New Artical

မြန်မာပြည်မြေပုံရေးဆွဲသူ


 မြန်မာပြည်မြေပုံရေးဆွဲသူ ဒေါက်တာဒေါ်သင်းကြည်(တောင်ငူသူ)


မြန်မာနိုင်ငံမြေပုံ ရေးဆွဲရာတွင် ပါဝင်ခဲ့တဲ့ ပထဝီဝင် ပါမောက္ခဒေါက်တာ ဒေါ်သင်းကြည် (မြန်မာအမျိုးသမီးများထဲမှ နိုင်ငံရပ်ခြား ပါရဂူဘွဲ့ကို ပထမဦးဆုံး ဆွတ်ခူးခဲ့သူ)

၁။ ပါမောက္ခ ဒေါက်တာ ဒေါ်သင်းကြည်ကို မြန်မာအမျိုးသမီးများထဲမှာ ပထမဆုံး နိုင်ငံခြားက ပါရဂူဘွဲ့ ယူလာသူအဖြစ် သိသူများပါတယ်။ ၁၉၅၀ ခုနှစ် အမေရိကန်နိုင်ငံ ကလပ်တက္ကသိုလ်မှာ ပထဝီဘာသာနဲ့ ဖြစ်ပါတယ်။  စစ်မဖြစ်ခင် ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်အမျိုးသမီးတွေ လန်ဒန်မှာ ပါရဂူဘွဲ့ သွားယူကြတာတွေ ရှိပေမယ့်  မြန်မာအမျိုးသမီးတွေထဲကတော့ ဒေါ်သင်းကြည်က ပထမဆုံးပါ။

၂။ နောက် ဒေါက်တာ ဒေါ်သင်းကြည်ဟာ ဒီကနေ့ ကမ္ဘာကလက်ခံ သုံးစွဲနေတဲ့ မြန်မာပြည် ​မြေပုံကို နယ်သာလန်နိုင်ငံ အမ်စတာဒမ်က ဂျမ်ဘာတန် ပထဝီ မြေပုံဆွဲဌာနနဲ့ အတူကြီးကြပ် ရေးဆွဲ တည်းဖြတ်ခဲ့ သူပါ။ 

၃။ ဆရာမကြီး ဒေါက်တာ ဒေါ်သင်းကြည်ကို ၁၉၁ရခုနှစ်၊  ဇွန်လ ၁ ရက်၊ သောကြာနေ့တွင် တောင်ငူမြို့၌ အဖဦးကြို့၊  အမိဒေါ်မြတို့မှ မွေးဖွားခဲ့ပြီး  မွေးချင်း သုံးဦးရှိပါတယ်။

၄။ ဒေါက်တာ ဒေါ်သင်းကြည်ဟာ ရေတာရှည်မြို့၊ ဗမာ တိုင်းရင်းသား ဘာသာကျောင်းတွင် စတင် ပညာသင် ယူခဲ့ပြီး ဖခင်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသော မကွေးမြို့၊   တိုင်းရင်းမြန်မာ မြူနီစီပယ် ကျောင်းတွင် ရှစ်တန်းအထိ ပညာသင်ယူ ခဲ့ပါတယ်။  ၁၉၃၃ ခုနှစ်တွင် ရန်ကုန်ဆရာဖြစ်သင် ကောလိပ်ကျောင်း (Teacher   Training College -TTC)တွင် နဝမတန်းမှ တက္ကသိုလ်ဝင် တန်းအောင်တဲ့အထိ ကျောင်းအိပ် ကျောင်းစားဖြင့် နေထိုင် ပညာ ဆည်းပူးခဲ့ပြီး ၁၉၃၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း (ဟိုက်စကူးဖိုင်နယ်)  (High School Final - HSF))ကို ဘာသာစုံဂုဏ်ထူးဖြင့်   အောင်မြင်ခဲ့ကာ မြန်မာတစ်နိုင်ငံလုံး  ကျောင်းသူများထဲတွင် ပထမ ရရှိခဲ့သူပါ။ 

၁၉၃၄-၁၉၃၅  ပညာသင်နှစ်၊  ရန်ကုန် တက္ကသိုလ်သို့ စတင် တက်ရောက်ရာ  (S)တန်း (Special Class)တွင် သင်ယူခဲ့ရပါသည်။ ၁၉၃၈ခုနှစ်တွင်  ဝိဇ္ဇာဂုဏ်ထူးတန်း (B.A. (Hons.)) ကို  အောင်မြင်ခဲ့ပြီး  ရန်ကုန် တက္ကသိုလ်၊ ပထဝီဝင်ဌာနတွင် အချိန်ပြည့် နည်းပြဆရာမ အဖြစ် နိုင်ငံတာဝန်ကို စတင် ထမ်းရွက်ခဲ့ပါတယ်။ ၁၉၃၉-၁၉၄၀ ပြည့်နှစ် များတွင် ဆရာဖြစ်သင် ကောလိပ်(TTC)မှ  B.Ed. (ပညာရေးဘွဲ့)  သင်တန်းကို  တက် ရောက် အောင်မြင်ခဲ့ပါတယ်။   ဂျပန်ခေတ်အတွင်း ၁၉၄၂ ခုနှစ်ဝန်းကျင် အရှေ့အာရှလူငယ် အစည်းအရုံးက ဖွင့်လှစ် သော လက်ရွေးစင်ကျောင်းတွင်  သင်ရိုးညွှန်း တမ်းဆိုင်ရာနှင့်သင်ကြားမှု ဆိုင်ရာများကို ဆောင်ရွက်ခဲ့ပါသည်။ 

၁၉၄၃ ခုနှစ်တွင် ဆရာကြီးဦးဖေမောင် တင် ကျောင်းအုပ်ကြီး အဖြစ်တာဝန်ယူသော ရန်ကုန်တက္ကသိုလ်၌ ပထဝီဝင်ဌာန၊ လက်ထောက် ကထိကအဖြစ် လည်းကောင်း၊  ၁၉၄၅  ခုနှစ်၊  အရေးပေါ်ကာလ၊  ရန်ကုန် တက္ကသိုလ်၊ ပထဝီဝင်ဌာနကို လက်ထောက် ကထိကအဆင့်ဖြင့်  ဦးဆောင်ခဲ့ပါတယ်။ ၁၉၄၇  ခုနှစ်၊  ဇန်နဝါရီလတွင်  အမေရိကန် ပြည်ထောင်စုနိုင်ငံ(USA)၊ မက်ဆာချူး ဆက် ပြည်နယ်၊ ကလပ်တက္ကသိုလ်(Clark University)တွင် မဟာဝိဇ္ဇာဘွဲ့ရယူရန် ထွက် ခွာခဲ့ပြီး ပထမနှစ်ဝက် ရမှတ်များ ထူးချွန် ကောင်းမွန်တဲ့ အတွက် ပါရဂူဘွဲ့ သင်တန်း တက်ရန် ကလပ်တက္ကသိုလ်က   ခွင့်ပြုခဲ့ပါတယ်။ 

၁၉၅၀ ပြည့်နှစ်တွင် ပါရဂူဘွဲ့ရှိခဲ့ပြီး စက်တင်ဘာလတွင်  မြန်မာပြည်ကို သင်္ဘောနဲ့ ပြန်လာခဲ့ပါတယ်။ နိုင်ငံ ရပ်ခြား ပါရဂူဘွဲ့ကို မြန်မာအမျိုးသမီးများ ထဲမှ ပထမဆုံး ဆွတ်ခူးသူ ဖြစ်လာခဲ့ပါတယ်။   ၁၉၅၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၉ ရက် တွင်  ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင် ဌာန၌ ကထိက / ဌာနမှူးအဖြစ်စတင်တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ ၁၉၅၁ခုနှစ်၊ ဇွန် ၁၉ ရက် မှစတင်၍  ရန်ကုန်တက္ကသိုလ်၊   ပထဝီဝင် ဌာန၌  ပါမောက္ခအဖြစ်  စတင်တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ ၁၉၅၂  ခုနှစ်နောက်ပိုင်း  မြန်မာနိုင်ငံ သုတေသနအသင်း  (Burma  Research Society-BRS) တွင် ထဲထဲဝင်ဝင် ပါဝင် လှုပ် ရှားခဲ့သလို    ကိုယ်ပိုင် သုတေသနလုပ်ငန်း များကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင်  နိုင်ငံသမိုင်း ​ကော်​မရှင်​(HistoricalCommission)မှာလည်း တက်တက်ကြွ ကြွ ပါဝင် ဆောင်ရွက် ခဲ့ပါတယ်။  ရန်ကုန်တက္ကသိုလ်  အနုပညာအသင်း၊ ရန်ကုန်တက္ကသိုလ်  ခြေလျင်နှင့်တောင် တက် အသင်းတို့ကို စတင်တည်ထောင်ခဲ့ရာမှာလည်း  တစ်ဦး အပါအဝင် ဖြစ်ခဲ့ပါတယ်။  

၁၉၇၃-၁၉၇၄ ပညာသင်နှစ် ရန်ကုန် ပညာရေးတက္ကသိုလ်က တက္ကသိုလ် စာပေး စာယူသင်တန်းများ (ပညာရေးဘွဲ့)စတင်ဖွင့် လှစ်ခဲ့ရာတွင်လည်းကောင်း၊ ၁၉၇၅-၁၉၇၆ ခုနှစ်နောက်ပိုင်း ဝိဇ္ဇာ/ သိပ္ပံ၊ ဘောဂဗေဒနှင့် ဥပဒေ ပညာရပ်များပါ ထည့်သွင်း ပို့ချခဲ့ရာတွင် ဝိဇ္ဇာဌာနမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ ပါသည်။ 

၅။ ၁၉၇၇  ခုနှစ်  ဇွန်လမှာ  ရန်ကုန် တက္ကသိုလ် ပထဝီဝင်ပါမောက္ခတာဝန်မှ သက်ပြည့် အငြိမ်းစားယူခဲ့ပြီး ၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ အမှတ်(၁၀)၊  ကုန်းမြင့်ရိပ်သာလမ်း၊ ၇ မိုင် နေအိမ်၌ ကွယ်လွန်ပါတယ်။ ဆရာမကြီး ဒေါက်တာဒေါ်သင်းကြည်က  " ပထဝီသင်ကြားခြင်းရဲ့ အဓိက ရည်ရွယ်ချက်က  လူငယ်လူရွယ်တွေကို ကိုယ်တိုင် လေ့လာ စူးစမ်းတတ်တဲ့  အလေ့အထ ရရှိဖို့ ပျိုးထောင်ပေးတာ ဖြစ်တယ်" လို့  ပြောခဲ့ပါတယ်။


Source : Google , myanmaralin - ဒေါက်တာဒေါ်သင်းကြည်

No comments