New Artical

ကလေးနှင့် သဘာဝ ဗီတာမင်များ

 

ကလေးနှင့် သဘာဝ ဗီတာမင်များ ဝါ စိမ်း နီ တစ်မျိုးမျိုးကို နေ့စဉ်ကျွေးပါ


ဝါစိမ်းနီ အပိုင်း (၁)

ထမင်း၊ အသားငါးအပြင် အောက်ဖော်ပြပါ ဝါစိမ်းနီရောင် အစာ ဥပမာများမှ အဆင်ပြေရာ ကြိုက်နှစ်သက်ရာ အနည်းဆုံး ၂ မျိုးကို ကလေးအား တစ်နေ့ ၃ ကြိမ်ကျွေးနိုင်လျှင် အကျိုးကျေးဇူးများစွာရှိပါသည်။

(၁) ဝါ

-ပြောင်းဖူး၊ ကန်စွန်းဥ၊ အာလူး၊ မြေပဲ
-ရွှေဖရုံသီး၊ ကုလားပဲ၊ ပဲပင်ပေါက်
-သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ရှောက်ချိုသီး၊ သံပရာသီး

(၂) စိမ်း

-ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ဆလတ်ရွက်၊ မုန့်ညှင်းစိမ်း၊ပဲသီး၊ ဘိုစားပဲ၊ ပဲတောင့်ရှည်၊ ကညွှတ်
-မာလကာသီး၊ ထောပတ်သီး၊ ပန်းသီးစိမ်း

(၃) နီ

-မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ပဲနီလေး
-စတော်ဘယ်ရီ၊ ပန်းသီးနီ


ဝါစိမ်းနီ အပိုင်း (၂)

ဝါစိမ်းနီ (၃) အုပ်စုက ကလေးအတွက် မရှိမဖြစ်လိုအပ်သော ဗိုက်တာမင် အားလုံးကို ဖြည့်စွမ်းပေးနိုင်ပါသည်။

ဗိုက်တာမင် အေ တာဝန်

-အမြင်အာရုံ
-အရိုးနှင့်သွား ကျန်းမာရေး
-အရေပြားနှင့် ဆံပင်ကျန်းမာရေး
-အအေးမိ တုပ်ကွေး ကာကွယ်ရေး
-ကင်ဆာ ကာကွယ်ရေး

ဗိုက်တာမင် ဘီ 1 တာဝန်

-ဦးနှောက်ဖွံဖြိုးစေခြင်း
-မှတ်သားဉာဏ်ကောင်းစေခြင်း
-သင်ယူလေ့လာနိုင်စွမ်းရှိစေခြင်း
-နှလုံးကြွက်သားများ ကျန်းမာရေး
-ထမင်းကို အာဟာရအဖြစ် ပြောင်းပေးဖို့ မရှိမဖြစ်လိုသည်။

အခြား ဗိုက်တာမင် ဘီ များ၏ တာဝန်

-အရေပြားကျန်းမာရေး
-ဦးနှောက်နှင့် အာရုံကြောများဖွံဖြိုးမှု
-သွေးအားကောင်းစေခြင်း

ဗိုက်တာမင် စီ တာဝန်

-အအေးမိ တုပ်ကွေး ကာကွယ်ရေး
-သွားဖုံးသွေးမယိုအောင် ကာကွယ်ခြင်း
-အရေပြား ကျန်းမာရေး
-အစာခြေလမ်းကြောင်းတွင် သံဓာတ်စုပ်ယူအား ကောင်းစေခြင်း

ဗိုက်တာမင် ဒီ တာဝန်

-အရိုးနှင့်သွား ကျန်းမာရေး

ဗိုက်တာမင် အီး တာဝန်

-ရောဂါပိုးမွှားများကို ခုခံနိုင်ခြင်း

ဗိုက်တာမင် ကေ တာဝန်

-သွေးထွက်သံယို မဖြစ်စေခြင်း

ဖောလစ်

-သွေးအားကောင်းစေခြင်း
-ဦးနှောက် အာရုံကြောဖွံဖြိုးစေခြင်း


"အားဆေး" ဟု ခေါ်ကြသောဆေးလုံးများတွင် ပါသည့် ဗိုက်တာမင်ထက် ဝါစိမ်းနီတွင်ပါဝင်သည့် ဗိုက်တာမင်များက အရည်အသွေးပိုကောင်းပါသည်။ ပို လတ်ဆတ်ပါသည်။ အမျှင်ဓာတ်ပါ၍ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။  

နေနေမိုးဆွေ (Child Health Myanmar )

No comments