂလိပ်လို Spinach လို့ခေါ်ပါတယ်။ ဟင်းနုနွယ်ရွက်ဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းရွက်တစ်မျိုးပါ။ ရာသီမရွေး ဈေးထဲမှာ အလွယ်တကူ ဝယ်လို့ရပြီး ဈေးနှုန်းကလည်းမများပါ။ ဟင်းနုနွယ်ရဲ့အရသာသည် ချိုသည်။ စိမ့်သည်။


ဟင်းနုနွယ်တွင် ပရိုတင်း ခေါ် အသားဓာတ် ၁၁ ရာခိုင်နှုန်း၊ သံဓာတ်၊ ထုံးဓာတ်၊ အမျှင်ဓာတ်၊ ကယ်ရိုးတင်းဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ အောက်ဇားလစ်အက်စစ်ဓါတ် (Oxalic acid)၊ ဖော့စဖောရပ်ခေါ်မီးစုန်းဓါတ်၊ ဗီတာမင် အေ၊ ဘီ၊ စီ၊ အီး၊ ကေဓါတ်များနှင့် အင်ဇိုင်းများကြွယ်ဝစွာပါဝင်ပါတယ်။


ကျွန်တော်တို့နိုင်ငံမှာတော့ ဟင်းနုနွယ်ကို ကြက်သွန်ဖြူတို့ ဂျင်းတို့နဲ့ ကြော်စားသလို ကြက်ဥနဲ့လည်း ကြော်စားကြသည်။ ဟင်းနုနွယ်ကို ဟင်းချိုချက်စားရုံမက ပုစွန်ခြောက်နဲ့လည်း သုပ်စားတတ်ကြသေးသည်။ ဟင်းနုနွယ်ရဲ့ ကောင်းကျိုးတွေကတော့ သူ့ထဲမှာပါဝင်တဲ့ သံဓာတ်ဟာ ဂျုံထဲမှာပါဝင်တဲ့ သံဓာတ် ထက် ၅ ဆ ပါဝင်တဲ့အတွက် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။ နောက် ထိုသံဓာတ်ရဲ့ လုပ်ဆောင်ချက်ကြောင့် မှတ်ဉာဏ်အားကို မြင့်မားစေပါတယ်။


အနောက်တိုင်း ဆေးပညာရှင်များရဲ့ အဆိုအရ ဟင်းနုနွယ်မှာ ကယ်ရိုးတင်းဓာတ် ပါဝင်တဲ့အတွက် နေရောင်စူးစူးကြောင့်ဖြစ်သော မျက်စိအမြင်အာရုံလွှာ ပျက်စီးမှုကို ကာကွယ်ပေးသည်။ ကယ်လ်ဆီယမ်ဓါတ်လည်း ကြွယ်ဝသောကြောင့် နွားနို့မသောက်ဘဲ ထုံးဓာတ်ရကာ အရိုးအဆစ်တွေကိုလည်း သန်မာကြံခိုင်စေပါတယ်။ ဗီတာမင်အီးနဲ့ စီတို့လည်း ပါဝင်သောကြောင့် အရွယ်တင်နုပျိုစေပါတယ်။ နောက်အမျှင်ဓါတ်လည်း ပါဝင်သောကြောင့် ဝမ်းချူပ်ခြင်းကို ကင်းဝေးစေပြီး ဝမ်းမှန်စေပါတယ်။ သွေးတွင်းမကောင်းတဲ့ အဆီဓာတ် (ကိုလက်စထရော) ကိုလည်း ကျစေပါတယ်။


နောက်ပြီး ဟင်းနုနွယ်သည် သွေးတွင်းသကြားဓါတ်ကိုလည်း တည်ငြိမ်စေတဲ့အတွက် ဆီးချိုသမားများအတွက် အထူးသင့်တော်ပါတယ်။ နောက်ဟင်းနုနွယ်ရွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပရိုတင်းဓာတ်လည်း အတိုင်းအတာ တစ်ခုထိပါဝင်တာကြောင့် သတ်သတ်လွတ်စားတဲ့သူတွေဆို မဖြစ်မနေစားသင့်ပါတယ်။ ဟင်းနုနွယ်မှာပါဝင်တဲ့ အင်ဇိုင်းတစ်မျိူးကလည်း အစာကောင်းကောင်း ကြေဖို့အတွက် ကူညီပေးပါတယ်။ ဟင်းနုနွယ်အမြဲစားပေးပါက သံဓာတ်အားကောင်းကာ မျက်နှာအရောင်အသွေး တောက်ပစေပါတယ်။


ဟင်းနုနွယ်ကိုစားသုံးမည်ဆိုပါက ချက်စားစား သုပ်စားစား ကြော်စားစား အရင်ဆုံး ရေနွေးဖျောပါ။ သို့သော် ရေနွေးအကြာကြီး ရေနွေး ဖျောခင်းကိုတော့ မလုပ်ပါနဲ့။ ရေနွေးဖျောခြင်းဟာ ဟင်းနုနွယ်ထဲမှာပါတဲ့ အောက်ဇားလစ်အက်စစ်ဓါတ်များကို ဖယ်ရှားခြင်းဖြစ်သည်။ အောက်ဇားလစ်အက်စစ်ဓါတ်ကို မဖယ်ဘဲစားပါက ကြာလာလျှင် ခန္ဓာကိုယ်ထဲတွင် အနည်ကျပြီး ကျောက်တည်တတ်ပါတယ်။


အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ဟင်းနုနွယ်နဲ့ သစ်ကြားသီး နှစ်မျိူးရောမစားဖို့ပါပဲ။ မတည့်လို့တော့ မဟုတ်ပါ။ သစ်ကြားသီးရော ဟင်းနုနွယ်ရော ၂ မျိူးစလုံးက အောက်ဇားလစ် အက်စစ်ဓာတ် ပါဝင်မှုများလို့ပါ။ ထို့ကြောင့် သစ်ကြားသီးနဲ့ ဟင်းနုနွယ်ကို တစ်ချိန်တည်းပမာဏများစွာ တွဲစားမိပါက အချိန်တိုအတွင်းမှာ ကျောက်တည်တာကို ဖြစ်စေနိုင်ပါတယ်။


#Crd - #OnDoctor

No comments