New Artical

မန်ကျည်းပင်၏ ဆေးဖက်၀င်ပုံမျာ

 မန်ကျည်းပင်၏ ဆေးဖက်၀င်ပုံများ




မန်ကျည်ပင်၏ ပဉ္ဓငါးပါး၊ အခေါက်၊ အရွက်၊ 

အသီး၊ အပွင့်၊ အမြစ်၊ အစေ့တို့အားလုံးသည် ဆေးဖက်၀င်သည်။


( အခေါက်၏ ဆေးဖက်အသုံး၀င်ပုံများ )


(၁) ၀မ်းဗိုက်ထိုးအောင့်နာကျင်ခြင်း၊ အစာမကြေခြင်း၊

လေချဉ်တက်ခြင်း၊ အန်ခြင်း၊ ခံတွင်းပျက်ခြင်းဖြစ်လျှင် အခေါက်ကိုပြာချ၊ ပျားရည်၊ ရေအေးတို့နင့် ရောစပ်၍ အနည်းငယ်စီ လျက်ပေးပါက သက်သာပျောက်ကင်းစေသည်။


(၂) မိတ်ဖု  အနာဖုများထွက်ခြင်း၊ မျက်စိနာခြင်း၊ အဆိပ်ရှိသော သတ္တဝါများကိုက်ခြင်းတို့ဖြစ်လျှင် အခေါက်က်ိုရေနှင့်သွေး၍ လိမ်းပေးပါက သက်သာပျောက်ကင်းစေသည်။


(၃) ဆီးလွန်ခြင်းဖြစ်လျှင် အခေါက်ပြာကို အုန်းစိမ်းရည်နှင့် သောက်ပါက သက်သာစေပါသည်။


(၄) သွေးပူ၊ သွေးယားခြင်းဖြစ်လျှင် အခေါက်ကို

သွေး၍ လိမ်းပေးပါ။


(၅) ရေယုန် နှင့် မျက်စိနာခြင်းဖြစ်လျှင် မန်ကျည်းပင်နီခေါက်ကို ဆားအနည်းငယ်ထည့်၍သွေး၊ ညအိပ်ခါနီး မျက်ခွံပေါ်လိမ်းပေးပါ။


(အရွက်၏ ဆေးဖက်အသုံး၀င်များ )


(၁) နားကိုက်ခြင်း၊ နားနာခြင်းဖြစ်လျှင် အရွက်ရည်ကို နှမ်းဆီနှင့် ရောချက်၍ နားတွင်အနည်း ခပ်ပေးပါက သက်သာပျောက်ကင်းစေသည်။


(၂) ဆီးပူခြင်းဖြစ်လျှင် အရွက် ကြိတ်ညှစ်ရည်ကို 

နံနက်၊ ည ကြွေဇွန်းကြီး တစ်ဇွန်းခန့်စီ သောက်ပေးပါ။


(၃) မြွေဆိပ်ပြေစေရန် အရွက်ညှစ်ရည်တစ်ဆ၊ သိန္ဓောဆားနှစ်ဆ ရောစပ် - သောက်ပါက မြွေဆိပ်ပြေစေသည်။


(၄) သွေး၀မ်းသက်ခြင်းအတွက် အရွက်ခြောက်မှုန့်

(၁၀) သား၊ ထန်းလျက်(၅) ကျပ်သား၊ သိန္ဓောဆား

(၁) ကျပ်သား၊ ဇ၀က်သာ (၁) ကျပ်သား ရောစပ်၍၄င်း၊ မန်ကျည်းပွင့်နှင့် ထန်းလျှက် ရောစားပေးပါက သွေး၀မ်းသက်ခြင်း - ပျောက်ကင်းစေသည်။


( မန်ကျည်းသီး၏ ဆေးဖက်အသုံး၀င်ပုံများ)


(၁) ကာလ၀မ်းသွားရောဂါဖြစ်လျှင် မန်ကျည်းသီးအဟောင်း၏အနှစ်၊ ဒိန်ချဉ်ရည်စိမ်ထားသော ကြက်သွန်ဖြူ၊ 

တို့ကိုအညီအမျှကြိတ်၊ရွေးလုံးခန့်လုံး၊ အရိပ်တွင် အခြောက်လှန်း၊ (၁၅) မိနစ်တစ်ကြိမ် ၊ကြက်သွန်ဖြူ

လက်ဖက်ရည်ဇွန်း(၁) ဇွန်းနှင့် ဖျော်သောက်ပါက ပျောက်ကင်းစေသည်။


(၂) အမှည့်ကို ထန်းလျှက်၊ ဆားတို့နှင့် ဖျော်ရည်စိမ်

သောက်ပါက ကိုယ်တွင်းအေး၍ အားကိုဖြစ်စေဧ။် ။


(၃) အပူလွန်ခြင်း၊ နှလုံးသည်းခြေပူလောင်ခြင်း၊ စိတ်ပျံ့လွင့်ခြင်း၊ သတိမေ့လျော့ခြင်းဖြစ်လျှင် 

အနှစ် နှင့် သကြားခဲ ဆတူရော၍၄င်း၊ မန်ကျည်းမှည့်နှင့် ထန်းလျှက်တို့တွင် ဆားအနည်းငယ်ထည့်၍ 

မကြာခဏ စားပေးပါ။


(၄) ဆီမီးတောက်ဥ စားမိပြီး အဆိပ်

ဖြစ်ပါလျှင် မန်ကျည်းသီးစားပေးပါက အဆိပ်ပြေစေပါသည်။


(၅) သကြား(၁၀) သား၊ (မန်ကျည်း၊ ထောပတ်၊ ဆား၊

ပျားရည်) (၅) ကျပ်သားစီ တေ၍ စားပေးပါက 

ဆံပင်ဖြူ နက်စေသည်။


(၆) အညောင်း၊ အကိုက်၊ ဒူလာ၊ မီးယပ်ဖြစ်လျှင် မန်ကျည်းမှည့်(၂၅) ကျပ်သား၊ ထန်းလျက်(၂၅) ကျပ်သား၊ စမုန်မျိုးငါးပါး (၄) ပဲသားစီ၊ ပွေးကိုင်း (၅) ကျပ်သားတို့ကို အမှုန့်လုပ်၊ ရောနယ်ပါ။ 

မီးမျှင်းမျှင်းနှင့် မတူးမချစ်ရအောင် ချက်ပါ။

ထိုတေဆေးကို နံနက်၊ ည ကြွေဇွန်းကြီး(၁) ဇွန်းစီ စားပေးပါက လေသက်စေပြီး ထိုရောဂါများ သက်သာပျောက်ကင်းစေပါသည်။


( အစေ့၏ ဆေးဖက်၀င်ပုံများ)

*****************************


(၁) အစေ့ဆံကျို သွေး၍ လိမ်းပေးပါက ကင်းကိုက်ခြင်းအဆိပ်ကို

ပျောက်ကင်းစေသည်။


(၂) အေစ့ဆံကို သွေးသောက်ပါက ၀မ်းကိုက် ဝမ်းနာ

ပျောက်ကင်းစေသည်။


(၃) အစေ့ရင့်ရင့်အခွံ၊ ဇီယာ၊ သကြားခဲ တို့ကို အမှုန့်

ပြုလုပ်၊ အနည်းငယ်မျှ သောက်ပေးပါက အရိအရွဲ၊ သွေးစ၊ သလိပ်ပါ၍ နာကျင်စွာသွားသော 

၀မ်းရောဂါများ ပျောက်ကင်းစေသည်။


မှတ်စု #Credit to

ကုမုဒ္ဒြာ

No comments