New Artical

မြန်မာစာဆိုတာ


 မြန်မာစာဆိုတာ

စာပေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ် ဖြစ်ပါတယ်။ 

ပုဂံခေတ် (၁၁) ရာစု လောက်ကနေ စတင်ခဲ့တဲ့ မြန်မာစာပေဟာ ခေတ်ကာလ အဆက်ဆက်အလိုက် စာပေပုံသဏ္ဍာန် အဖွဲ့အနွဲ့ ပြည့်စုံကြွယ်ဝ လာခဲ့ပြီး စာပေအဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်မားလာခဲ့ပါတယ်။ 

မြန်မာစာ မြန်မာစကားဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ မိခင်စာပေ ဘာသာစကား ဖြစ်တဲ့အလျောက် ကျောင်းသင်ခန်းစာတွေမှာ မြန်မာစာ ဘာသာရပ်ကို အခြေခံအုတ်မြစ်ဖြစ်တဲ့ မြန််မာ့ဗျည်း (၃၃) လုံးကနေ အစပြုလို့ မြန်မာသဒ္ဒါ၊ မြန်မာကဗျာ၊ စကားပြေ၊ မဟော်သဓာဇာတ်တော်ကြီး၊ ရေသည်ပြဇာတ်၊ စာစီစာကုံး ဆိုပြီး အထက်တန်း အထိ သင်ယူလေ့လာခဲ့ ကြရတာ ဖြစ်ပါတယ်။ 

မြန်မာစာနဲ့ မြန်မာစကားမှာ လူမှုပတ်ဝန်းကျင်အတွင်း သုံးနှုန်းပြောဆိုဖို့အတွက် မြန်မာစကားကို ပိုအရေးကြီးတယ်လို့ တစ်ချို့က ထင်မြင်ယူဆတတ်ကြပေမယ့်လည်း တကယ်တမ်းမှာတော့ မြန်မာစကားကို အသံထွက် မှန်မှန်၊ အဖြတ်အတောက် မှန်မှန် ပြောဆိုနိုင်ဖို့ ဆိုတာက မြန်မာစာပေအပေါ် အဓိက မူတည်ပါတယ်။

 ဒါကြောင့်မို့ အခြေခံကနေ စတင်သင်ယူရတဲ့ ကျွန်တော်တို့ ကျောင်းပညာရေးမှာ မြန်မာစာကို မပေါ့ဆဘဲ စနစ်တကျ အသေးစိတ် သင်ယူဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

No comments